< Psalmorum 149 >
1 alleluia cantate Domino canticum novum laus eius in ecclesia sanctorum
၁ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
2 laetetur Israhel in eo qui fecit eum et filii Sion exultent in rege suo
၂ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
3 laudent nomen eius in choro in tympano et psalterio psallant ei
၃ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
4 quia beneplacitum est Domino in populo suo et exaltabit mansuetos in salute
၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။
5 exultabunt sancti in gloria laetabuntur in cubilibus suis
၅ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
6 exaltationes Dei in gutture eorum et gladii ancipites in manibus eorum
၆တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
7 ad faciendam vindictam in nationibus increpationes in populis
၇
8 ad alligandos reges eorum in conpedibus et nobiles eorum in manicis ferreis
၈
9 ut faciant in eis iudicium conscriptum gloria haec est omnibus sanctis eius
၉