< Jesajas 42 >
1 Redzi, Tas ir Mans kalps, kam Es palīdzu, Manis izredzēts, pie kā Manai dvēselei labs prāts. Es savu Garu esmu licis uz Viņu, tautām iznest tiesu.
၁ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
2 Viņš nebrēks nedz pacels Savu balsi, un Viņa balsi nedzirdēs pa ielām.
၂အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ။
3 Ielūzušu niedri Viņš nesalauzīs un kvēlošu dakti Viņš neizdzēsīs, Viņš tiesu nesīs ar patiesību.
၃နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
4 Viņš nenogurs un nesalūzīs, kamēr iecels tiesu virs zemes, un jūras salas cerēs uz Viņa bauslību.
၄မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။
5 Tā saka Dievs, Tas Kungs, kas debesis radījis un izplāta, kas zemi izklājis ar viņas augļiem, kas dvašu dod tiem ļaudīm, kas tur mīt, un garu tiem, kas virs tās staigā.
၅မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူ ထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို၎င်း၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို၎င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
6 “Es Tas Kungs Tevi esmu aicinājis iekš taisnības un Tevi satveru pie Tavas rokas un Tevi pasargāju un Tevi ieceļu par derību ļaudīm, par gaišumu pagāniem,
၆ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊
7 Atvērt akliem acis un saistītos izvest no cietuma un no cietuma nama tos, kas sēž tumsībā.
၇လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။
8 Es esmu Tas Kungs, tas ir Mans vārds, un Savu godu Es citam nedošu, nedz Savu slavu elkiem.
၈ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။
9 Redzi, kas papriekš sludināts, tas ir noticis, un jaunu Es stāstu; pirms tas izplaukst, Es jums to dodu dzirdēt.”
၉အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။
10 Dziediet Tam Kungam jaunu dziesmu, Viņa slavu no zemes galiem; jūras braucēji ar viņas pilnumu, salas ar saviem iedzīvotājiem.
၁၀ပင်လယ်ကို ကူးသော သူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တကျွန်းတနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသော သူများတို့၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
11 Tuksnesis un viņa pilsētas lai paceļ balsi, un ciemi, kur Ķedars dzīvo; lai gavilē, kas dzīvo klints kalnos, lai tie sauc no kalnu galiem.
၁၁တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။
12 Lai Tam Kungam dod godu un lai pasludina Viņa slavu salās.
၁၂ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။
13 Tas Kungs iziet kā varonis, kā karavīrs Viņš iekarsis dusmās; Viņš sauc, Viņš kliedz, Saviem ienaidniekiem Viņš rādās varens.
၁၃ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။
14 Sen laiku Es esmu klusu cietis, esmu klusu bijis un savaldījies. Bet nu Es brēkšu, kā sieva, kas dzemdē, elzdams un pūzdams ar varu.
၁၄ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ခြင်း ဖျက်ဆီးမည်။
15 Es postīšu kalnus un pakalnus un likšu sakalst visam viņu zaļumam un darīšu upes par salām, un izžāvēšu ezerus.
၁၅တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက် စေမည်။
16 Un Es vadīšu aklus pa ceļu, ko tie nav zinājuši, Es tiem likšu staigāt pa tekām, ko tie nav pazinuši, Es darīšu tumsību priekš viņu acīm par gaismu un nelīdzenumu par līdzenumu. Tā Es darīšu un tos neatstāšu.
၁၆မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။
17 Bet atpakaļ būs griezties un palikt visiem kaunā, kas paļaujas uz elkiem un saka uz lietām bildēm: Jūs esat mūsu dievi.
၁၇ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။
18 Klausāties, kurlie, un skatāties, aklie, un redziet.
၁၈နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။
19 Kas ir tik akls kā Mans kalps un tik kurls kā Mans vēstnesis, ko Es sūtu? Kas ir tik akls kā Tas mīļais, un tik akls kā Tā Kunga kalps?
၁၉ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။
20 Tu esi daudz redzējis, bet neesi ievērojis, ausis atdarījis, bet viņš nedzird.
၂၀သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။
21 Tam Kungam bija labs prāts Savas taisnības dēļ, dot lielu un augstu bauslību.
၂၁ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။
22 Bet tie ir postīti un aplaupīti ļaudis, visi saistīti alās un apslēpti cietuma namos, tie ir palikuši par laupījumu, un nav neviena, kas tos izglābj, par postījumu, un nav neviena, kas saka: Atdod atpakaļ.
၂၂ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သော အခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။
23 Kas jūsu starpā to liek vērā, kas uzmana un klausās, kas pēc būs?
၂၃သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဘို့ အဘယ်သူကြား၍ မှတ်မည်နည်း။
24 Kas Jēkabu nodeva uz postu un Israēli laupītājiem? Vai ne Tas Kungs, pret ko esam grēkojuši? - Jo tie negribēja staigāt Viņa ceļos un neklausīja Viņa bauslībai.
၂၄လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို၎င်း၊ ထားပြ တို့ လက်သို့ ဣသရေလကို၎င်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။
25 Tāpēc Viņš pār tiem ir izgāzis Savas dusmības bardzību un kara briesmas, ka visapkārt dega; bet tie to neatzina, - un Viņš tos iededzināja, bet tie to neņēma pie sirds.
၂၅ထို့ကြောင့်၊ ပြင်းစွာသော အမျက်တော်ထွက် ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သူတို့ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း၊ သူတို့သည် မသိကြ။ မီးလောင်သော် လည်း၊ သတိမထားဘဲ နေကြ၏။