< Psalmorum 82 >

1 psalmus Asaph Deus stetit in synagoga deorum in medio autem Deus deiudicat
ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
2 usquequo iudicatis iniquitatem et facies peccatorum sumitis diapsalma
သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
3 iudicate egenum et pupillum humilem et pauperem iustificate
ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
4 eripite pauperem et egenum de manu peccatoris liberate
ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ၏လက်မှ ကယ်နှုတ်ကြလော့။
5 nescierunt neque intellexerunt in tenebris ambulant movebuntur omnia fundamenta terrae
သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
6 ego dixi dii estis et filii Excelsi omnes
သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
7 vos autem sicut homines moriemini et sicut unus de principibus cadetis
သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။
8 surge Deus iudica terram quoniam tu hereditabis in omnibus gentibus
အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင် တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ၏။

< Psalmorum 82 >