< Apustuļu Darbi 27 >
1 Un kad tas bija nospriests, ka mums bija pārcelties uz Itāliju, tad tie Pāvilu un kādus citus cietumniekus nodeva vienam karakapteinim, ar vārdu Julijus, no ķeizara karoga.
၁ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။
2 Un vienā Adramitijas laivā kāpuši, mēs gribējām Āzijas pilsētām iet garām, un aizcēlāmies, un Aristarks, tas Maķedonietis no Tesalonikas, bija mums līdz.
၂အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
3 Un otrā dienā mēs laidām malā pie Sidonas. Un Julijus laipnīgi pret Pāvilu turēdamies atļāva pie tiem draugiem iet, ka tas no tiem dabūtu apgādāšanu.
၃နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။
4 Un mēs no turienes aizcēlušies braucām apakš Kipras, jo vēji mums bija pretī.
၄ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည်၊
5 Un gar Ķiliķiju un Pamfiliju pār jūru pārcēlušies mēs nācām uz Miru Liķijas zemē.
၅ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။
6 Un tur tas kapteinis atrada vienu laivu no Aleksandrijas, kas gāja uz Itāliju, un lika mums tanī iekāpt.
၆ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။
7 Un mēs kādas dienas lēni braukdami un ar mokām pret Knidu nākuši, tāpēc ka vējš mūs nelaida, braucām gar Krietu pret Salmoni.
၇နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊
8 Un ar mokām tur garām braukuši mēs nācām kādā vietā, ko sauc par krāšņu ostu, kur Laseas pilsēta bija tuvu.
၈လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
9 Kad nu labs laiks bija pagājis un braukšana jau bija bailīga, tāpēc ka arī gavēņu laiks jau bija pāri, tad Pāvils tos pamācīja,
၉ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊
10 Uz tiem sacīdams: “Vīri, es redzu, ka tā braukšana notiks ar grūtumu un lielu postu, ne vien pie preces un laivas, bet arī pie mūsu dzīvības.”
၁၀အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။
11 Bet tas kapteinis vairāk ticēja stūrmanim un kuģiniekam, nekā tam, ko Pāvils sacīja.
၁၁သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။
12 Un kad tā mala nederēja, tur par ziemu mist, tad tā lielā puse padomu deva, no turienes aizcelties, vai nevarētu pie Feniķes kļūt, un tur par ziemu palikt; tā ir osta iekš Krietas un stāv pret dienvidu vēju un vakara vēju.
၁၂ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော်သာ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့ ၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။
13 Un kad dienvidu vējš lēni pūta, tad viņiem šķita, ka savu nodomu panākuši, un enkurus uzvilkuši, tie laida jo tuvu gar Krietu.
၁၃ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ၏။
14 Bet neilgi pēc tam viesuļa vējš, kas top saukts idus, pacēlās pret to salu.
၁၄ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက်၍၊
15 Un kad laiva tapa līdz aizrauta un nespēja pret vēju turēties, tad mēs to padevām un tapām nesti.
၁၅တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။
16 Un kad mēs pie vienas salas nācām, kas Klauda top saukta, tad mēs tikko varējām mazo laiviņu saturēt.
၁၆ကလောဒကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား၍၊
17 To tie uzvilkuši, ar virvēm to laivu nostiprināja, un bīdamies, ka uz seklumu neuzklīstu, zēģeli nolaida zemē un mētājās.
၁၇သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။
18 Un kad vētrā ļoti tapām mētāti, tad otrā dienā sāka lādiņu izmest.
၁၈လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။
19 Un trešā dienā mēs ar savām pašu rokām laivas rīkus izmetām.
၁၉သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ၍ ပစ်လိုက်ကြ၏။
20 Un kad kādas dienas ne saule, ne zvaigznes nespīdēja un liela auka mūs spieda, tad visa glābšanas cerība mums izzuda.
၂၀နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ။
21 Un kad tie ilgi nebija ēduši, Pāvils cēlās viņu vidū sacīdams: “Jums, ak vīri, būtu pienācies man paklausīt un neaizbraukt no Krietas un izsargāties no tāda grūtuma un skādes.
