< Lūkas Evaņg̒elijs 12 >
1 Un kad daudz tūkstošu ļaužu sapulcējās, tā ka tie viens otru gandrīz samina, tad Jēzus iesāka sacīt uz Saviem mācekļiem: “Visvairāk sargājaties no farizeju rauga, kas ir liekulība.
၁ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
2 Bet nekas nav apslēpts, kas nenāks gaismā, nedz slepens, kas nekļūs zināms.
၂ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။-
3 Tāpēc, ko jūs esat sacījuši tumsībā, to dzirdēs gaismā, un ko esat ausī runājuši kambaros, to sludinās uz jumtiem.
၃သို့ဖြစ်၍မှောင်မိုက်တွင်သင်တို့ပြောသောစကား များကိုအလင်းတွင်လူတို့ကြားသိကြလိမ့် မည်။ အိမ်အတွင်းခန်းတွင်သင်တို့တီးတိုးပြော ဆိုသောစကားများကိုအိမ်ခေါင်မိုးထက်မှ ကြွေးကြော်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4 Bet Es jums, Saviem draugiem, saku: nebīstaties no tiem, kas miesu nokauj un pēc vairāk neko nespēj darīt.
၄``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-
5 Bet Es jums rādīšu, no kā jums jābīstas: bīstaties no tā, kam ir vara nokaut un tad iemest ellē: tiešām, Es jums saku, no tā bīstaties. (Geenna )
၅သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။ (Geenna )
6 Vai piecus zvirbuļus nepērk par divām artavām? Un neviens no tiem nav aizmirsts pie Dieva.
၆``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။-
7 Bet arī visi jūsu galvas mati ir skaitīti, tāpēc nebīstaties; jūs esat labāki nekā daudz zvirbuļi.
၇သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။
8 Bet Es jums saku: ikvienu, kas Mani apliecinās cilvēku priekšā, to arī Tas Cilvēka Dēls apliecinās Dieva eņģeļu priekšā.
၈``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
9 Un kas Mani aizliegs cilvēku priekšā, tas taps aizliegts Dieva eņģeļu priekšā.
၉ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
10 Un ikvienam, kas ko runās pret To Cilvēka Dēlu, taps piedots; bet kas To Svēto Garu zaimojis, tam netaps piedots.
၁၀``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။
11 Bet kad jūs vedīs baznīcas tiesu un valdnieku un vareno priekšā, tad nebēdājaties, kā un ar ko aizbildināsities, jeb ko runāsiet.
၁၁``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
12 Jo Tas Svētais Gars jums mācīs tanī pašā stundā, ko būs runāt.”
၁၂သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 Bet viens no tiem ļaudīm uz Viņu sacīja: “Mācītāj, saki manam brālim, lai tas tēva mantu ar mani dala.”
၁၃ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။
14 Bet Viņš uz to sacīja: “Cilvēks, kas Mani pār jums iecēlis par tiesnesi vai izšķīrēju?”
၁၄ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
15 Bet Viņš uz tiem sacīja: “Pieraugāt un sargājaties no mantas kārības! Jo neviens nedzīvo no tā, ka viņam pārlieku daudz mantas.”
၁၅ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
16 Un Viņš tiem stāstīja līdzību sacīdams: “Kāda bagāta cilvēka tīrums bija nesis papilnam augļus.
၁၆ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊-
17 Un tas domāja savā prātā sacīdams: ko darīšu? Jo man nav, kur savus augļus likt.
၁၇`ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။-
18 Un tas sacīja: to darīšu: es savus šķūņus gribu noplēst un lielākus uztaisīt un tur likšu visus savus augļus un savu labību,
၁၈ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။-
19 Un sacīšu uz savu dvēseli: dvēsele, tev ir liels mantas krājums uz daudz gadiem: dusi, ēd un dzer un līksmojies!
၁၉ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။-
20 Bet Dievs uz to sacīja: tu bezprātīgais! šinī naktī tavu dvēseli no tevis atprasīs, un kam tas būs ko tu esi sakrājis?
၂၀သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
21 Tāds pat ir, kas sev mantas krāj un nav bagāts iekš Dieva.”
၂၁``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။
22 Un Viņš uz Saviem mācekļiem sacīja: “Tāpēc Es jums saku: nezūdaties savas dzīvības pēc, ko jūs ēdīsiet, nedz miesas pēc, ar ko jūs ģērbsities.
၂၂ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။-
23 Dzīvība ir labāka nekā barība, un miesa labāka nekā drēbes.
၂၃အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။-
24 Ņemiet vērā kraukļus, kas nedz sēj, nedz pļauj, kam ne klēts, nedz šķūņa; un jūsu Dievs tos uztur. Cik daudz labāki jūs esat nekā putni!
