< Ecechiela 30 >
1 Un Tā Kunga vārds uz mani notika sacīdams:
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 Cilvēka bērns, sludini un saki: tā saka Tas Kungs Dievs: kauciet: Ak vai, tai dienai!
၂အချင်းလူသား၊ သင်သည် ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ် ကြလော့။
3 Jo tā diena ir tuvu, tiešām Tā Kunga diena ir tuvu, diena tumši apmākusies, pagānu laiks ir klāt.
၃ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။
4 Un zobens nāks Ēģiptes zemē, un Moru zemē būs lielas sāpes, kad kautie kritīs Ēģiptes zemē, un viņas pulki taps aizvesti, un viņas pamati taps nolauzti.
၄ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။
5 Moru zeme un Libija un Lidija un visādi ļaudis un Kubs un tās derības zemes bērni kritīs līdz ar viņiem caur zobenu.
၅အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒ ပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။
6 Tā saka Tas Kungs: tiešām, Ēģiptes palīgi kritīs, un viņas lepnais stiprums taps nogāzts, no Migdolas līdz Ziēnei tie tur kritīs caur zobenu, saka Tas Kungs Dievs.
၆အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
7 Un tie taps postīti vidū starp postītām zemēm, un viņu pilsētas būs starp postītām pilsētām;
၇ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည်။
8 Un tie samanīs, ka Es esmu Tas Kungs, kad Es uguni kuršu Ēģiptes zemē, un visi viņas palīgi taps satriekti.
၈ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
9 Tai dienā no Manis izies vēstneši ar laivām, iztrūcināt Moru zemi, kas droši dzīvo, un pie tiem būs lielas bēdas, tā kā Ēģiptes dienā, jo redzi, (tie) nāk!
၉ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။
10 Tā saka Tas Kungs Dievs: tiešām, Es nobeigšu Ēģiptes pulkus caur Nebukadnecara, Bābeles ķēniņa, roku.
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည်။
11 Šis un viņa ļaudis līdz ar viņu, tie visbriesmīgākie starp tautām, taps atvesti, postīt zemi, un izvilks savus zobenus pret Ēģipti un piepildīs zemi ar nokautiem.
၁၁ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ၍၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။
12 Un Es upes darīšu sausas un zemi pārdošu tiem nikniem rokā, un zemi un kas tur ir, Es izpostīšu caur svešinieku roku; Es Tas Kungs to esmu runājis.
၁၂မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည်။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည်၌ ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရား ပြောပြီ။
13 Tā saka Tas Kungs Dievs: un Es izdeldēšu tos elkus un darīšu galu Nofas(Memfisas) dievekļiem, un valdnieka vairs nebūs Ēģiptes zemē; un Es sūtīšu izbailes pār Ēģiptes zemi.
၁၃အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည်။
14 Un Es izpostīšu Patrus zemi, un kuršu uguni Coanā, un turēšu tiesu Noā:
၁၄ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။
15 Un Es izgāzīšu Savu bardzību pār Sinu, Ēģiptes stiprumu, un izdeldēšu tos pulkus Noā.
၁၅အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း၍၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည်။
16 Un iededzināšu uguni Ēģiptes zemē; Sina cietīs lielas sāpes, un No taps sašķelta, un Nofa dienas vidū taps spaidīta.
၁၆အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ် ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။
17 Avenas un Pibozetes jaunekļi kritīs caur zobenu, un pašas aizies cietumā.
၁၇အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည်။
18 Un Takvanesā gaisma taps aptumšota, kad Es Ēģiptes jūgu tur salauzīšu un viņas lepno stiprumu tur nobeigšu; mākonis viņu apklās, un viņas meitas ies cietumā.
၁၈တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
19 Tā Es turēšu tiesu Ēģiptes zemē, lai tie atzīst, ka Es esmu Tas Kungs.
၁၉ထိုသို့အဲဂုတ္တုပြည်၌ ငါသည် အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
20 Un vienpadsmitā gadā, pirmā mēnesī, septītā mēneša dienā Tā Kunga vārds uz mani notika sacīdams:
၂၀သက္ကရာဇ်တဆယ်တခု၊ ပဌမလ ခုနစ်ရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21 Cilvēka bērns! Faraona, Ēģiptes ķēniņa, elkoni Es esmu satriecis, un redzi, to nesasies, plāksteri neuzliks, ar autiem neaptīs, un tas vairs neatspirgs, ka varētu zobenu turēt.
၂၁အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။
22 Tāpēc tā saka Tas Kungs Dievs: redzi, Es celšos pret Faraonu, Ēģiptes ķēniņu, un satriekšu viņa elkoņus, to stipro kā to satriekto, un Es viņa zobenam likšu izkrist no viņa rokas.
၂၂ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ထားကို သူ့လက်မှ ကျစေမည်။
23 Un Es ēģiptiešus izkaisīšu starp tautām un tos izputināšu pa zemēm.
၂၃အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ တွင် ကွဲပြားပြန့်လွင့်စေမည်။
24 Un Es stiprināšu Bābeles ķēniņa elkoņus, un Savu zobenu došu viņa rokā, bet Faraona elkoņus Es satriekšu, ka tam viņa priekšā būs vaidēt, tā kā ievainots vaid.
၂၄ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ထားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
25 Tiešām, Es stiprināšu Bābeles ķēniņa elkoņus, bet Faraona elkoņi nogurs, un tie samanīs, ka Es esmu Tas Kungs, kad Es Savu zobenu došu Bābeles ķēniņam rokā, un viņš to pacels pār Ēģiptes zemi.
၂၅ဗာဗုလုန်ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည်။ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့် မည်။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည်။
26 Un Es izkaisīšu ēģiptiešus starp tautām un tos izputināšu pa zemēm, lai tie atzīst, ka Es esmu Tas Kungs.
၂၆ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည် တို့၌ ငါကွဲပြားပြန့်လွင့်စေမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။