< Psalmorum 135 >
1 alleluia laudate nomen Domini laudate servi Dominum
၁ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသော ငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
2 qui statis in domo Domini in atriis domus Dei nostri
၂
3 laudate Dominum quia bonus Dominus psallite nomini eius quoniam suave
၃ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
4 quoniam Iacob elegit sibi Dominus Israhel in possessionem sibi
၄ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
5 quia ego cognovi quod magnus est Dominus et Deus noster prae omnibus diis
၅ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
6 omnia quae voluit Dominus fecit in caelo et in terra in mare et in omnibus abyssis
၆ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
7 educens nubes ab extremo terrae fulgora in pluviam fecit qui producit ventos de thesauris suis
၇ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
8 qui percussit primogenita Aegypti ab homine usque ad pecus
၈အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။
9 emisit signa et prodigia in medio tui Aegypte in Pharaonem et in omnes servos eius
၉ထိုပြည်တွင်ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန် ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
10 qui percussit gentes multas et occidit reges fortes
၁၀များစွာသောတိုင်းနိုင်ငံတို့ကို ပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။
11 Seon regem Amorreorum et Og regem Basan et omnia regna Chanaan
၁၁အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင် သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
12 et dedit terram eorum hereditatem hereditatem Israhel populo suo
၁၂သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
13 Domine nomen tuum in aeternum Domine memoriale tuum in generationem et generationem
၁၃အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။
14 quia iudicabit Dominus populum suum et in servis suis deprecabitur
၁၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။ မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။
15 simulacra gentium argentum et aurum opera manuum hominum
၁၅လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
16 os habent et non loquentur oculos habent et non videbunt
၁၆ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊ မျက်စိများရှိပါလျက်မမြင်နိုင်။
17 aures habent et non audient neque enim est spiritus in ore eorum
၁၇သူတို့သည်နားများရှိပါလျက်မကြားနိုင်။ သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
18 similes illis fiant qui faciunt ea et omnes qui sperant in eis
၁၈ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
19 domus Israhel benedicite Domino domus Aaron benedicite Domino
၁၉အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။ ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
20 domus Levi benedicite Domino qui timetis Dominum benedicite Domino
၂၀လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
21 benedictus Dominus ex Sion qui habitat in Hierusalem
၂၁ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။