၂၄ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။-
25 Un kurš jūsu starpā savam mūžam spēj pielikt vienu olekti, lai gan tādēļ raizējās?
၂၅သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။-
26 Ja nu jūs ne to vismazāko neiespējat, ko tad raizējaties par tām citām lietām?
၂၆ဤသို့သေးငယ်သောအမှုကိုမတတ်နိုင်လျှင် အဘယ်ကြောင့်အခြားအမှုများအတွက် စိုးရိမ်နေကြသနည်း။-
27 Ņemiet vērā puķes, kā tās aug: ne tās strādā, ne tas vērpj; bet Es jums saku, ka pat Salamans visa savā godībā tā nav bijis apģērbts, kā viena no tām.
၂၇တောနှင်းပန်းပင်များကိုကြည့်ရှုဆင်ခြင် ကြလော့။ ထိုပန်းပင်တို့သည်ဗိုင်းမငင်၊ ယက် ကန်းလည်းမရက်၊ သို့ရာတွင်ဘုန်းကြီးသော ရှောလမုန်မင်းကြီးပင်လျှင် ထိုပန်းများ ကဲ့သို့မဝတ်မဆင်နိုင်ဟုသင်တို့အား ငါဆို၏။-
28 Ja tad Dievs zāli laukā tā apģērbj, kas šodien stāv un rītu top iemesta krāsnī, cik vairāk jūs? Ak jūs mazticīgie!
၂၈ယုံကြည်ကိုးစားခြင်းနည်းပါးသူတို့၊ ယနေ့ ကွင်းထဲတွင်ရှိ၍နက်ဖြန်မီးဖိုထဲသို့ရောက် ရသောတောမြက်ကို ဘုရားသခင်သည်ဤသို့ ဝတ်ဆင်ပေးလျှင် သင်တို့အားထိုထက်မက ဝတ်ဆင်ပေးမည်မဟုတ်လော။''
29 Tā arīdzan nebēdājaties, ko ēdīsiet un ko dzersiet, nedz šaubāties šurpu turpu.
၂၉``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။-
30 Jo visas šīs lietas pagāni pasaulē meklē, bet jūsu Tēvs zina, ka jums šo lietu vajag.
၃၀ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။-
31 Bet meklējiet Dieva valstību, un tad jums visas šīs lietas taps piemestas.
၃၁သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။
32 Nebīsties, tu mazais ganāmais pulciņ, jo jūsu Tēva žēlīgais prāts ir, jums dot to valstību.
၃၂``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
33 Pārdodiet, kas jums ir, un dodiet nabagiem, gādājiet sev makus, kas nenovecojas, neiznīcīgu mantu debesīs, kur zaģļi netiek klāt, un kodes nesamaitā.
၃၃သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
34 Jo kur jūsu manta, tur arī būs jūsu sirds.
၃၄အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာ သို့ သင်တို့စိတ်သည်လည်းရောက်တတ်သော ကြောင့်ဖြစ်၏။''
35 Lai jūsu gurni ir apjozti un tās sveces spīdošas.
၃၅``သင်တို့သည်အဆင်သင့်ဖြစ်ရန်ခါးကိုစည်း လျက်မီးခွက်များကိုထွန်းညှိထားကြလော့။-
36 Un esiet līdzīgi cilvēkiem, kas savu kungu gaida, kad tas celsies no kāzām, ka tie viņam nākot un klaudzinājot tūdaļ var atdarīt.
၃၆မင်္ဂလာဆောင်မှပြန်လာသောမိမိတို့၏သခင် သည်တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေး ရန်စောင့်မျှော်နေကြသောအစေခံများကဲ့ သို့ဖြစ်ကြလော့။-
37 Svētīgi tie kalpi, ko Tas Kungs pārnācis atradīs nomodā. Patiesi, Es jums saku, ka viņš apjozīsies, un tiem liks apsēsties un apkārt iedams tiem kalpos.
၃၇အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
38 Un kad viņš nāks nakts vidū, vai pirmajos gaiļos un tā atradīs, svētīgi tie kalpi.
၃၈သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။-
39 Bet to ziniet, kad tas nama kungs zinātu, kurā stundā zaglis nāk, tad viņš būtu nomodā un neļautu savā namā ielauzties.
၃၉အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။-
40 Un jūs arīdzan esat gatavi: jo tanī stundā, kurā nedomājat, Tas Cilvēka Dēls nāks.”
၄၀လူသားသည်သင်တို့မမျှော်လင့်သည့်အချိန် ၌ကြွလာမည်ဖြစ်၍သင်တို့အသင့်ရှိနေကြ လော့'' ဟုမိန့်တော်မူ၏။
41 Un Pēteris uz To sacīja: “Kungs, vai Tu šo līdzību saki uz mums, vai arī uz visiem?”
၄၁ပေတရုက ``အရှင်၊ ဤပုံဥပမာကိုအကျွန်ုပ် တို့အတွက်မိန့်တော်မူပါသလော။ သို့တည်း မဟုတ်လူခပ်သိမ်းတို့အတွက်လော'' ဟု မေးလျှောက်၏။
42 Bet Tas Kungs sacīja: “Kas gan ir tas uzticīgais un gudrais nama turētājs, ko kungs ieceļ pār savu saimi, tiem piederīgo barību dot īstenā laikā?
