< Hozejas 7 >
1 Kad Es Israēli dziedināšu, tad Efraīma noziegums taps atsegts un Samarijas ļaunums, jo tie dara viltību; zagļi ir iekšā, un laupītāji ārā.
၁ဣသရေလ၏အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ၏။
2 Un tie nedomā savā sirdī, ka Es visu viņu ļaunumu pieminu. Bet nu viņu darbi apmetās pret tiem, tie ir Manā priekšā.
၂သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
3 Ar savu ļaunumu tie iepriecina ķēniņu un lielkungus ar saviem meliem.
၃ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို၎င်း၊ မုသာစကားအားဖြင့် မင်းများကို၎င်း ဝမ်းမြောက်စေ ကြ၏။
4 Tie visi ir laulības pārkāpēji, tie ir kā ceplis, kurināts no cepēja, kas mīklu samīcījis, mitējās kurināt, kamēr tā ir uzrūgusi.
၄ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
5 Mūsu ķēniņa dienā lielkungi paliek vāji no vīna karstuma; viņš sniedz savu roku smējējiem.
၅ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ်၏။
6 Jo tie ar savu sirdi dodās uz viltību kā ceplī. Viņu cepējs guļ cauru nakti, rītā viņš deg kā uguns liesmās.
၆အကယ်စင်စစ် သူတို့သည် ချောင်း၍ ကြည့် လျက်၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ၏။
7 Tie visi ir iekarsuši kā ceplis un aprij savus tiesnešus, visi viņu ķēniņi krīt, neviens no tiem mani nepiesauc.
၇ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။
8 Efraīms jaucās ar tautām, Efraīms ir rausis, ko neapgriež.
၈ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သော မုန့်ပြား ဖြစ်၏။
9 Sveši norij viņa spēku, un viņš to nemana, arī sirmums viņam ir uznācis, un viņš to neatzīst.
၉သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ၏ ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။
10 Un Israēla gods dod liecību pret viņa vaigu, bet tie neatgriežas pie Tā Kunga, sava Dieva, un tomēr viņu nemeklē.
၁၀ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
11 Jo Efraīms ir kā nejēdzīgs balodis bez prāta; Ēģipti tie piesauc, pie Asura tie staigā.
၁၁ဧဖရိမ်သည် ဥာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။
12 Kad tie nu tā staigā, tad Es Savu tīklu pār tiem izpletīšu, Es tos nometīšu(lejā) kā putnus apakš debess, Es tos pārmācīšu, tā kā ir sludināts viņu draudzei.
၁၂သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။
13 Vai tiem! Jo tie bēg no Manis; posts pār viņiem! Jo tie ir noziegušies pret Mani. Es tos gan gribētu atpestīt, bet tie runā melus pret Mani.
၁၃သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။
14 Un tie Mani nepiesauc no sirds, kad tie kauc uz savām gultām. Tie sapulcējās labības un vīna dēļ bet Man tie turas pretī.
၁၄သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
15 Gan Es tos pamācu un stiprināju viņu elkoņus, bet tie domā ļaunu pret Mani.
၁၅ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။
16 Tie griežas, bet ne uz to, kas augšā; tie ir kā viltīgs stops; viņu lielkungi kritīs caur zobenu viņu trakās mēles dēļ; tas būs viņu apsmiekls Ēģiptes zemē.
၁၆အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။