< Zaccharias Propheta 14 >
1 ecce dies veniunt Domini et dividentur spolia tua in medio tui
၁ထာဝရဘုရား ၏ နေ့ရက် သည် ရောက် သောအခါ ၊ သူတပါးတို့သည် သင် ၏ဥစ္စာ ကို လုယူ၍ သင့် အလယ် ၌ ဝေဖန် ကြလိမ့်မည်။
2 et congregabo omnes gentes ad Hierusalem in proelium et capietur civitas et vastabuntur domus et mulieres violabuntur et egredietur media pars civitatis in captivitatem et reliquum populi non auferetur ex urbe
၂ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။
3 et egredietur Dominus et proeliabitur contra gentes illas sicut proeliatus est in die certaminis
၃ထာဝရဘုရား သည်လည်း စစ်တိုက် ရာကာလ ၌ တိုက် သကဲ့သို့ ၊ ထို လူမျိုး တို့ကို တိုက် သွားတော်မူမည်။
4 et stabunt pedes eius in die illa super montem Olivarum qui est contra Hierusalem ad orientem et scindetur mons Olivarum ex media parte sui ad orientem et occidentem praerupto grandi valde et separabitur medium montis ad aquilonem et medium eius ad meridiem
၄ထိုနေ့ရက် ၌ ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၍ ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။
5 et fugietis ad vallem montium meorum quoniam coniungetur vallis montium usque ad proximum et fugietis sicut fugistis a facie terraemotus in diebus Oziae regis Iuda et veniet Dominus Deus meus omnesque sancti cum eo
၅သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။
6 et erit in die illa non erit lux sed frigus et gelu
၆ထိုနေ့ရက် ၌ အလင်း မ ရှိ ၊ မြတ် သောအရာတို့ သည် ယုတ်လျော့ လိမ့်မည်။
7 et erit dies una quae nota est Domino non dies neque nox et in tempore vesperae erit lux
၇နေ့ မ ဟုတ်၊ ညဉ့် မ ဟုတ်၊ ထာဝရဘုရား သိ တော်မူသော နေ့ရက် တရက် ဖြစ် ၍ ၊ ညဦးယံ အချိန် ရောက် မှ လင်း လိမ့်မည်။
8 et erit in die illa exibunt aquae vivae de Hierusalem medium earum ad mare orientale et medium earum ad mare novissimum in aestate et in hieme erunt
၈ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
9 et erit Dominus rex super omnem terram in die illa erit Dominus unus et erit nomen eius unum
၉ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ၌ ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။
10 et revertetur omnis terra usque ad desertum de colle Remmon ad austrum Hierusalem et exaltabitur et habitabit in loco suo a porta Beniamin usque ad locum portae Prioris usque ad portam Angulorum et a turre Ananehel usque ad torcularia regis
၁၀ဂေဘ မြို့မှ သည် ယေရုရှလင် မြို့ တောင် ဘက်၊ ရိမ္မုန် မြို့တိုင်အောင် တပြည်လုံး ကို ချိုင့် ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန် တံခါး မှ သည် အရင် တံခါး ရာ၊ မြို့ထောင့် တံခါး တိုင်အောင် ၎င်း ၊ ဟာနနေလ ရဲတိုက် မှ သည် စပျစ်သီးနယ်ရာ တန်ဆာတော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11 et habitabunt in ea et anathema non erit amplius sed sedebit Hierusalem secura
၁၁နောက် တဖန် ယေရုရှလင် မြို့သည် ကျိန် ခြင်းဘေးကိုမ ခံ ၊ မြို့သား တို့သည် နေရာ ကျ၍ စိုးရိမ် စရာမရှိ ဘဲနေ ကြလိမ့်မည်။
12 et haec erit plaga qua percutiet Dominus omnes gentes quae pugnaverunt adversus Hierusalem tabescet caro uniuscuiusque stantis super pedes suos et oculi eius contabescent in foraminibus suis et lingua eorum contabescet in ore suo
၁၂ယေရုရှလင် မြို့ကို တိုက် လာသောလူမျိုး အပေါင်း တို့၌ ထာဝရဘုရား ပေးတော်မူသောဘေးဒဏ် ဟူမူကား ၊ ခြေ ဖြင့် ရပ် လျက်ပင်သူ တို့အသား လျော့ ပျက် လိမ့်မည်။ မျက်အိမ် ၌ မျက်လုံး လျော့ ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း ၌ လျော့ ပျက်လိမ့်မည်။
13 in die illo erit tumultus Domini magnus in eis et adprehendet vir manum proximi sui et conseretur manus eius super manum proximi sui
၁၃ထို နေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူ တို့သည် အလွန် ရုန်းရင်းခတ် မျှပြု ၍ ၊ တယောက် ကိုတယောက်လက် ချင်းရိုက် သော်လည်း ၊ တယောက် ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည်။
14 sed et Iudas pugnabit adversus Hierusalem et congregabuntur divitiae omnium gentium in circuitu aurum et argentum et vestes multae satis
၁၄ယုဒ အမျိုးသားတို့လည်း ယေရုရှလင် မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည် ၌နေသောတပါးအမျိုးသား အပေါင်း တို့၏ဥစ္စာ စည်းစိမ်တည်းဟူသော ၊ များစွာ သော ရွှေ ငွေ အဝတ် တန်ဆာစုပုံ လျက်ရှိကြလိမ့်မည်။
15 et sic erit ruina equi et muli cameli et asini et omnium iumentorum quae fuerint in castris illis sicut ruina haec
၁၅မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်း မှစ၍ ရန်သူတပ် တွင် ရှိသမျှ သော တိရစ္ဆာန် တို့၌ပေးသော ဘေးဒဏ် သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16 et omnes qui reliqui fuerint de universis gentibus quae venerint contra Hierusalem ascendent ab anno in annum ut adorent regem Dominum exercituum et celebrent festivitatem tabernaculorum
၁၆ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၍ ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။
17 et erit qui non ascenderit de familiis terrae ad Hierusalem ut adoret regem Dominum exercituum non erit super eos imber
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ရှင်ဘုရင် ကို ကိုးကွယ် အံ့သောငှါ ၊ မြို့ တော်သို့ တက် ၍ မ လာသောမြေကြီး သား အဆွေအမျိုး ရှိသမျှအပေါ် သို့ မိုဃ်း မ ရွာရ။
18 quod si et familia Aegypti non ascenderit et non venerit nec super eos erit sed erit ruina qua percutiet Dominus omnes gentes quae non ascenderint ad celebrandam festivitatem tabernaculorum
၁၈အဲဂုတ္တု ပြည်သား အဆွေအမျိုး သည် မ တက် မလာလျှင် ၊ မိုဃ်း မ ရွာဘဲနေ သဖြင့် ၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသောလူမျိုး တို့၌ ၊ ထာဝရဘုရား ပေး တော်မူသောဘေးဒဏ် သည် ထိုသူ တို့ကိုလည်း ထိလိမ့်မည်။
19 hoc erit peccatum Aegypti et hoc peccatum omnium gentium quae non ascenderint ad celebrandam festivitatem tabernaculorum
၁၉ဤ ရွေ့ကား၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်း တို့ ခံရ သောအပြစ် ပေတည်း။
20 in die illo erit quod super frenum equi est sanctum Domino et erunt lebetes in domo Domini quasi fialae coram altari
၂၀ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။
21 et erit omnis lebes in Hierusalem et in Iuda sanctificatus Domino exercituum et venient omnes immolantes et sument ex eis et coquent in eis et non erit mercator ultra in domo Domini exercituum in die illo
၂၁ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၍ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။