< Nechemijas 4 >
1 Kad nu Sanbalats dzirdēja, ka mēs to mūri uzceļam, tad viņš apskaitās un palika varen dusmīgs un apsmēja Jūdus.
၁ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
2 Un tas sacīja savu brāļu un Samarijas karaspēka priekšā: ko tie nespēcīgie Jūdi dara? Vai tiem būs dot tādu vaļu? Vai tie upurēs? Vai viņi vienā dienā to pabeigs? Vai viņi tos sadedzinātos akmeņus no pelnu čupām darīs dzīvus?
၂အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
3 Un Tobija, tas Amonietis, stāvēja viņam blakām un sacīja: lai tik taisa! Kad tur lapsa uzlēks, tad tā viņu akmeņu mūri nogāzīs!
၃သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
4 Klausi, ak mūsu Dievs, kā mēs esam nievāti, un atgriez viņu nievāšanu uz viņu galvu un nodod tos par apsmieklu cietuma zemē,
၄အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
5 Un neapklāj viņu noziegumu, un viņu grēki lai netop izdzēsti Tavā priekšā, jo tie (Tevi) kaitinājuši to strādnieku priekšā.
၅သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
6 Bet mēs cēlām to mūri un tas mūris tapa uzcelts līdz pusei, tad tie ļaudis jo priecīgi sāka strādāt.
၆သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
7 Kad nu Sanbalats un Tobija un tie Arābi un Amonieši un Ašdodieši dzirdēja, ka Jeruzālemes mūri gana augsti bija celti, ka tās starpas jau taisījās cieti, tad tie ļoti apskaitās.
၇ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
8 Un tie sametās visi uz vienu roku, nākt un karot pret Jeruzālemi un viņu postīt.
၈ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
9 Bet mēs pielūdzām savu Dievu un likām vakti viņu dēļ dienām naktīm viņiem pretī.
၉သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
10 Tad Jūda sacīja: nesēju spēks ir noguris un daudz ir gruvešu, tā ka mēs pie mūra nevaram strādāt.
၁၀ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
11 Bet mūsu ienaidnieki sacīja: tiem nemanot un neredzot mēs nāksim viņu vidū un tos nokausim un tam darbam darīsim galu.
၁၁ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
12 Un notikās, kad tie Jūdi, kas viņiem sānis dzīvoja, nāca un mums gan desmit reiz sacīja no visām vietām: griežaties atpakaļ pie mums!
၁၂သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
13 Tad es tais lejas vietās aiz tā mūra un uz tiem kalniem nostādīju tos ļaudis pēc viņu radiem ar viņu zobeniem, viņu šķēpiem un viņu stopiem.
၁၃ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
14 Un es lūkoju un cēlos un sacīju uz tiem virsniekiem un priekšniekiem un tiem citiem ļaudīm: nebīstaties no viņiem; pieminiet to lielo bijājamo Kungu un karojiet par saviem brāļiem, saviem dēliem un savām meitām, savām sievām un saviem namiem.
၁၄ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
15 Un notikās, kad mūsu ienaidnieki bija dzirdējuši, ka tas mums tapis zināms, un ka Dievs viņu padomu bija iznīcinājis, tad mēs visi griezāmies atpakaļ pie mūra, ikkatrs pie sava darba.
၁၅ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
16 Un no tās dienas manu jaunekļu viena daļa darīja to darbu, un otra daļa turēja šķēpus un priekšturamās bruņas un stopus un krūšu bruņas, un tie virsnieki stāvēja aiz visa Jūda nama.
၁၆နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
17 Kas mūri cēla un kas nastu nesa un kas uzkrāva, tie visi ar vienu roku darīja darbu un ar otru tie turēja kara ieročus.
၁၇မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
18 Un tie strādnieki bija jozuši ikviens savu zobenu ap saviem gurniem un tā tie strādāja, bet kas bazūni pūta, tas bija man blakām.
၁၈တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
19 Un es sacīju uz tiem virsniekiem un uz tiem valdniekiem un uz tiem citiem ļaudīm: tas darbs ir liels un garš, un mēs esam atšķirti tālu cits no cita.
၁၉ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
20 Tai vietā, kur jūs dzirdēsiet bazūnes skaņu, tur jums pie mums būs sapulcēties; mūsu Dievs priekš mums karos.
၂၀သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
21 Tā mēs darījām to darbu. Un viena puse no tiem turēja šķēpus no rīta gaismas, līdz kamēr zvaigznes sāka spīdēt.
၂၁ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
22 Tanī laikā es arī sacīju uz tiem ļaudīm: lai ikviens ar savu puisi pa nakti paliek Jeruzālemē, ka tie mums naktī ir par sargiem un dienā palīdz pie darba.
၂၂ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
23 Un ne es, ne mani brāļi, ne mani jaunekļi, ne tie sargi, kas aiz manis stāvēja, mēs nenovilkām savas drēbes un ikkatram bija savas bruņas pie rokas.
၂၃ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။