< Pirmā Laiku 16 >

1 Un tie atveda Dieva šķirstu un to nolika tai teltī, ko Dāvids tam bija uzcēlis, un upurēja dedzināmos upurus un pateicības upurus Dieva priekšā.
ထိုသို့ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာ ယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
2 Un kad Dāvids tos dedzināmos upurus un pateicības upurus bija pabeidzis, tad viņš tos ļaudis svētīja Tā Kunga Vārdā.
မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်း အမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရ ဘုရား၏နာမတော်ကို မြွက်၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ၏။
3 Un viņš izdalīja ikkatram no Israēla, tā vīram kā sievai, pa klaipam maizes un pa gabalam gaļas un pa mēram vīna.
ဣသရေလ လူယောက်ျားမိန်းမအပေါင်း တို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပျစ်သီးပျဉ်တပြား စီ ဝေငှတော်မူ၏။
4 Un kādus no Levitiem viņš nolika par kalpotājiem priekš Tā Kunga šķirsta, godāt, teikt un slavēt To Kungu, Israēla Dievu.
တဖန် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား၊
5 Asafs bija par virsnieku un otrs pēc viņa Zaharija; Jeīls, Zemiramots, Jeķiēls un Matitija un Elijabs un Benaja un ObedEdoms un Jeīels ar spēlēm, somastabulēm un koklēm, un Asafs skandināja ar pulkstenīšiem.
ခွက်ကွင်းတီးသော အကြီးအကဲအာသပ်၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗ ဒေဒုံ၊ ယေလတစုနှင့်၊
6 Un Benaja un Jeaziēls, tie priesteri, pūta vienmēr trumetes Dieva derības šķirsta priekšā.
ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ်ဗေနာယနှင့် ယဟာဇေလတည်း။
7 Tai dienā Dāvids pirmo reiz deva šo dziesmu, To Kungu slavēt, caur Asafu un viņa brāļiem:
ထိုနေ့၌ဒါဝိဒ်သည် အာသပ်နှင့်သူ့ညီတို့အား အပ်သော ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊
8 Teiciet To Kungu, piesauciet Viņa vārdu, dariet zināmus starp tautām Viņa darbus.
ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။
9 Dziedājiet Viņam, slavējiet To ar dziesmām, pārdomājiet visus Viņa brīnumus.
ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။
10 Slavējiet viņa svēto vārdu, lai sirds priecājās tiem, kas To Kungu meklē.
၁၀သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
11 Vaicājiet pēc Tā Kunga un pēc Viņa stipruma, meklējiet Viņa vaigu bez mitēšanās.
၁၁ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
12 Pieminiet Viņa brīnumus, ko Viņš darījis, Viņa brīnuma zīmes un Viņa mutes tiesas.
၁၂စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူး ဆန်းသော အမှုတော်တို့နှင့်နှုတ်တော်ထွက် ပညတ်တို့ကို ၎င်း အောက်မေ့ကြလော့။
