< Psalmorum 75 >
1 in finem ne corrumpas psalmus Asaph cantici confitebimur tibi Deus confitebimur et invocabimus nomen tuum narrabimus mirabilia tua
၁ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။
2 cum accepero tempus ego iustitias iudicabo
၂ဘုရားသခင်က``တရားစီရင်မည့်အချိန်ကို ငါသတ်မှတ်ထားလေပြီ။ ငါသည်ဖြောင့်မှန်စွာတရားစီရင်မည်။
3 liquefacta est terra et omnes qui habitant in ea ego confirmavi columnas eius diapsalma
၃ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။
4 dixi iniquis nolite inique facere et delinquentibus nolite exaltare cornu
၄ငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။
5 nolite extollere in altum cornu vestrum nolite loqui adversus Deum iniquitatem
၅မာန်မာနမထောင်လွှားကြနှင့်။
6 quia neque ab oriente neque ab occidente neque a desertis montibus
၆တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။
7 quoniam Deus iudex est hunc humiliat et hunc exaltat
၇တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
8 quia calix in manu Domini vini meri plenus mixto et inclinavit ex hoc in hoc verum fex eius non est exinanita bibent omnes peccatores terrae
၈ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။
9 ego autem adnuntiabo in saeculum cantabo Deo Iacob
၉သို့ရာတွင်ငါမူကားယာကုပ်၏ ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုမည်။
10 et omnia cornua peccatorum confringam et exaltabuntur cornua iusti
၁၀ကိုယ်တော်သည်သူယုတ်မာတို့၏တန်ခိုး အာဏာကို ချိုးနှိမ်တော်မူမည်။ သူတော်ကောင်းတို့၏တန်ခိုးအာဏာကိုမူကား တိုးတက်စေတော်မူလိမ့်မည်။