< Trešā Mozus 16 >

1 Un Tas Kungs runāja uz Mozu, pēc tam kad Ārona divi dēli bija nomiruši, kad tie bija nākuši Tā Kunga priekšā un miruši;
အာရုန်၏ သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
2 Tad Tas Kungs sacīja uz Mozu: runā uz Āronu, savu brāli, ka tam nebūs iet kaut kurā laikā svētā vietā aiz tā priekškaramā, priekš salīdzināšanas vāka, kas uz tā šķirsta, ka tas nemirst; jo Es parādīšos padebesī uz salīdzināšanas vāka.
သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာ တင်သောအဖုံးကို ကွယ်ကာသော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေ ခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာအဖုံးအပေါ်၊ မိုဃ်းတိမ်၌ ထင်ရှားမည်။
3 Ar to Āronam būs ieiet svētā vietā: ar jaunu vērsi par grēku upuri un aunu par dedzināmo upuri.
အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည်။
4 Viņam būs uzvilkt svētos nātnu svārkus, un nātnu ūzām būs būt uz viņa miesām, un ar nātnu jostu viņam būs apjozties un ar nātnu cepuri apsegties: šās ir tās svētās drēbes; un savu miesu viņam būs pērt ūdenī un tad apģērbties.
သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
5 Un no Israēla bērnu draudzes viņam būs ņemt divus āžus par grēku upuri un vienu aunu par dedzināmo upuri.
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည်။
6 Un Āronam grēku upura vērsi priekš sevis būs upurēt un sevi un savu namu salīdzināt.
အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
7 Viņam arī būs ņemt tos divus āžus un tos novest Tā Kunga priekšā, priekš saiešanas telts durvīm.
ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
8 Un Āronam par tiem diviem āžiem būs mest meslus, vienu meslu priekš Tā Kunga, un otru meslu priekš tā palaižamā.
အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့ စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့ တတံ၊ စာရေးတံနှစ်တံချ၍၊
9 Un to āzi, uz ko tie mesli priekš Tā Kunga krituši, Āronam būs pievest un to sataisīt par grēku upuri.
ထာဝရဘုရားအဘို့ စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည်။
10 Bet to āzi, uz ko tie mesli krituši, ka tas palaižams, būs vest dzīvu Tā Kunga priekšā un salīdzināt, ka to var palaist par palaižamo tuksnesī.
၁၀လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။
11 To grēku upura vērsi, kas priekš viņa paša, Āronam būs pievest un sevi un savu namu salīdzināt, un to grēku upura vērsi nokaut, kas ir priekš viņa paša.
၁၁အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။
12 Viņam arī būs ņemt vīraka trauku, pilnu ar degošām oglēm no altāra Tā Kunga priekšā, un abas rokas pilnas ar kvēpināmo no sagrūstām jaukas smaržas zālēm, un tās viņam būs nest aiz tā priekškaramā.
၁၂ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင် မီးခဲနှင့် ပြည့်သောလင်ပန်းကို ကိုင်လျက်၊ ညက်စွာသော နံ့သာ ပေါင်းမွှေးအမှုန့်ကို မိမိလက်၌ အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။
13 Un tās kvēpināmās zāles viņam būs likt uz uguni Tā Kunga priekšā, ka tie kvēpināšanas dūmi apklāj salīdzināšanas vāku uz tās liecības, lai viņš nemirst.
၁၃ထိုအခါ သူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာ တင်ရမည်။
14 Un no tā vērša asinīm viņam būs ņemt un ar savu pirkstu slacīt uz salīdzināšanas vāka priekšu, un pret salīdzināšanas vāku viņam septiņkārt no tām asinīm būs slacīt ar savu pirkstu.
၁၄နွားအသွေးအချို့ကိုလည်း ယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံး ရှေ့၌လည်း ခုနှစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။
15 Un to grēku upura āzi, kas priekš tiem ļaudīm, viņam būs nokaut un viņa asinis ienest aiz tā priekškaramā, un ar viņa asinīm tāpat darīt, kā viņš darījis ar tā vērša asinīm, un tās slacīt uz salīdzināšanas vāku un pret salīdzināšanas vāku.
၁၅ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။
16 Tā viņam būs salīdzināt to svēto vietu Israēla bērnu nešķīstības dēļ un viņu pārkāpumu dēļ visos viņu grēkos, un tā viņam būs darīt saiešanas teltī, kas pie viņiem ir viņu nešķīstību vidū.
