< Romanos 15 >

1 debemus autem nos firmiores inbecillitates infirmorum sustinere et non nobis placere
ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-
2 unusquisque vestrum proximo suo placeat in bonum ad aedificationem
ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။-
3 etenim Christus non sibi placuit sed sicut scriptum est inproperia inproperantium tibi ceciderunt super me
``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။-
4 quaecumque enim scripta sunt ad nostram doctrinam scripta sunt ut per patientiam et consolationem scripturarum spem habeamus
ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-
5 Deus autem patientiae et solacii det vobis id ipsum sapere in alterutrum secundum Iesum Christum
သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-
6 ut unianimes uno ore honorificetis Deum et Patrem Domini nostri Iesu Christi
သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။
7 propter quod suscipite invicem sicut et Christus suscepit vos in honorem Dei
ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။-
8 dico enim Christum Iesum ministrum fuisse circumcisionis propter veritatem Dei ad confirmandas promissiones patrum
ဘု​ရား​သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​ပြ​သ​ရန်၊ တစ်​နည်း​အား ဖြင့်​ဘိုး​ဘေး​တို့​အား​ဘု​ရား​သ​ခင်​ထား​တော် မူ​သော​ကတိ​တော်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ကျိုး ငှာ​ဆောင်​ရွက်​တော်​မူ​သည်​ဟု​ငါ​ဆို​၏။ လူ​မျိုး ခြား​တို့​ပင်​လျှင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ တော်​ကို​ချီး​ကူး​နိုင်​ကြ​စေ​ရန်​အ​တွက်​လည်း ဆောင်​ရွက်​တော်​မူ​၏။ ကျမ်း​စာ​တော်​တွင်၊ ``ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ သည်။-
9 gentes autem super misericordiam honorare Deum sicut scriptum est propter hoc confitebor tibi in gentibus et nomini tuo cantabo
10 et iterum dicit laetamini gentes cum plebe eius
၁၀တစ်​ဖန်​ကျမ်း​စာ​တော်​တွင်၊ ``လူ​မျိုး​ခြား​တို့၊ကိုယ်​တော်​၏​လူ​စု​တော်​နှင့် အ​တူ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့'' ဟူ​၍​လည်း​ကောင်း၊
11 et iterum laudate omnes gentes Dominum et magnificate eum omnes populi
၁၁``လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ပါ​ရှိ​၏။-
12 et rursus Esaias ait erit radix Iesse et qui exsurget regere gentes in eo gentes sperabunt
၁၂တစ်​ဖန်​ဟေ​ရှာ​ယ​က၊ ``ယေ​ရှဲ​၏​သား​မြေး​တစ်​ဦး​သည်​ပေါ်​ထွန်း လာ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​ခြား​တို့​ကို​အုပ်​စိုး​တော်​မူ​မည် ဖြစ်​၍၊ ထို​သူ​တို့​သည်​သူ့​ကို​အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​၏။-
13 Deus autem spei repleat vos omni gaudio et pace in credendo ut abundetis in spe in virtute Spiritus Sancti
၁၃သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
14 certus sum autem fratres mei et ego ipse de vobis quoniam et ipsi pleni estis dilectione repleti omni scientia ita ut possitis alterutrum monere
