< Salamana Pamācības 1 >
1 Salamana, Dāvida dēla, Israēla ķēniņa, sakāmie vārdi,
၁ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊
2 Atzīt gudrību un mācību, un saprast prātīgu valodu,
၂ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊
3 Pieņemties apdomībā, taisnībā, tiesā un skaidrībā,
၃လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
4 Ka tiem vēl nejēgām tiek samaņa, jauniem atzīšana un apdomīgs prāts.
၄ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
5 Kas gudrs, klausīs un pieaugs mācībā, un kas prātīgs, ņemsies labus padomus,
၅ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
6 Ka izprot sakāmus vārdus un mīklas, gudro valodas un viņu dziļos vārdus.
၆ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
7 Tā Kunga bijāšana ir atzīšanas iesākums; gudrību un mācību ģeķi nicina.
၇ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
8 Klausi, mans bērns, sava tēva pārmācībai un nepamet savas mātes mācību;
၈ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
9 Jo tas ir jauks krāšņums tavai galvai un zelta rota tavam kaklam.
၉ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
10 Mans bērns, kad grēcinieki tevi vilina, tad neklausi!
၁၀ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
11 Kad tie saka: „Nāc mums līdz, glūnēsim uz asinīm, glūnēsim uz nenoziedzīgo par nepatiesu!
၁၁သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
12 Kā elle norīsim viņus dzīvus, un sirds skaidrus kā tādus, kas bedrē grimst. (Sheol )
၁၂သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ (Sheol )
13 Mēs atradīsim visādas dārgas mantas, pildīsim savus namus ar laupījumu.
၁၃အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
14 Tava daļa tev būs mūsu starpā, viens pats maks būs mums visiem.“
၁၄ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
15 Mans bērns, nestaigā vienā ceļā ar tiem; sargi savu kāju no viņu pēdām;
၁၅ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
16 Jo viņu kājas skrien uz ļaunu un steidzās asinis izliet.
၁၆အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
17 Bet lai arī tīklu izplāta visiem putniem priekš acīm; tas ir par velti!
၁၇အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။
18 Tā arī viņi glūn uz savām pašu asinīm un glūn uz savu pašu dzīvību.
၁၈လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
19 Tā iet visiem, kas plēš netaisnu mantu; kam šī ir, tam tā paņem dzīvību.
၁၉မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
20 Dieva gudrība skaņi sauc uz lielceļiem, uz ielām tā paceļ savu balsi;
၂၀ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
21 Tā izsaucās, kur ļaužu vislielais troksnis; kur ieiet pilsētas vārtos, tā runā savu valodu:
၂၁လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
22 Cik ilgi, nejēgas, jūs mīlēsiet nejēdzību, un smējējiem gribēsies apsmiet, un ģeķi ienīdēs atzīšanu?
၂၂အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
23 Griežaties pie manas mācības! Redzi, es jums došu savu garu un jums darīšu zināmus savus vārdus.
၂၃ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
24 Tādēļ nu, ka es aicināju, un jūs liedzaties, ka savu roku izstiepju, un nav, kas uzklausa,
၂၄ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
25 Un jūs visu manu padomu atmetiet un manas pārmācības negribiet;
၂၅ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
26 Tādēļ arī es smiešos par jūsu postu, es smiešos, kad jums izbailes uzies,
၂၆သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
27 Kad pār jums izbailes nāks kā auka, un posts jums uzbruks kā vētra, kad briesmas un bailes jums uzies.
၂၇သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
28 Tad tie mani sauks, bet es neatbildēšu, tie mani meklēs agri, bet mani neatradīs,
၂၈ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
29 Tādēļ ka tie atzīšanu ienīdējuši un Tā Kunga bijāšanu nav pieņēmuši.
၂၉အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
30 Tiem negribējās mana padoma, tie ir nicinājuši visu manu pārmācīšanu;
၃၀ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
31 Tādēļ tie ēdīs no sava ceļa augļiem, un būs paēduši no saviem padomiem.
၃၁ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
32 Jo nesaprašu nomaldīšanās tos nokauj, un ģeķu pārdrošība tos nomaitā.
၃၂ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
33 Bet kas mani klausa, tas dzīvos droši, un savā mierā tas ļauna nebīsies.
၃၃ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။