၁၆ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည်။
17 Un nevienam cilvēkam nebūs būt saiešanas teltī, kad viņš ieies, salīdzināšanu darīt svētā vietā, tiekams viņš iziet; tā viņam būs salīdzināt sevi un savu namu un visu Israēla draudzi.
၁၇သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ၊ မိမိအဘို့၊ မိမိအိမ်သူအိမ် သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှ မနေရ။
18 Tad viņam būs iziet pie altāra, kas ir Tā Kunga priekšā, un viņu salīdzināt, un būs ņemt no tā vērša asinīm un no tā auna asinīm un likt uz altāra ragiem visapkārt.
၁၈နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။
19 Un viņam ar savu pirkstu no tām asinīm septiņkārt uz to būs slacīt un to šķīstīt un svētīt no Israēla bērnu nešķīstībām.
၁၉ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။
20 Kad nu viņš pabeidzis salīdzināt to svēto vietu un saiešanas telti un altāri, tad viņam būs pievest to dzīvo āzi.
၂၀ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။
21 Un Āronam būs likt savas abējas rokas uz tā dzīva āža galvu, un uz tā izsūdzēt visus Israēla bērnu noziegumus un visus viņu pārkāpumus pēc visiem viņu grēkiem un tos likt uz tā āža galvu un to tuksnesī palaist caur zināma vīra roku.
၂၁အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုး သားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။
22 Tā tam āzim uz sevis būs nest visus viņu noziegumus tuksnesī, un tam vīram to āzi būs palaist tuksnesī.
၂၂သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။
23 Tad Āronam būs nākt saiešanas teltī un novilkt tās nātnu drēbes, ko viņš bija apvilcis, svētā vietā iedams, un tās tur nolikt.
၂၃တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။
24 Un savu miesu viņam būs pērt ūdenī svētā vietā un apvilkt savas drēbes; tad viņam būs iziet un sataisīt savu dedzināmo upuri un to ļaužu dedzināmo upuri, un salīdzināt sevi un tos ļaudis.
၂၄သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
25 Un viņam arī būs iededzināt tos grēku upura taukus uz altāra.
၂၅အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
26 Un kas to palaižamo āzi palaidis, tam būs mazgāt savas drēbes un pērt ūdenī savu miesu, un pēc lai tas nāk lēģerī.
၂၆လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။
27 Bet to grēku upura vērsi un to grēku upura āzi, kuru asinis ir ienestas, salīdzināt to svēto vietu, tos viņam būs izvest ārā aiz lēģera un ar uguni sadedzināt viņu ādas un viņu gaļu un viņu sūdus.
၂၇သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို၎င်း၊ အပြစ်ဖြေရာယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။
28 Kas tos sadedzina, tam būs mazgāt savas drēbes un pērt savu miesu ūdenī, un pēc lai tas nāk lēģerī.
၂၈မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။
29 Un tas lai jums ir par likumu mūžam: septītā mēnesī, desmitā mēneša dienā, jums būs savu dvēseli mērdēt (gavēt), un nekādu darbu lai nedara nedz iedzīvotājs nedz svešinieks, kas mīt jūsu starpā.
၂၉သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။
30 Jo šai dienā jūs topat salīdzināti uz šķīstīšanu, no visiem saviem grēkiem jūs topat šķīstīti Tā Kunga priekšā.
၃၀အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကို ပြုရမည်။
31 Šī lai jums ir it augsta dusēšanas diena, un mērdējat savu dvēseli; tas ir likums mūžam.
၃၁ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း။
32 Un to salīdzināšanu lai izdara tas priesteris, kas svaidīts un kam roka ir pildīta, ka viņš sava tēva vietā par priesteri.
၃၂အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည်။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ်၍၊-
33 Un viņam būs apvilkt tās nātnu drēbes, tās svētās drēbes; tā viņam būs salīdzināt svētās vietas svētumu; un viņam būs salīdzināt saiešanas telti un altāri, un viņam būs salīdzināt priesterus un draudzes ļaudis.
၃၃သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ ယဇ်ပုရောဟိတ် များအဘို့၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
34 Un tas lai jums ir par likumu mūžam, ka jūs Israēla bērnus salīdzināt par visiem viņu grēkiem vienreiz gadskārtā. Un viņš darīja, kā Tas Kungs Mozum bija pavēlējis.
၃၄ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။

< Trešā Mozus 16 >