13 Tu, Israēl, Viņa kalpa dzimums, jūs Jēkaba bērni, Dieva izredzētie.
၁၃ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
14 Viņš ir Tas Kungs, mūsu Dievs, Viņa tiesas iet pār visu zemi.
၁၄ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ စီရင် ပိုင်တော်မူ၏။
15 Pieminiet mūžīgi Viņa derību, to vārdu, ko Viņš iecēlis tūkstošiem dzimumiem,
၁၅ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
16 Ko Viņš derējis ar Ābrahāmu un ko zvērējis Īzakam.
၁၆
17 To Viņš arī Jēkabam iecēlis par likumu un Israēlim par mūžīgu derību,
၁၇
18 Sacīdams: tev Es došu Kanaāna zemi, jūsu mantības daļu; -
၁၈
19 Kad jūs bijāt mazs pulciņš, ne daudz, un svešinieki iekš tās.
၁၉
20 Un tie staigāja no vienas tautas pie otras, un no vienas valsts pie citiem ļaudīm.
၂၀သူတို့သည် တမြို့မှတမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
21 Viņš nekam neļāva tos spaidīt, Viņš arī ķēniņus pārmācīja viņu dēļ.
၂၁သူတို့ကိုညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက်၊
22 Neaizskariet Manus svaidītos, un nedariet ļauna Maniem praviešiem.
၂၂ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
23 Dziedājiet Tam Kungam, visa zeme, sludinājiet ikdienas Viņa pestīšanu.
၂၃မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။
24 Teiciet pagānu starpā Viņa godu, visu tautu starpā Viņa brīnumus.
၂၄ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌ ၎င်း ဘော်ပြကြလော့။
25 Jo Tas Kungs ir liels un ļoti slavējams un bijājams pār visiem dieviem.
၂၅ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
26 Jo visi pagānu dievi ir elki, bet Tas Kungs debesis radījis.
၂၆တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
27 Augstība un gods ir Viņa priekšā, spēks un līksmība ir Viņa vietā.
၂၇ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော် မူရာ၌ ရှိ၏။
28 Dodiet Tam Kungam, jūs ļaužu tautas, dodiet Tam Kungam godu un spēku,
၂၈လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည်ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။
29 Dodiet Tam Kungam Viņa vārda godu, atnesiet dāvanas un nāciet priekš Viņa vaiga, pielūdziet To Kungu svētā glītumā.
၂၉ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်း သော တန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြ လော့။
30 Bīstaties priekš Viņa, visa pasaule; tiešām zeme stāv un nekustās.
၃၀မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင် အောင် မြဲမြံစွာ တည်လိမ့်မည်။
31 Lai debess priecājās un lai zeme līksmojās, un lai saka tautu starpā: Tas Kungs ir ķēniņš.
၃၁ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ။
32 Lai jūra kauc un viss, kas iekš tās ir, lai lauki līksmojās ar visu, kas tur virsū.
၃၂ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။
33 Lai gavilē meža koki Tā Kunga priekšā, jo Tas nāk, zemi tiesāt.
၃၃ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။
34 Teiciet To Kungu, jo Viņš ir labs, un Viņa žēlastība paliek mūžīgi.
၃၄ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
35 Un sakāt: atpestī mūs, Dievs, mūsu Pestītājs, un sapulcini mūs un izglāb mūs no pagāniem, ka teicam Tavu svēto vārdu un Tevi augsti slavējam.
၃၅အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ် ကျေးဇူးကို ဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တပါး အမျိုးသားထဲက နှုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆို ကြလော့။
36 Slavēts lai ir Tas Kungs, Israēla Dievs, mūžīgi mūžam, un visi ļaudis lai saka: Āmen, un lai slavē To Kungu. -
၃၆ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင် ဟု ဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ ၏။
37 Tā viņš tur Tā Kunga derības šķirsta priekšā lika palikt Asafam un viņa brāļiem, vienmēr kalpot tā šķirsta priekšā, ikdienas savā kārtā,
၃၇ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့ မှာ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင် ရွက်စေခြင်းငှါ၊ အာသပ်နှင့် သူ၏ညီတို့ကို၎င်း၊
38 Un ObedEdomam ar saviem brāļiem, - to bija sešdesmit un astoņi, ObedEdomam, Jedituna dēlam, un Osam par vārtu sargiem,
၃၈ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက်၊ တံခါး စောင့်ဟောသံနှင့် ယေဒုသုန်သားဩဗဒေဒုံတို့ကို၎င်း၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ၏။
39 Un priesterim Cadokam un viņa brāļiem, tiem priesteriem, priekš Tā Kunga dzīvokļa uz tā kalna Gibeonā,
၃၉မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။
40 Tam Kungam upurēt dedzināmos upurus uz dedzināmo upuru altāra vienmēr, rītos un vakaros, tā kā rakstīts Tā Kunga bauslībā, ko viņš Israēlim bija pavēlējis.
၄၀
41 Un ar viņiem bija Hemans un Jedituns un tie citi izredzētie, kas ar vārdiem bija noteikti, To Kungu slavēt, ka Viņa žēlastība paliek mūžīgi.
၄၁ထာဝရဘုရား၏ကရုဏာတော်သည် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း စေခြင်းငှါ၊
42 Un ar šiem Hemans un Jedituns, skandināt ar trumetēm un pulkstenīšiem un ar svētu dziesmu spēlēm, bet Jedituna bērni bija par vārtu sargiem.
၄၂သီချင်းသည်တို့၏အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒု သုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။
43 Tā visi ļaudis nogāja ikkatrs savā namā, un Dāvids atgriezās, savu namu sveicināt.
၄၃ထိုနောက်မှလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွားတော်မူ၏။

< Pirmā Laiku 16 >