< Ecechiela 48 >

1 Šie nu ir tie cilšu vārdi: no ziemeļa puses sānis Etlona ceļam, kur iet uz Hamatu, AcarEnons, Damaskus robeža pret ziemeļa pusi, sānis Hamatai: no rīta puses līdz vakara pusei lai ir Danam, viena daļa.
မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ ဒန် အာ​ရှာ န​ဿ​လိ မ​နာ​ရှေ ဧ​ဖ​ရိမ် ရု​ဗင် ယု​ဒ
2 Un pie Dana robežas no rīta puses līdz vakara pusei Ašeram viena daļa.
3 Un pie Ašera robežas no rīta puses līdz vakara pusei Naftalum viena daļa.
4 Un pie Naftalus robežas no rīta puses līdz vakara pusei Manasum viena daļa.
5 Un pie Manasus robežas no rīta puses līdz vakara pusei Efraīmam viena daļa.
6 Un pie Efraīma robežas no rīta puses līdz vakara pusei Rūbenam viena daļa.
7 Un pie Rūbena robežas no rīta puses līdz vakara pusei Jūdam viena daļa.
8 Un pie Jūda robežas no rīta puses līdz vakara pusei lai ir tas svētais zemes gabals, ko jums būs atšķirt, divdesmit un pieci tūkstošus (mērojamās kārtis) platumā un garumā, tā kā viena no tām citām daļām no rīta puses līdz vakara pusei, un tur vidū lai ir tā svētā vieta.
ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။
9 Tas svētais zemes gabals, ko jums būs atšķirt Tam Kungam, lai ir garumā divdesmit un pieci tūkstošus (mērojamas kārtis) un platumā desmit tūkstošus.
ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။-
10 Un šiem lai tas svētais zemes gabals pieder: priesteriem, pret ziemeļa pusi divdesmit pieci tūkstošus (olektis), un pret vakara pusi desmit tūkstošus platumā, un pret rīta pusi desmit tūkstošus platumā, un pret dienasvidu divdesmit un pieci tūkstošus garumā. Un Tā Kunga svētā vieta lai ir viņa vidū.
၁၀ထို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဝေ​စု​ရှိ​စေ​ရ​မည်။ ထို​ဝေ​စု​မြေ​သည်​မြောက်​ဘက်​မှ​တောင်​ဘက်​သို့​သုံး​မိုင်​ကျယ်​၍ အ​ရှေ့​ဘက်​မှ​အ​နောက်​ဘက်​သို့​ရှစ်​မိုင်​ရှိ​ရ​မည်။ ဤ​နယ်​မြေ​၏​အ​လယ်​၌​ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​တည်​ရှိ​ရ​မည်။-
11 Tas būs priekš tiem priesteriem, tiem svētītiem, Cadoka bērniem, kas Manu kalpošanu izpildījuši, kas nav atkāpušies, kad Israēla bērni atkāpās, kā leviti ir atkāpušies.
၁၁ဤ​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​သည်​ဇာ​ဒုတ်​၏​သား​မြေး​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဖြစ်​ရ​မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ခဲ့​ကြ​၏။ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှောက်​မှား​လမ်း​လွဲ​ကြ​သော​အ​ခါ သူ​တို့​သည်​လေ​ဝိ​အနွယ်​ဝင်​တို့​ကဲ့​သို့​လမ်း​မ​လွဲ​ကြ။-
12 Un tiem būs dabūt vienu gabalu no tā svētā gabala, kas tas vissvētākais gabals ir pie levitu robežas.
၁၂သို့​ဖြစ်​၍​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​ကပ်​လျက်​ရှိ​သော​သီး​သန့်​နယ်​မြေ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ​သည်​အ​သန့်​ရှင်း​အ​မြင့်​မြတ်​ဆုံး​ဖြစ်​လိမ့်​မည်။-
13 Tiem levitiem, sānis priesteru robežai, būs dabūt divdesmit un piectūkstoš (olektis) garumā un desmit tūkstošus platumā; viss garums lai ir divdesmit un pieci tūkstošus, un platums desmit tūkstošus (olektis).
၁၃လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-
14 Un tiem no tā nekā nebūs pārdot, nedz pārmainīt, nedz citam izdot zemes pirmajus; jo tas ir Tam Kungam svēts.
၁၄ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။
15 Bet tās piectūkstošas (olektis), kas platumā atlikušas no tām divdesmit pieci tūkstoš (olektīm), tās lai nav svētas, pilsētai priekš dzīvokļiem un ganībām, un tā pilsēta lai tur ir vidū.
၁၅အ​လျား​ရှစ်​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​ကျန်​မြေ​ကွက်​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြေ​မ​ဟုတ်။ လူ​တို့​အ​ထွေ​ထွေ​အ​သုံး​ပြု​ရန်​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​ကာ​ထို​မြေ​ကို​အ​သုံး​ချ​နိုင်​ကြ​၏။ ဤ​မြေ​၏​အ​လယ်​တွင်​မြို့​ကို​တည်​ဆောက်​ရ​မည်။-
16 Un šie ir viņas mēri: ziemeļa malā četrtūkstoš un piecsimt olektis, un dienvidu malā četrtūkstoš un piecsimt, un rīta malā četrtūkstoš un piecsimt, un vakara malā četrtūkstoš un piecsimt (olektis).
