< Psalmorum 64 >
1 in finem psalmus David exaudi Deus orationem meam cum deprecor a timore inimici eripe animam meam
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
2 protexisti me a conventu malignantium a multitudine operantium iniquitatem
၂သူယုတ်မာတို့၏လျှို့ဝှက်ကြံစည်မှုများ မှလည်းကောင်း၊ ဆိုးညစ်သူလူစုလူဝေးတို့၏ဘေးမှလည်း ကောင်း ကွယ်ကာတော်မူပါ။
3 quia exacuerunt ut gladium linguas suas intenderunt arcum rem amaram
၃သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
4 ut sagittent in occultis inmaculatum
၄သူတို့သည်အရှက်ကင်းမဲ့စွာမိမိတို့၏ မုသားစကားများကိုလျင်မြန်စွာပျံ့နှံ့စေ ကြ၏။ သူတို့သည်စက်ဆုတ်ဖွယ်ကောင်းသော ဂုံးချောစကားများပြောဆိုကာ သူတော်ကောင်းတို့၏အသရေကိုဖျက်ကြ၏။
5 subito sagittabunt eum et non timebunt firmaverunt sibi sermonem nequam narraverunt ut absconderent laqueos dixerunt quis videbit eos
၅သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ရာတွင် အချင်းချင်းအားပေးကြ၏။ သူတို့သည်ထောင်ချောက်များထားရန်နေရာကို တိုင်ပင်ပြီးနောက် ``ဤထောင်ချောက်များကိုအဘယ်သူမျှတွေ့မြင် နိုင်လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။
6 scrutati sunt iniquitates defecerunt scrutantes scrutinio accedet homo et cor altum
၆သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
7 et exaltabitur Deus sagittae parvulorum factae sunt plagae eorum
၇သို့ရာတွင်ဘုရားသခင်သည်ထိုသူတို့အား မြားတော်ဖြင့်ပစ်တော်မူ၍ချက်ချင်းပင် ဒဏ်ရာရစေတော်မူ၏။
8 et infirmatae sunt contra eos linguae eorum conturbati sunt omnes qui videbant eos
၈သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင် ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။ သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။
9 et timuit omnis homo et adnuntiaverunt opera Dei et facta eius intellexerunt
၉ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။
10 laetabitur iustus in Domino et sperabit in eo et laudabuntur omnes recti corde
၁၀ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့် သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။ စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။