၁၄ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကောင်း​မြတ်​ခြင်း ပါ​ရ​မီ​နှင့်​လည်း​ကောင်း၊ အ​သိ​ပ​ညာ​အ​မျိုး မျိုး​နှင့်​လည်း​ကောင်း​ပြည့်​စုံ​လျက်​အ​ချင်း​ချင်း သွန်​သင်​နိုင်​ကြ​ကြောင်း​ကို​ငါ​စိတ်​ချ​ယုံ ကြည်​၏။-
15 audacius autem scripsi vobis fratres ex parte tamquam in memoriam vos reducens propter gratiam quae data est mihi a Deo
၁၅သို့​သော်​ဤ​စာ​တွင်​အ​ချို့​အ​မှု​ကိစ္စ​များ​နှင့် ပတ်​သက်​၍​သင်​တို့​အား​သ​တိ​ပေး​ရာ​၌ ငါ သည်​ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ခွင့်​ထူး​ကို​အ​ကြောင်း​ပြု​၍​ရဲ​တင်း ပွင့်​လင်း​စွာ​ရေး​သား​ထား​၏။-
16 ut sim minister Christi Iesu in gentibus sanctificans evangelium Dei ut fiat oblatio gentium accepta sanctificata in Spiritu Sancto
၁၆ထို​အ​ခွင့်​ထူး​မှာ​လူ​မျိုး​ခြား​တို့​အ​တွက်​အ​မှု တော်​ဆောင်​ရန် ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ဖြစ် ရ​သော​အ​ခွင့်​ထူး​ပင်​ဖြစ်​၏။ လူ​မျိုး​ခြား​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​ဖွယ်​ရာ​ပူ​ဇော် သကာ​အ​ဖြစ် ဘု​ရား​သ​ခင်​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​က​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​၏​လုပ်​ငန်း တာ​ဝန်​ကို​ထမ်း​ဆောင်​လျက် ဘု​ရား​သ​ခင် ထံ​တော်​မှ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​၏။-
17 habeo igitur gloriam in Christo Iesu ad Deum
၁၇ထို့​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏ အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည့်​အ​တွက်​ဂုဏ် ယူ​ဝါ​ကြွား​နိုင်​၏။-
18 non enim audeo aliquid loqui eorum quae per me non effecit Christus in oboedientiam gentium verbo et factis
၁၈လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား ကို​နာ​ခံ​လာ​ကြ​စေ​ရန်​ငါ​၏​အ​ပြော​အ​ဆို အ​ပြု​အ​မူ​များ​အား​ဖြင့်​လည်း​ကောင်း၊ ထူး ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​ရာ​များ​အ​ကြောင်း ကို​သာ​လျှင်​ငါ​ရဲ​ဝံ့​စွာ​ဖော်​ပြ​မည်။ သို့​ဖြစ်​၍ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ဣလု​ရိ​ပြည်​အ​ထိ ရောက်​ရှိ​သည့်​အ​ရပ်​ရပ်​၌ ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​အ​ကုန်​အ​စင်​ကြေ​ညာ ခဲ့​ပြီ။-
19 in virtute signorum et prodigiorum in virtute Spiritus Sancti ita ut ab Hierusalem per circuitum usque in Illyricum repleverim evangelium Christi
၁၉
20 sic autem hoc praedicavi evangelium non ubi nominatus est Christus ne super alienum fundamentum aedificarem
၂၀သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။-
21 sed sicut scriptum est quibus non est adnuntiatum de eo videbunt et qui non audierunt intellegent
၂၁ကျမ်း​စာ​တော်​တွင်၊ ``ထို​သူ​၏​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ မ​ပြော​ဘူး​သော်​လည်း​သူ​တို့​သည်​မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဘူး​သော​သူ​တို့​သည်​နား​လည်​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​သည်။
22 propter quod et inpediebar plurimum venire ad vos
၂၂ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန် ဖန်​ကြိုး​စား​သော်​လည်း သင်​တို့​ထံ​သို့​မ​ရောက်​နိုင် ခဲ့​ပါ။-
23 nunc vero ulterius locum non habens in his regionibus cupiditatem autem habens veniendi ad vos ex multis iam annis
