< Piektā Mozus 16 >

1 Ņem vērā Abiba mēnesi, ka tu tos Pasa svētkus turi Tam Kungam, savam Dievam, jo Abiba mēnesī Tas Kungs, tavs Dievs, tevi naktī izvedis no Ēģiptes zemes.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​ညဥ့်​အ​ခါ သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ကြောင့် ထို​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ရန်​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ လော့။-
2 Tad tev būs kaut to Pasa Tam Kungam, savam Dievam, avis un vēršus, tai vietā, ko Tas Kungs izredzēs, tur iecelt Savu vārdu.
သင်​တို့​သည်​ကိုး​ကွယ်​ရာ​တစ်​ခု​တည်း​သော ဌာ​န​သို့​သွား​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ထို​ဌာ​န​တွင်​နွား​သို့​မ​ဟုတ်​သိုး​ကို​သတ် ၍​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ​လော့။-
3 Tad tev nebūs ēst, kas raudzēts; septiņas dienas tev būs ēst neraudzētas bēdu maizes, jo steigdamies tu esi izgājis no Ēģiptes, lai tu piemini to dienu, kur izgāji no Ēģiptes zemes, kamēr tu dzīvo.
သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​အ​ဆော​တ​လျင် ထွက်​ခွာ​လာ​ခဲ့​ရ​စဉ်​က တ​ဆေး​မ​ပါ​သော မုန့်​ကို​စား​သ​ကဲ့​သို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရာ​တွင် တ​ဆေး​မ​ပါ​သော​မုန့်​ကို​ခု​နစ်​ရက်​တိုင်​တိုင် စား​ရ​မည်။ သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရာ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ရ​သော​နေ့​ကို တစ်​သက်​လုံး​သ​တိ​ရ​စေ​ရန် ဆင်း​ရဲ​ဒုက္ခ တည်း​ဟူ​သော​တ​ဆေး​မ​ပါ​သော​မုန့် ကို​စား​ကြ​လော့။-
4 Tāpēc septiņas dienas lai neredz rauga pie tevis pa visām tavām robežām, un par nakti līdz rītam lai nekas neatliek no tās gaļas, ko tu esi nokāvis pirmās dienas vakarā.
သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင် ခု​နစ်​ရက်​ပတ် လုံး​မည်​သူ​၏​အိမ်​၌​မျှ​တ​ဆေး​မ​ရှိ​စေ​ရ။ ပ​ထ​မ​နေ့​ည​နေ​တွင်​သတ်​သော​တိရစ္ဆာန်​၏ အ​သား​ကို​လည်း ည​တွင်း​ချင်း​ကုန်​အောင် စား​ရ​မည်။''
5 To Pasa tu nevari kaut jebkuros no taviem vārtiem, ko Tas Kungs, tavs Dievs, tev dod;
``သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​အ​ခြား​နေ​ရာ များ​တွင် ပ​သ​ခါ​ပွဲ​တော်​အ​တွက်​ယဇ်​ကောင် များ​ကို​မ​သတ်​ရ။ ကိုး​ကွယ်​ရာ​တစ်​ခု​တည်း သော​ဌာ​န​၌​သာ​ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​များ ကို​သတ်​ရ​မည်။ သင်​တို့​သည်​နေ​ဝင်​ချိန်​တွင် အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့​ရ​သည်။ သို့​ဖြစ်​၍ နေ​ဝင်​ချိန်​၌​ယဇ်​ကောင်​များ​ကို​သတ်​ရ​မည်။-
6 Bet tai vietā, ko Tas Kungs, tavs Dievs, izredzēs, ka Viņa vārds tur dzīvo, (tur) tev būs kaut to Pasa, vakarā saulei noejot, ap to laiku, kur tu izgāji no Ēģiptes zemes.
7 Tev to būs vārīt un ēst tai vietā, ko Tas Kungs, tavs Dievs, tev izredzēs; pēc tam tev rītā būs atpakaļ griezties un iet uz savu mājas vietu.
သင်​တို့​သည်​ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော ဌာ​န​တွင်​ထို​အ​သား​ကို​ပြုတ်​၍​စား​ပြီး လျှင် နောက်​တစ်​နေ့​နံ​နက်​၌​နေ​အိမ်​သို့ ပြန်​ရ​ကြ​မည်။-
8 Sešas dienas tev būs ēst neraudzētas maizes, bet septītā dienā lai ir svēta sapulce Tam Kungam, tavam Dievam; nekādu darbu tev nebūs darīt.
သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​တ​ဆေး​မ​ပါ သော​မုန့်​ကို​စား​၍​သတ္တ​မ​နေ့​တွင်​စု​ဝေး​လျက် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။
9 Septiņas nedēļas skaiti sev; kad ar cirpi nāk druvā, tad tev būs sākt skaitīt tās septiņas nedēļas.
``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-
10 Tad tev būs turēt nedēļu svētkus Tam Kungam, savam Dievam, ar savas rokas labprātīgo dāvanu, ko tu dosi, tā kā Tas Kungs, tavs Dievs, tevi svētījis.
၁၀ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-
11 Un tev būs priecāties Tā Kunga, sava Dieva, priekšā, tev un tavam dēlam un tavai meitai un tavam kalpam un tavai kalponei un tam Levitam, kas ir tavos vārtos, un tam piedzīvotājam, tam bāriņam un tai atraitnei, kas ir tavā vidū, tai vietā, ko Tas Kungs, tavs Dievs, izredzēs, ka Viņa vārds tur mājo.
၁၁သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-
12 Un tev būs pieminēt, ka esi bijis kalps Ēģiptes zemē, un tev šos likumus būs turēt un darīt. -
၁၂သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''
13 Lieveņu svētkus tev būs turēt septiņas dienas, kad tu esi sakrājis no sava klona un no sava vīna spaida.
၁၃``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-
14 Un tev būs priecāties savos svētkos, tev un tavam dēlam un tavai meitai un tavam kalpam un tavai kalponei un tam Levitam un tam piedzīvotājam un tam bāriņam un tai atraitnei, kas ir tavos vārtos.
၁၄သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-
15 Septiņas dienas tev būs svētkus turēt Tam Kungam, savam Dievam, tai vietā, ko Tas Kungs izredzēs; jo Tas Kungs, tavs Dievs, tevi svētīs pie visiem taviem augļiem un pie visa tava roku darba, tāpēc tev tikai būs priecāties.
၁၅သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''
16 Trīs reizes gadskārtā visiem taviem vīriešiem būs rādīties Tā Kunga, tava Dieva, priekšā tai vietā, ko Viņš izredzēs, neraudzētās maizes svētkos un nedēļu svētkos un lieveņu svētkos; bet tiem nebūs tukšā rādīties Tā Kunga priekšā,
၁၆``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''
17 Ikvienam ar savas rokas dāvanu, pēc tās svētības, ko Tas Kungs, tavs Dievs, tev devis.
၁၇
18 Soģus un priekšniekus tev būs sev iecelt visos savos vārtos, ko Tas Kungs, tavs Dievs tev dos tavās ciltīs, lai tie tos ļaudis tiesā ar taisnu tiesu,
၁၈``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သည့်​မြို့​တိုင်း​တွင် တ​ရား သူ​ကြီး​များ​နှင့်​အ​ခြား​အ​ရာ​ရှိ​များ​ကို ခန့်​ထား​ရ​မည်။ ဤ​သူ​တို့​သည်​မျက်​နှာ မ​လိုက်​ဘဲ​တ​ရား​စီ​ရင်​ရ​မည်။-
19 Tev nebūs tiesu grozīt, tev nebūs vaigu uzlūkot, tev arī nebūs dāvanas ņemt; jo dāvanas apstulbo acis gudriem un pārgroza lietas taisniem.
၁၉တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-
20 Pēc taisnības, taisnības tev būs dzīties, lai tu vari dzīvot un iemantot to zemi, ko Tas Kungs, tavs Dievs, tev dos.
၂၀သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​ကို​သိမ်း​ယူ​၍ ထို ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​သည်​တ​ရား​မျှ​တ​စွာ​အ​စဉ်​ပြု​မူ ကျင့်​ကြံ​ရ​ကြ​မည်။''
21 Neviena koka tev nebūs stādīt sev par elka koku pie Tā Kunga, sava Dieva, altāra, ko tu sev taisīsi.
၂၁``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​တည်​သော​အ​ခါ​ပလ္လင် အ​နီး​တွင်​အာ​ရှ​ရ​ဘု​ရား​မ​၏​သစ်​တိုင် ကို​မ​စိုက်​မ​ထူ​ရ။-
22 Tev arī nebūs sev uzcelt nekādu elka stabu, ko Tas Kungs, tavs Dievs, ienīst.
၂၂ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကျောက်​တိုင်​ကို​လည်း မ​စိုက်​မ​ထူ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို အ​ရာ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။''

< Piektā Mozus 16 >