< Otra Mozus 9 >
1 Tad Tas Kungs sacīja uz Mozu: ej pie Faraona un runā uz to: tā saka Tas Kungs, tas Ebreju Dievs: atlaid Manus ļaudis, ka tie Man kalpo;
၁ထာဝရဘုရားက မောရှေအား``ဘုရင်ထံ သို့သွား၍ ဟေဗြဲအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားဤသို့မိန့်တော်မူ ၏။ `ငါ့အားဝတ်ပြုနိုင်စေရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
2 Jo ja tu liegsies, tos atlaist un tos vēl ilgāki aizturēsi,
၂သင်သည်သွားခွင့်မပြုဘဲနေဦးမည်ဆိုလျှင်၊-
3 Redzi, tad Tā Kunga roka būs pār tavu ganāmupulku, kas ir laukā, pār zirgiem, pār ēzeļiem, pār kamieļiem, pār vēršiem un pār sīkiem lopiem ar varen grūtu mēri.
၃ငါသည်သင်တို့၏မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ ဆိတ်တို့ကိုရောဂါဆိုးဖြင့်သေကျေ ပျက်စီးစေမည်။-
4 Un Tas Kungs darīs brīnišķu starpību starp Israēla lopiem un ēģiptiešu lopiem, ka tur no visa, kas Israēla bērniem pieder, nevienam nebūs mirt.
၄သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
5 Un Tas Kungs nolika īpašu laiku un sacīja: rītu Tas Kungs to darīs šinī zemē.
၅ငါသည်နက်ဖြန်နေ့၌ထိုအမှုကိုပြုမည်' ဟုထာဝရဘုရားအချိန်ကန့်သတ်တော်မူ ကြောင်းကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
6 Un Tas Kungs to darīja tai nākošā dienā, un visi ēģiptiešu lopi nomira, bet no Israēla bērnu lopiem nemira neviens.
၆နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
7 Un Faraons nosūtīja, un redzi (patiesi), no Israēla lopiem nebija neviens nomiris. Bet Faraona sirds apcietinājās un viņš neatlaida tos ļaudis.
၇ဘုရင်သည်ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန် တစ်ကောင်မျှမသေကြောင်းကိုစုံစမ်း သိရှိရလေ၏။ သို့သော်ဘုရင်သည်ခေါင်းမာ မြဲခေါင်းမာလျက် ဣသရေလအမျိုးသား တို့ကိုသွားခွင့်မပြုဘဲနေလေ၏။
8 Tad Tas Kungs sacīja uz Mozu un Āronu: ņemat pilnas saujas pelnu no krāsns, un lai Mozus tos kaisa pret debesīm Faraonam redzot,
၈ထိုနောက်ထာဝရဘုရားက မောရှေနှင့်အာရုန် တို့အား``မီးဖိုထဲကပြာကိုလက်နှင့်ဆုပ်ယူ လော့။ မောရှေသည်ဘုရင်ရှေ့တွင်ပြာကိုလေ ထဲသို့ပစ်လွှင့်ရမည်။-
9 Ka tie izput pār visu Ēģiptes zemi un paliek par trumiem, kas izsitās ar pūtēm pie cilvēkiem un pie lopiem pa visu Ēģiptes zemi.
၉ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။-
10 Un tie ņēma pelnus no krāsns un stājās Faraona priekšā, un Mozus tos kaisīja pret debesīm, - tad izsitās trumi ar pūtēm pie cilvēkiem un pie lopiem.
၁၀သို့ဖြစ်၍သူတို့သည်ပြာကိုယူ၍ဘုရင်ရှေ့ တွင်ရပ်နေကြ၏။ မောရှေသည်ပြာကိုလေထဲ သို့ပစ်လွှင့်လိုက်ရာ လူနှင့်တိရစ္ဆာန်တို့၏ကိုယ် ပေါ်၌အနာဆိုးများပေါက်စေလေ၏။-
11 Tā ka tie burvji priekš Mozus nevarēja stāvēt to trumu dēļ, jo trumi bija pie tiem burvjiem un pie visiem ēģiptiešiem.
၁၁အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
12 Bet Tas Kungs apcietināja Faraona sirdi, ka tas tiem neklausīja, kā Tas Kungs uz Mozu bija runājis.
၁၂သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
13 Tad Tas Kungs sacīja uz Mozu: celies rīt agri un stājies Faraona priekšā un runā uz to: tā saka Tas Kungs, tas Ebreju Dievs, atlaid Manus ļaudis, ka tie Man kalpo.
၁၃ထိုနောက်ထာဝရဘုရားကမောရှေအား ဟေဗြဲ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြားလော့။ ``နံ နက်စောစောတွင် ဘုရင်နှင့်သွားရောက်တွေ့ဆုံ ပြီးလျှင်`ငါ့အားဝတ်ပြုနိုင်ရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
14 Jo šo brīdi Es sūtīšu visas Savas mocības tavā sirdī un pār taviem kalpiem un pār taviem ļaudīm, ka tev būs atzīt, ka neviens nav tāds kā Es pa visu zemes virsu.