၂၁အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါစကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။
22 Un tagad es jūs pamācu turēt drošu prātu, jo nevienam no jums dzīvība nezudīs, bet vien tā laiva.
၂၂ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊
23 Jo šinī naktī man piestājās viens eņģelis no Tā Dieva, kam es piederu un kam es arī kalpoju,
၂၃အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော် မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက်၊
24 Sacīdams: “Nebīsties, Pāvil, tev būs nākt ķeizara priekšā, un redzi Dievs tev visus ir dāvinājis, kas līdz ar tevi ir laivā.”
၂၄ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို၏။
25 Tāpēc turat drošu prātu, jūs vīri: jo es Dievam ticu, ka tas tā notiks, kā man sacīts.
၂၅ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။
26 Bet mēs tapsim izmesti pie kādas salas.”
၂၆သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။
27 Kad nu tā četrpadsmitā nakts bija nākusi, un mēs Adrijas jūrā tapām mētāti ap nakts vidu, tad tie laivinieki bijās, ka neuzdurtos uz kādu malu.
၂၇တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့်၊
28 Un tie lodi izmeta un atrada divdesmit asis, un maķenīt tālāk atkal lodi izmetuši, atrada piecpadsmit asis.
၂၈ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။
29 Un bīdamies, ka uz akmeņiem neuzklīstu, tie meta no laivas pakaļgala četrus enkurus un vēlējās, ka gaisma austu.
၂၉ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ၏။
30 Bet kad tie laivinieki meklēja no laivas bēgt un mazo laiviņu nolaida jūrā, melodami, ka no priekšgala enkurus gribot nolaist,
၃၀သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊
31 Tad Pāvils uz to kapteini un tiem karavīriem sacīja: “Ja šie nepaliek laivā, tad jūs nevarat izglābties.”
၃၁ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
32 Tad tie karavīri tās laiviņas virves nocirta un lika tai nokrist.
၃၂ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။
33 Un kamēr gaisma ausa, Pāvils visus lūdza, lai barības pabauda, sacīdams: “Šodien ir tā četrpadsmitā diena, ka jūs gaidīdami paliekat neēduši un nekā neesat baudījuši.
၃၃မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
34 Tādēļ es jūs pamācu, barību ņemt; jo tas jums pašiem būs par labu; jo nevienam no jums ne mats no galvas nekritīs.”
၃၄ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။
35 Un to sacījis un maizi ņēmis, viņš Dievam pateicās visu priekšā un to pārlauzis iesāka ēst.
၃၅သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။
36 Un visi iedrošināti ņēma arī barību.
၃၆ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။
37 Un mēs tanī laivā pavisam bijām divsimt un septiņdesmit un sešas dvēseles.
၃၇ထိုသင်္ဘော၌ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။
38 Un paēduši tie laivu atviegloja, labību jūrā izmezdami.
၃၈ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
39 Un kad gaisma ausa, tie to zemi nepazina, bet ieraudzīja vienu jūras līci, kura malā tie laivu gribēja pielaist, ja tik varētu.
၃၉မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း၊ ထောင်ကွေ့တခု၌သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။
40 Un tie enkurus nocirtuši palaida jūrā un turklāt stūra saites atraisījuši un zēģeli pa vējam pacēluši dzinās pie malas.
၄၀ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။
41 Bet tie noklīda tādā vietā, kur uz abējām pusēm bija jūra, un laiva dauzījās, un priekšgals uzgāja uz sēkli un palika nekustināms, un pakaļgals tapa sadauzīts no viļņu varas.
၄၁ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။
42 Tad to karavīru padoms bija, tos saistītos nokaut, lai neviens izpeldēdams neizbēgtu.
၄၂ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။
43 Bet tas kapteinis, gribēdams Pāvilu izglābt, viņu padomam turējās pretī un pavēlēja tiem, kas varēja peldēt, papriekš ūdenī ielaisties un malā iet,
၄၃တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှါ၎င်း၊
44 Un tiem citiem, vai uz galdiem, vai uz kādiem laivas gabaliem; un tā notika, ka visi izglābās un tika malā.
၄၄ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။