< Salamans Mācītājs 11 >
1 Met savu maizi ūdenī, ar laiku tu to atdabūsi.
၁သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
2 Izdali to septiņiem vai astoņiem, jo tu nezini, kāda nelaime būs virs zemes.
၂လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
3 Kad padebeši pilni, tad tie izlej lietu uz zemi; un kā koks kritīs pret dienvidu vai pret ziemeli, - kur koks krīt, tur tas arī paliek.
၃မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
4 Kas uz vēju mana, tas nesēj, un kas uz padebešiem raugās, tas nepļauj.
၄လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။
5 Tā kā tu nezini, kāds ceļš ir vējam, jeb kā kauli aug grūtas sievas miesās, tāpat tu nezini Dieva darbu, ko Viņš visu padara.
၅နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
6 No rīta sēj savu sēklu un neliec mierā savu roku vakarā; jo tu nezini, kā jo labi izdosies, vai šā vai tā; un kad abējādi izdotos, tad būtu jo labi.
၆နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
7 Gaišums ir salds un acīm tīk sauli redzēt.
၇အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
8 Bet jebšu cilvēks daudz gadus dzīvo un arvienu priecājās, tad lai tomēr viņš arī piemin tās nebaltās dienas, jo viņu būs daudz. Viss, kas nāk, ir niecība.
၈သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
9 Priecājies, jaunekli, savā jaunībā, un lai tava sirds tur labu prātu savas jaunības dienās, un staigā kā tava sirds kāro un kā tavām acīm patīk; bet zini, ka Dievs par visu šo tevi vedīs priekš tiesas.
၉အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
10 Tad izmet nu skumību no savas sirds un aizdzen ļaunumu no savām miesām; jo jaunība un rīta blāzma(bērnība) ir niecība.
၁၀သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။