၁၄ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
15 Jo Es Savu roku jau būtu izstiepis un tevi un tavus ļaudis sitis ar mēri, ka tu no zemes būtu izdeldēts;
၁၅အကယ်၍ငါသည်တန်ခိုးတော်ဖြင့် သင်နှင့် သင်၏လူမျိုးကိုရောဂါဘေးသင့်စေခဲ့ပါမူ သင်တို့အားလုံးပင်သေကျေပျက်စီးကုန် မည်ဖြစ်သည်။-
16 Bet patiesi, tāpēc Es tevi esmu taupījis, ka Es Savu spēku pie tevis parādītu, un ka Mans vārds taptu teikts pa visu zemes virsu.
၁၆သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
17 Vai tu vēl celies pret Maniem ļaudīm, negribēdams tos atlaist?
၁၇သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
18 Redzi, rīt ap šo laiku Es likšu krist varen lielai krusai, kāda vēl nav bijusi Ēģiptes zemē no tās dienas, kamēr tā ir celta, līdz šim.
၁၈နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
19 Un nu sūti un sadzen savus lopus, un visu, kas tev ir uz lauka; visi cilvēki un lopi, kas laukā atradīsies un pajumtā nebūs sadzīti, tie nomirs, kad šī krusa uz viņiem kritīs.
၁၉ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။''
20 Kurš nu no Faraona kalpiem Tā Kunga vārdu bijās, tas saviem kalpiem un saviem lopiem lika bēgt pajumtā.
၂၀ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။-
21 Bet kurš savā sirdi Tā Kunga vārdu nelika vērā, tas savus kalpus un savus lopus pameta laukā.
၂၁အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။
22 Tad Tas Kungs sacīja uz Mozu: izstiep savu roku pret debesīm, un lai krusa nāk visā Ēģiptes zemē pār cilvēkiem un pār lopiem un pār visiem lauka augļiem Ēģiptes zemē.
၂၂ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။-
23 Un Mozus izstiepa savu zizli pret debesīm. Un Tas Kungs izlaida pērkonus un krusu, un uguns nošāvās uz zemi.
၂၃မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
24 Un Tas Kungs lika krusai līt pār Ēģiptes zemi, un tur bija krusa un uguns laistījās krusā, ļoti briesmīgs, kāds nav bijis Ēģiptes zemē, kamēr ļaudis tur bijuši.
၂၄ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။-
25 Un krusa apsita visā Ēģiptes zemē visu, kas bija laukā, cilvēkus līdz ar lopiem, un visus lauka augļus krusa apsita un salauzīja visus kokus laukā.
၂၅အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။-
26 Tik Gošenes zemē vien, kur Israēla bērni dzīvoja, krusas nebija.
၂၆ဣသရေလအမျိုးသားတို့နေထိုင်ရာ ဂေါရှင်ဒေသသည်သာလျှင် မိုးသီးမိုး ဒဏ်မှလွတ်ကင်းသည်။
27 Tad Faraons sūtīja un aicināja Mozu un Āronu un tiem sacīja: es šo brīdi esmu grēkojis; Tas Kungs ir taisns, bet es un mani ļaudis esam bezdievīgi.
၂၇ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။-
28 Lūdziet To Kungu, lai ir gan (pietiek), ka Dieva pērkoni un krusa apstātos, tad es jūs atlaidīšu un jums vairs nebūs palikt.
၂၈ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
29 Tad Mozus uz viņu sacīja: kad no pilsētas iziešu, es savas rokas izstiepšu uz To Kungu, tad pērkoni mitēsies, un krusas vairs nebūs, lai tu atzīsti, ka tā zeme pieder Tam Kungam.
၂၉ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
30 Tomēr tevi un tavus kalpus es zinu, ka jūs vēl nebīsities Dievu, To Kungu.
၃၀သို့သော်လည်းသင်နှင့်သင်၏မှူးမတ်တို့သည် ထာဝရအရှင်ဘုရားသခင်ကိုကြောက်ရွံ့ ခြင်းမရှိသေးကြောင်းကျွန်ုပ်သိပါသည်'' ဟုလျှောက်လေ၏။
31 Tā tapa apsisti lini un mieži, jo mieži bija izplaukuši, un liniem jau bija galviņas.
၃၁မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
32 Bet kvieši un rudzi netapa apsisti, jo tie bija vēlu sēti.
၃၂သို့ရာတွင်ဂျုံစပါးပင်တို့သည် အမှည့် နောက်ကျသဖြင့်မပျက်စီးကြချေ။
33 Tad Mozus aizgāja no Faraona, no pilsētas ārā, un izstiepa savas rokas uz To Kungu, un pērkoni un krusa mitējās, un lietus vairs negāzās zemē.
၃၃မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
34 Kad nu Faraons redzēja, ka lietus un krusa un pērkoni mitējās, tad viņš vēl vairāk apgrēkojās un apcietināja savu sirdi, viņš un viņa kalpi.
၃၄ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။-
35 Tā Faraona sirds apcietinājās, ka viņš Israēla bērnus neatlaida, kā Tas Kungs caur Mozu bija runājis.
၃၅ထာဝရဘုရားသည်မောရှေအားမိန့်တော် မူခဲ့သည့်အတိုင်း ဘုရင်သည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ ပြန်၏။