< Salamana Pamācības 6 >
1 Mans bērns, ja tu priekš sava tuvākā galvojis un roku devis priekš cita,
၁ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
2 Tad tu esi sasaistīts ar savas mutes valodu un savaldzināts ar savas mutes vārdiem.
၂ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
3 Tad dari jel tā mans bērns, un izglābies, ja tu savam tuvākam rokā esi nācis; ej, meties zemē priekš viņa un spied savu tuvāko;
၃ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
4 Nedod savām acīm miega, nedod savām acīm dusas;
၄အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
5 Izglābies kā stirna no viņa rokas un kā putns no mednieka rokas!
၅မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
6 Ej pie skudras, sliņķi, skaties viņas ceļus un topi gudrs!
၆အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
7 Lai tai nav valdnieka, ne virsnieka, ne kunga,
၇ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
8 Tā tomēr savu maizi sagādā vasarā, savu barību sakrāj pļaujamā laikā.
၈နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
9 Cik ilgi tu gulēsi, sliņķi? Kad tu celsies no sava miega?
၉အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
10 Guli maķenīt, snaudi maķenīt, saliec maķenīt rokas miegā;
၁၀ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
11 Tad tava nabadzība tev pienāks nākdama, un tavs trūkums, kā apbruņots vīrs.
၁၁ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
12 Nelieša cilvēks ir tāds negants vīrs, kas staigā ar netiklu muti,
၁၂ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
13 Met ar acīm, piegrūž ar kājām, zīmē ar pirkstiem.
၁၃မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
14 Netiklība ir viņa sirdī, viņš domā vienmēr uz ļaunu, saceļ ķildas.
၁၄ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
15 Tādēļ viņam nelaime nāks piepeši, viņš ātri taps satriekts un dziedināšanas nebūs.
၁၅ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16 Šās sešas lietas Tas Kungs ienīst, un tā septītā viņam ir negantība:
၁၆ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
17 Lepnas acis, melu mēle un rokas, kas nenoziedzīgas asinis izlej,
၁၇ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
18 Sirds, kas negantus nodomus perē; kājas, kas mudīgas uz ļaunu skriet;
၁၈မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
19 Viltīgs liecinieks, kas droši melus runā, un kas ķildu ceļ starp brāļiem. -
၁၉မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
20 Mans bērns, glabā sava tēva pamācīšanu un nepamet savas mātes mācību.
၂၀ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
21 Sasien to allažiņ uz savas sirds un sien to ap savu kaklu.
၂၁နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
22 Kad tu staigā, tad tā tevi pavadīs; kad tu apgulies, tad tā tevi apsargās, un kad tu uzmodies, tad tā ar tevi runās;
၂၂သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
23 Jo pamācīšana ir spīdeklis, un mācība gaišums, un kad pārmāca un rāj, tas ir dzīvības ceļš;
၂၃အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
24 Ka tās tev izsargā no negodīgas sievas, no svešas sievietes mīkstās mēles.
၂၄ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
25 Nekāro savā sirdī pēc viņas skaistuma, un lai viņa tevi nesagūsta ar savām acīm;
၂၅ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
26 Jo caur mauku tiek līdz maizes drupekļiem, un vīra sieva tev notvers pat dārgo dzīvību.
၂၆အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
27 Vai arī uguni var klēpī ņemt, un drēbes nesadegtu?
၂၇လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
28 Vai uz kvēlošām oglēm var iet un nesadedzinātu kājas?
၂၈ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
29 Tāpat, kas ieiet pie otra sievas; nesodīts nepaliks, kas to aizskar.
၂၉သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
30 Zaglim nepiedod vis, ka zog izsalcis, vēderu pildīt.
၃၀မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
31 Bet pieķerts tas septiņkārt atlīdzinās, visu sava nama padomu tas atdos.
၃၁တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
32 Kas ar sievu laulību pārkāpj, tam prāta nav; to tik dara, kas sev dzīvību grib nogalināt.
၃၂သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
33 Tam būs kāviens un kauns un negods bez gala;
၃၃နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
34 Jo viņas vīra dusmas iekarsušās netaupīs atriebšanas laikā.
၃၄အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
35 Tas nebēdās ne par kādu līdzību(izpirkumu), un nebūs miera, cik dāvanu arī nedotu.
၃၅လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။