၁၆ထို​မြို့​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍​တစ်​ဘက်​စီ​နှစ်​ထောင့်​ငါး​ရာ​နှစ်​ဆယ်​ကိုက်​ရှိ​ရ​မည်။-
17 Un pilsētas apgabals lai ir pret ziemeli divsimt un piecdesmit, un pret dienasvidu divsimt un piecdesmit, un pret rītiem divsimt un piecdesmit, un pret vakaru divsimt un piecdesmit (olektis).
၁၇မြို့​၏​အ​ရှေ့​အ​နောက်၊ တောင်​မြောက်​အ​ရပ်​လေး​မျက်​နှာ​တို့​တွင်​အ​နံ​ကိုက်​တစ်​ရာ့​လေး​ဆယ်​ရှိ​သော​မြေ​ကွက်​လပ်​တစ်​ခု​စီ​ရှိ​ရ​မည်။-
18 Un tas atlikums garumā gar to svēto zemes gabalu desmit tūkstoši pret rīta pusi, un desmit tūkstoši pret vakara pusi, gar to svēto zemes gabalu; viņa augļi būs par uzturu pilsētas kalpotājiem.
၁၈မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။-
19 Un pilsētas kalpotāji lai to apstrādā no visām Israēla ciltīm.
၁၉ထို​မြို့​တွင်​နေ​ထိုင်​သော​အ​ဘယ်​အ​နွယ်​ဝင်​များ​ပင်​ဖြစ်​စေ​ကာ​မူ​ထို​မြေ​ယာ​တွင်​ထွန်​ယက်​စိုက်​ပျိုး​နိုင်​ကြ​၏။-
20 Viss svētais zemes gabals lai ir divdesmit un pieci tūkstoš (olektis) garumā un divdesmit un piectūkstoš (olektis) platumā; to jums būs atšķirt par svētu zemes gabalu līdz ar to pilsētas tiesu.
၂၀သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။
21 Un kas atliek, tas lai pieder valdniekam, tā svētā zemes gabala un pilsētas tiesas šinī un viņā pusē gar tā svētā gabala divdesmit pieci tūkstoš (olektīm) līdz rīta robežai un pret vakara pusi gar tām divdesmit piectūkstoš (olektīm) līdz vakara robežai, sānis tām citām daļām; tas būs priekš valdnieka. Un tas svētais zemes gabals ar tā nama svēto vietu lai ir viņa vidū.
၂၁ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။
22 Un (sākot) no levitu tiesas un no pilsētas tiesas, (vidū tam, kas valdniekam pieder, ) starp Jūda un Benjamina robežām, tas lai valdniekam pieder.
၂၂
23 Tad lai tās citas tiesas nāk; no rīta puses līdz vakara pusei Benjaminam viena daļa.
၂၃ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ ဗင်္ယာ​မိန် ရှိ​မောင် ဣသ​ခါ ဇာ​ဗု​လုန် ဂဒ်
24 Un pie Benjamina robežas no rīta puses līdz vakara pusei Sīmeanam viena daļa.
၂၄
25 Un pie Sīmeana robežas no rīta puses līdz vakara pusei Īsašaram viena daļa.
၂၅
26 Un pie Īsašara robežas no rīta puses līdz vakara pusei Zebulonam viena daļa.
၂၆
27 Un pie Zebulona robežas no rīta puses līdz vakara pusei Gadam viena daļa.
၂၇
28 Un pie Gada robežas dienvidu malā pret dienvidiem būs tā robeža no Tamāra uz Kādeša strīdus ūdeni un tad uz to upi līdz lielai jūrai.
၂၈ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။
29 Šī ir tā zeme, ko jums ar mesliem būs izdalīt par mantību visām Israēla ciltīm, un šīs lai ir viņu daļas, saka Tas Kungs Dievs.
၂၉အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
30 Un šīs lai ir tās pilsētas robežas: ziemeļa pusē četrtūkstoš un piecsimt mēri.
၃၀ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။
31 Un pilsētas vārti lai ir pēc Israēla cilšu vārdiem, trīs vārti pret ziemeli: Rūbena vārti, vieni, Jūda vārti, vieni, Levja vārti, vieni.
၃၁
32 Un pret rītiem četrtūkstoši un piecsimt (mēri) un trīs vārti: Jāzepa vārti, vieni, Benjamina vārti, vieni, Dana vārti, vieni.
၃၂
33 Pret dienasvidu arīdzan četrtūkstoši un piecsimt mēri un trīs vārti: Sīmeana vārti, vieni, Īsašara vārti, vieni, Zebulona vārti, vieni.
၃၃
34 Pret vakariem četrtūkstoš un piecsimt (mēri) un trīs vārti: Gada vārti, vieni, Ašera vārti, vieni, Naftalus vārti, vieni.
၃၄
35 Visapkārt astoņpadsmit tūkstoš (mēri). Un pilsētas vārds būs no tās dienas: še ir Tas Kungs.
၃၅မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< Ecechiela 48 >