၂၃သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ငါ​သည်​ထို​ဒေ​သ​များ တွင် ဆောင်​ရွက်​သင့်​သည့်​အ​မှု​ကိစ္စ​ကို​ဆောင်​ရွက်​ပြီး ပါ​ပြီ။ သင်​တို့​ထံ​သို့​လာ​ရန်​လွန်​ခဲ့​သော​နှစ်​ပေါင်း များ​စွာ​က​ပင်​ဆန္ဒ​ရှိ​ခဲ့​သည်​အ​တိုင်း၊-
24 cum in Hispaniam proficisci coepero spero quod praeteriens videam vos et a vobis deducar illuc si vobis primum ex parte fruitus fuero
၂၄ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။-
25 nunc igitur proficiscar in Hierusalem ministrare sanctis
၂၅ယ​ခု​မှာ​မူ​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​ဂ​ရိ​ပြည်​ရှိ အ​သင်း​တော်​တို့​က ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထဲ​တွင် ဆင်း​ရဲ​သော​တ​ပည့် တော်​တို့​အား​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ထောက် ပံ့​ရန်​ဆုံး​ဖြတ်​သ​ဖြင့် ထို​မြို့​ရှိ​တ​ပည့်​တော်​တို့ အား​ထောက်​ပံ့​ရန်​ငါ​သွား​မည်။-
26 probaverunt enim Macedonia et Achaia conlationem aliquam facere in pauperes sanctorum qui sunt in Hierusalem
၂၆
27 placuit enim eis et debitores sunt eorum nam si spiritalium eorum participes facti sunt gentiles debent et in carnalibus ministrare eis
၂၇ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။-
28 hoc igitur cum consummavero et adsignavero eis fructum hunc proficiscar per vos in Hispaniam
၂၈သို့​ဖြစ်​၍​ငါ​သည်​ကောက်​ခံ​ရ​ရှိ​သ​မျှ​သော​အ​လှူ ငွေ​ကို​ထို​သူ​တို့​အား​ပေး​အပ်​ရန်​ကိစ္စ​ပြီး​စီး​အောင် ဆောင်​ရွက်​ပြီး​နောက်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​မည်။ လမ်း​ကြုံ​ကြိုက်​၍​သင်​တို့​ထံ​သို့​ဝင်​ရောက်​လည်​ပတ် မည်။-
29 scio autem quoniam veniens ad vos in abundantia benedictionis Christi veniam
၂၉သင်​တို့​ထံ​လာ​သော​အ​ခါ​ခ​ရစ်​တော်​၏​ကောင်း​ချီး မင်္ဂလာ​အ​ပြည့်​အ​စုံ​နှင့်​ငါ​ရောက်​လာ​မည်​ကို​ငါ သိ​၏။
30 obsecro igitur vos fratres per Dominum nostrum Iesum Christum et per caritatem Spiritus ut adiuvetis me in orationibus pro me ad Deum
၃၀ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်​က​ငါ​တို့​အား​ပေး​သ​နား​တော်​မူ သော​မေတ္တာ​ကို​အ​ကြောင်း​ပြု​၍ ငါ့​အ​တွက်​ငါ နှင့်​အ​တူ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင်​တို့ အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။-
31 ut liberer ab infidelibus qui sunt in Iudaea et obsequii mei oblatio accepta fiat in Hierosolyma sanctis
၃၁ငါ​သည်​ယု​ဒ​ပြည်​ရှိ​မ​ယုံ​ကြည်​သူ​တို့​၏​ဘေး ရန်​မှ​လွတ်​မြောက်​နိုင်​စေ​ရန်​နှင့်​ငါ​၏​ကူ​ညီ​ဆောင် ရွက်​မှု​ကို ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​က​ဝမ်း​သာ​စွာ​လက်​ခံ​နိုင်​ကြ​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
32 ut veniam ad vos in gaudio per voluntatem Dei et refrigerer vobiscum
၃၂သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​ငါ သည်​ဝမ်း​မြောက်​စွာ​သင်​တို့​ထံ​သို့​လာ​၍ သင်​တို့ နှင့်​အ​တူ​ပျော်​ရွှင်​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ပါ​လိမ့် မည်။-
33 Deus autem pacis sit cum omnibus vobis amen
၃၃ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ပေါင်း​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော။ အာ​မင်။

< Romanos 15 >