< Ecechiela 34 >
1 Un Tā Kunga vārds uz mani notika sacīdams:
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 Cilvēka bērns, sludini pret Israēla ganiem, sludini un saki uz tiem, uz tiem ganiem: tā saka Tas Kungs Dievs: Ak vai, Israēla ganiem, kas sevi pašus gana! Vai ganiem nebūs avis ganīt?
၂အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။
3 Jūs ēdat tos taukus un apģērbjaties ar to vilnu, jūs kaujat to baroto, bet tās avis jūs neganiet.
၃သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
4 Tās vājās jūs nespēcinājāt, un to neveselo jūs nedziedinājāt, un to satriekto jūs nesasienat, un to aizdzīto jūs nenesāt atpakaļ un to pazudušo jūs nemeklējāt, bet jūs valdāt pār tiem bargi un ar grūtumu.
၄အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
5 Tā tās izklīdušas, tāpēc ka gana nebija, un paliek par barību visiem lauka zvēriem un izklīst.
၅ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။
6 Manas avis maldās pa visiem kalniem un pa visiem augstiem pakalniem, Manas avis izklīdušas pa visu zemes virsu, un nav neviena, kas pēc tām skatās, un neviena, kas tās meklē.
၆ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။
7 Tādēļ, gani, klausiet Tā Kunga vārdu!
၇သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
8 Tik tiešām kā Es dzīvoju, saka Tas Kungs Dievs, tāpēc ka Manas avis ir tapušas par laupījumu, un Manas avis visiem lauka zvēriem par barību, tāpēc ka gana nebija, un ka Mani gani nelūko pēc Manām avīm, bet tie gani gana sevi pašus, bet Manas avis tie negana, -
၈အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊
9 Tādēļ, gani, klausiet Tā Kunga vārdu!
၉အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။
10 Tā saka Tas Kungs Dievs: redzi, Es celšos pret tiem ganiem, un prasīšu Savas avis no viņu rokas un darīšu, ka tie Manas avis vairs neganīs, un tie gani vairs neganīs sevi pašus. Un Es izraušu Savas avis no viņu mutes, ka tās tiem vairs nebūs par barību.
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။
11 Jo tā saka Tas Kungs Dievs: redzi, Es, tiešām Es vaicāšu pēc Savām avīm un tās meklēšu.
၁၁အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12 Jo kā gans meklē savu ganāmo pulku tai dienā, kad viņš ir savu izklīdušo avju vidū, tā Es meklēšu Savas avis un tās izpestīšu no visām tām vietām, kurp tās noklīdušas tumšā un vētrainā dienā.
၁၂ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
13 Un Es tās izvedīšu no tām tautām un tās sapulcināšu no tām zemēm un tās pārvedīšu viņu pašu zemē un tās ganīšu uz Israēla kalniem, pa tām lejām un pa visām vietām, kur tai zemē mīt.
၁၃အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။
14 Es tās ganīšu labā ganībā, un viņu mitekļi būs uz Israēla augstiem kalniem; tur tie apgulsies labos mitekļos un ganīsies taukā ganībā uz Israēla kalniem.
၁၄ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15 Es pats ganīšu Savas avis un Es pats tās guldināšu, saka Tas Kungs Dievs.
၁၅ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16 Pazudušo Es gribu meklēt un aizdzīto Es gribu nest atpakaļ un satriekto Es gribu sasiet un vārguli Es gribu spēcināt, bet tauko un stipro Es gribu izdeldēt; Es tās ganīšu ar taisnību.
၁၆ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 Jūs, Manas avis! - Tas Kungs Dievs saka tā: redzi, Es tiesāšu starp avi un avi, starp auniem un āžiem.
၁၇အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။
18 Vai tas jums vēl ir maz, ka jūs noganiet to labo ganību? Vai gribat arī savu atlikušo ganību samīdīt ar savām kājām? - Un ka jūs dzerat no skaidra ūdens, - vai to atlikušo gribat sajaukt ar savām kājām?
၁၈သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19 Vai tad Manām avīm būs ēst, kas no jūsu kājām ir samīts, un dzert, kas no jūsu kājām ir sajaukts?
၁၉သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။
20 Tādēļ Tas Kungs Dievs tā saka uz tiem: redzi, Es, tiešām Es tiesāšu starp tām taukām avīm un tām liesām avīm.
၂၀သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21 Tāpēc ka jūs visas vājās stumdiet ar sāniem un ar pleciem un badiet ar saviem ragiem, kamēr jūs tās esat izdzinuši ārā.
၂၁သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22 Tāpēc Es Savas avis gribu pestīt, lai tās vairs nav par laupījumu, un Es tiesāšu starp avi un avi.
၂၂ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23 Un Es par tiem iecelšu vienu vienīgu ganu, kas lai tās gana, proti Savu kalpu Dāvidu; tas tās ganīs, un tas tām būs par ganu.
၂၃သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24 Un Es Tas Kungs tiem būšu par Dievu, un mans kalps Dāvids būs tas valdnieks viņu vidū. Es, Tas Kungs, to esmu runājis.
၂၄ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။
25 Un Es ar tiem darīšu miera derību, un izdeldēšu ļaunos zvērus no zemes, un tie dzīvos tuksnesī bez bailēm un gulēs mežos.
၂၅သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။
26 Un Es darīšu viņus un tās vietas ap Manu kalnu par svētību, un Es došu lietu savā laikā; tas būs svētības lietus.
၂၆သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။
27 Un koki uz lauka dos savus augļus, un zeme dos savus augļus, un tie būs bez bailēm savā zemē un samanīs, ka Es esmu Tas Kungs, kad Es būšu salauzis viņu jūga kokus un tos izglābis no viņu kalpinātāju rokas.
၂၇တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28 Un tie nebūs vairs pagāniem par laupījumu, un zvēri virs zemes tos vairs neaprīs, bet tie dzīvos droši, un neviens tos neizbiedēs.
၂၈နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29 Un Es tiem audzināšu stādu par slavu, un tie tai zemē vairs netaps aizgrābti caur badu un nenesīs vairs apsmieklu no pagāniem.
၂၉အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
30 Un tie samanīs, ka Es, Tas Kungs, viņu Dievs, esmu ar viņiem, un tie, Israēla nams, ir Mani ļaudis, saka Tas Kungs Dievs.
၃၀သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
31 Un jūs esat Manas avis, Manas ganāmās avis; cilvēki jūs esat, Es esmu jūsu Dievs, saka Tas Kungs Dievs.
၃၁ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။