< Pāvila 1. Vēstule Korintiešiem 7 >
1 Bet par to, ko jūs man esat rakstījuši, saku: cilvēkam ir labi, sievas neaizskart;
၁သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင်၊
2 Bet lai maucība nenotiek, tad lai ikkatram ir sava sieva, un lai ikkatrai ir savs vīrs,
၂ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။
3 Vīrs sievai lai parāda pienākamu mīlestību; tā arīdzan sieva vīram.
၃ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။
4 Sievai nav vaļas par savu miesu, bet vīram; tā arī vīram nav vaļas par savu miesu, bet sievai.
၄မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။
5 Neatraujaties viens otram, kā tikai vienā prātā uz kādu laiku, lai jums vaļa ir Dievu lūgt; un nāciet atkal kopā, lai sātans jūs nekārdina, kad nevarat valdīties.
၅အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။
6 To saku, atvēlēdams un ne pavēlēdams.
၆သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို၏။
7 Jo es gribētu, ka visi cilvēki tādi būtu, kā es; bet ikkatram ir sava dāvana no Dieva, vienam šāda, otram tāda.
၇လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။
8 Bet es saku nelaulātiem un atraitnēm: labi tiem, ja tie paliek itin kā es.
၈ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။
9 Bet ja tie nevar valdīties, tad lai iedodas laulībā: jo labāki ir iedoties laulībā, nekā degt kārībā.
၉သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။
10 Bet laulātiem pavēlu ne es, bet Tas Kungs, lai sieva neatšķiras no vīra.
၁၀ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။
11 Un ja tā arī būtu atšķīrusies, tad tai būs palikt bez laulības, vai salīgt ar vīru; un lai vīrs neatstumj sievu.
၁၁စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။
12 Bet tiem citiem saku es, ne Tas Kungs: ja kādam brālim ir neticīga sieva un tai ir pa prātam, dzīvot ar viņu, lai viņš to neatstumj.
၁၂ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။
13 Un ja sievai ir neticīgs vīrs, un tam ir pa prātam, dzīvot ar viņu, tā lai viņu neatstumj.
၁၃ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။
14 Jo neticīgais vīrs ir svētīts caur sievu, un neticīgā sieva ir svētīta caur vīru, jo citādi jūsu bērni būtu nešķīsti, bet tagad tie ir svēti.
၁၄အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။
15 Bet ja tas neticīgais atšķiras, tad lai tas atšķiras; tas brālis vai tā māsa šinīs lietās nav saistīti. Dievs mūs ir aicinājis uz mieru.
၁၅သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။
16 Jo ko tu, sieva, zini, vai tu vīru izglābsi? Jeb ko tu, vīrs, zini, vai tu sievu izglābsi?
၁၆အချင်းမိန်းမ၊ သင်သည်ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။
17 Tomēr kā kuram Dievs ir piešķīris, kā kuru Tas Kungs ir aicinājis, tā lai tas staigā, un tāpat es pavēlu visās draudzēs.
၁၇သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။
18 Jo kas ir aicināts apgraizīts, tas lai neuzvelk priekšādu; ja kas ir aicināts iekš priekšādas, tas lai netop apgraizīts.
၁၈အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျား လှီးခြင်းကို မခံစေနှင့်။
19 Apgraizīšana nav nekas, un priekšāda nav nekas, bet Dieva baušļu turēšana.
၁၉အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။
20 Kā kurš ir aicināts, tā lai viņš paliek.
၂၀ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့လူတိုင်းလုပ်နေစေ။
21 Ja tu kalps būdams esi aicināts, nebēdā par to; bet ja tu vari tapt svabads, tad to jo labāki pieņem.
၂၁အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်းလွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသော အခွင့်ကိုသာ၍ သုံးဆောင်လော့။
22 Ja kas iekš Tā Kunga ir aicināts, kalps būdams, tas ir Tā Kunga svabadnieks; tāpat arīdzan, kas svabadnieks būdams, ir aicināts, tas ir Kristus kalps.
၂၂အကြောင်းမူကားကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ ကျွန်ဖြစ်၏။
23 Jūs esat dārgi atpirkti; netopiet cilvēku kalpi.
၂၃သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။
24 Ikkatram, brāļi, kā tas ir aicināts, tā tam būs palikt pie Dieva.
၂၄ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။
25 Bet par tām meitām man nav Tā Kunga pavēles; bet padomu dodu, kā no Tā Kunga žēlastību dabūjis, ka esmu uzticīgs.
၂၅ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။
26 Tad nu man šķiet, tā esam labi tagadēja bēdu laika dēļ, ka cilvēkam labi, tāpat palikt.
၂၆စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။
27 Ja esi saderēts ar sievu, tad nemeklē atlaišanu; ja esi vaļā no sievas, tad nemeklē sievu.
၂၇သင်သည်မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။
28 Bet ja arī būsi laulībā iedevies, tad neesi grēkojis, un ja meita būs laulībā iedevusies, tad tā nav grēkojusi; bet tādiem pie miesas būs bēdas, bet es jūs gribētu saudzēt.
၂၈သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။
29 Bet to es saku, brāļi, tas laiks ir īss; tāpēc nu tie, kam sievas, lai ir, tā kā kad tiem nebūtu;
၂၉ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။
30 Un tie, kas raud, lai ir kā kas neraud; un kas priecājās, kā kas nepriecājās, un kas pērk, kā kas to nepatur:
၃၀ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။
31 Un kas šo pasauli lieto, kā kas to nelieto; jo šīs pasaules būšana paiet.
၃၁ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ်၏။
32 Bet es gribu, ka jūs esat bez zūdīšanās. Kas nelaulāts, tas rūpējās par Tā Kunga lietām, kā tas Tam Kungam var patikt;
၃၂သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။
33 Bet kas laulāts, tas rūpējās par pasaules lietām, kā tas sievai var patikt.
၃၃ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
34 Tāda pat starpība ir starp sievu un meitu: tā nelaulātā rūpējās par Tā Kunga lietām, ka tā svēta būtu miesā un garā; bet tā laulātā rūpējās par pasaules lietām, kā tā vīram var patikt.
၃၄ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
35 Un to es saku jums pašiem par labu: ne, ka gribētu jums apmest valgu, bet ka jūs godīgi dzīvojiet un pie Tā Kunga turaties bez mitēšanās.
၃၅ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။
36 Bet ja kam šķiet, ka viņa meitai, kas pāri par gadiem, tas nepieklājoties, un ja tam tā vajag notikt, tad lai dara, ko gribēdams; viņš negrēko: lai tā laulībā iedodas.
၃၆အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။
37 Bet kas ir pastāvīgs savā sirdī, un kam vajadzības nav, bet ir vaļa, pēc sava paša prāta darīt, un to savā sirdī ir apņēmies, savu meitu paturēt nelaulātu, - tas dara labi.
၃၇သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။
38 Tad nu, kas laulībā izdod, tas dara labi, un kas laulībā neizdod, tas dara labāki.
၃၈သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။
39 Sieva caur bauslību ir sieta, kamēr viņas vīrs dzīvs; bet kad viņas vīrs ir miris, tad tai ir vaļa precēt kuru grib, tikai iekš Tā Kunga.
၃၉မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသော သူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။
40 Bet viņa ir jo svētīga, ja viņa tāpat paliek, pēc mana padoma; bet man šķiet, ka man arīdzan ir Dieva Gars.
၄၀အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍မင်္ဂလာရှိသည်ဟု ငါသဘော ရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။