< Jesajas 10 >

1 Ak vai, tiem, kas ceļ netaisnus likumus, un tiem rakstītājiem, kas raksta grūtu tiesu,
ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊
2 Ka nabagiem tiesu neizdod un tiesu laupa tiem bēdīgiem starp Maniem ļaudīm, ka atraitnes aplaupa un bāriņus posta!
ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
3 Bet ko jūs darīsiet piemeklēšanas dienā un tai postā, kas nāk no tālienes? Pie kā bēgsiet pēc palīdzības, un kur glabāsiet savu godību?
ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း။
4 Bet jūs locīsities starp gūstītiem un kritīsiet starp nokautiem. Ar visu to Viņa dusmība nenovēršas, un Viņa roka vēl ir izstiepta.
ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။
5 Ak vai, Asuram! Tas ir Manas dusmības rīkste, un viņa rokā Manas bardzības zizlis.
အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။
6 Es viņu sūtu pret viltīgiem ļaudīm un viņam pavēlu pret ļaudīm, par kuriem Es apskaities, lai viņš tos laupīdams laupa un postīdams posta, un tos samin kā dubļus uz ielām.
အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။
7 Bet viņam tā nešķiet, un viņa sirds tā nedomā; jo viņš apņēmies izdeldēt un izsakņot daudz tautas.
သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။
8 Jo viņš saka: vai mani virsnieki visi kopā nav ķēniņi?
သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။
9 Vai Kalno nav kā Karķemis? Vai Hamata nav kā Arvada? Vai Samarija nav kā Damaskus?
ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
10 Tā kā mana roka dabūjusi tās elku dievu valstis, jebšu viņu dievekļu bija vairāk nekā to, kas Jeruzālemē un Samarijā, -
၁၀ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊
11 Vai es nevarētu darīt pie Jeruzālemes un pie viņas elkiem tāpat, kā esmu darījis pie Samarijas un viņas elkiem?
၁၁ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။
12 Bet kad Tas Kungs visu Savu darbu būs pabeidzis Ciānas kalnā un Jeruzālemē, tad (sacīs): Es piemeklēšu to sirds lepnības augli pie Asīrijas ķēniņa un viņa acu augsto greznību.
၁၂သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
13 Jo tas saka: caur savas rokas spēku es to esmu darījis un caur savu gudrību, jo es esmu prātīgs. Es esmu atņēmis tautu robežas un laupījis viņu mantas un kā varonis zemē gāzis valdniekus.
၁၃ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။
14 Un mana roka atradusi tautu bagātību kā ligzdu, un es esmu sagrābis visu pasauli, kā sagrābj atstātas olas, un neviens nav bijis, kas spārnu būtu kustinājis vai muti atdarījis vai pīkstējis.
၁၄ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊
15 Vai tad cirvis lai lielās pret to, kas ar to cērt? Jeb vai zāģis lai turas pretī tam, kas to velk! tā kā zizlis to turētu, kas viņu paceļ, tā kā rīkste to cilātu, kas nav koks!
၁၅ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။
16 Tādēļ Tas Kungs Dievs Cebaot sūtīs diloni starp viņa (Asura) trekniem, un apakš viņa godības dedzin degs, kā uguns deg.
၁၆ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
17 Un Israēla gaišums būs uguns, un viņa Svētais būs liesma, kas sadedzinās un norīs viņa ērkšķus un dadžus vienā dienā.
၁၇ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
18 Un viņš aprīs viņa meža un viņa dārza godību, līdz ar dvēseli un miesu, un tas novārgs kā vārgulis.
၁၈တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်။
19 Un viņa meža atlikušie koki būs mazs pulciņš, ka zēns tos varētu sarakstīt.
၁၉ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
20 Tanī dienā Israēla atlikušie, un Jēkaba nama izglābtie nepaļausies vairs uz to, kas viņu sitis, bet uzticībā paļausies uz To Kungu, to Svēto iekš Israēla.
၂၀ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
21 Tie atlikušie atgriezīsies, Jēkaba atlikušie, pie tā visuvarenā Dieva.
၂၁ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။
22 Jo jebšu tavi ļaudis, Israēl, ir kā jūras smiltis, tomēr (tikai) viņu atlikums atgriezīsies. Jo gals ir nospriests pilnīgā taisnībā.
၂၂အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။
23 Jo Tas Kungs Dievs Cebaot nolikto gala spriedumu izdarīs pa visu zemes virsu.
၂၃ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။
24 Tāpēc Tas Kungs Dievs Cebaot saka tā: Mani ļaudis, kas dzīvojat Ciānā, nebīstaties no Asura, kad tas jūs sit ar rīksti, un savu zizli paceļ pret jums, kā notika Ēģiptē.
၂၄ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။
25 Jo vēl mazs brīdis, tad dusmība būs pagalam, un Mana bardzība tos izdeldēs.
၂၅သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊
26 Jo Tas Kungs Cebaot pacels pātagu pret to, kā Viņš sita Midijanu pie Horeba kalna, un Ciņa zizlis ir pār jūru un viņš to paceļ kā Ēģiptes zemē.
၂၆ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။
27 Un tai dienā viņa nasta atstāsies no tava kamieša un viņa jūgs no tava kakla, un tas jūgs šķīdīs no treknuma.
၂၇ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။
28 Tas nāk uz Ajatu, tas iet caur Migronu, Mikmasā tas atstāj savas lietas.
၂၈အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
29 Tie iet caur šaurumu, Ģebā tie paliek par nakti, Rāma dreb, Saula Ģibeja bēg.
၂၉တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။
30 Kliedz stiprā balsī, Galima meita! Klausies, Laīša! nabaga Anatota!
၃၀အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
31 Madmena bēg, Ģebimas iedzīvotāji glābjās.
၃၁မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ၏။
32 Vēl šodien tas apmetīsies Nobā, pacels roku pret Ciānas meitas kalnu, pret Jeruzālemes pakalnu.
၃၂နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။
33 Redzi, Tas Kungs Dievs Cebaot nokapā tos zarus ar briesmīgu varu, un tie, kas ir augsti augumā, top nocirsti, un tie lielie pazemoti.
၃၃ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34 Un Viņš nocērt ar dzelzi biezos meža krūmus, un Lībanus krīt caur vareno.
၃၄တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။

< Jesajas 10 >