၄၂သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။-
43 Svētīgs tas kalps, ko kungs, pārnācis atradīs tā darām.
၄၃တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
44 Es jums tiešām saku, ka viņš to iecels pār visu savu mantu.
၄၄အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။-
45 Bet ja tas kalps sacīs savā prātā: mans kungs kavējās nākt; un iesāks kalpus un kalpones sist, un ēst un dzert un piedzerties:
၄၅သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။-
46 Tad šī kalpa kungs nāks tanī dienā, kurā tas viņu negaida, un tanī stundā, ko tas nezina, un to šķels pušu un tam savu algu dos ar tiem neticīgiem.
၄၆ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။
47 Bet tas kalps, kas sava kunga prātu zinādams nav sataisījies, nedz darījis pēc viņa prāta, tas dabūs daudz sitienu.
၄၇``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။-
48 Bet kas nezinādams darījis, ar ko viņš sitienus pelnījis, dabūs maz sitienu; bet no ikviena, kam daudz ir dots, daudz meklēs, un kam daudz ir uzticēts, no tā vairāk prasīs.
၄၈သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
49 Es esmu nācis, uguni mest uz zemi, un kā Es gribētu, ka (tā) jau degtu.
၄၉``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။-
50 Bet Man būs tapt kristītam ar vienu kristību, un kā Man ir bail, kamēr tā būs pabeigta!
၅၀ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
51 Vai jums šķiet, ka esmu nācis mieru dot virs zemes? Es jums saku: nebūt ne, bet ienaidu.
၅၁ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။-
52 Jo no šī laika vienā namā pieci savā starpā būs ienaidā, trīs pret diviem un divi pret trim.
၅၂ယခုမှစ၍လူငါးယောက်ရှိသည့်အိမ်ထောင် တွင်နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်က တစ်ဖက်စိတ်ဝမ်းကွဲပြားကြလိမ့်မည်။-
53 Tēvs cels ienaidu pret dēlu, un dēls pret tēvu, māte pret meitu, un meita pret māti, un vīra māte pret savu vedeklu, un vedekla pret savu vīra māti.”
၅၃ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။
54 Un viņš arī uz tiem ļaudīm sacīja: “Kad redzat kādu padebesi uzkāpjam no vakara puses, tad jūs tūdaļ sakāt: lietus nāk; un tā notiek.
၅၄ထိုနောက်ကိုယ်တော်က ``အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာလိမ့် မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏။ သင် တို့ပြောသည့်အတိုင်းလည်းဖြစ်တတ်၏။-
55 Un kad vējš pūš no dienvidiem, tad jūs sakāt: būs karsts laiks; un tā notiek.
၅၅တောင်လေလာသည်ကိုမြင်သော်နေပူလိမ့်မည် ဟုပြောတတ်ကြ၏။ သင်တို့ပြောသည့်အတိုင်း လည်းဖြစ်တတ်၏။-
56 Jūs liekuļi, debess un zemes ģīmi jūs varat noprast, bet kā šo laiku neizprotat?
၅၆ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။''
57 Un kāpēc jūs arī no sevis pašiem nespriežat, kas taisnība?
၅၇``မှန်ကန်သည့်အမှုကိုပြုရန်အဘယ်ကြောင့် သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။-
58 Jo kad tu ar savu pretinieku ej pie valdnieka, tad lūko uz ceļa ar viņu salīgt, ka tas tevi neved pie soģa, un soģis tevi nenodod bendēm, un bende tevi nemet cietumā.
၅၈သင်၏တရားတွေ့ဘက်နှင့်အတူ တရား သူကြီးထံကိုသွားရာလမ်းတွင်ကျေအေး အောင်စေ့စပ်လော့။ ထိုသို့မပြုပါမူ သူသည် သင့်အားတရားသူကြီး၏ရှေ့သို့ဆွဲခေါ် သွားလိမ့်မည်။ တရားသူကြီးသည် သင့်အား မင်းမှုထမ်းလက်သို့ပေးအပ်လိုက်လိမ့်မည်။ မင်းမှုထမ်းသည်လည်းသင့်အားထောင်ချ ထားလိမ့်မည်။-
59 Es tev saku, tu neiziesi no turienes, kamēr nenomaksāsi pēdējo artavu.”
၅၉အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။