< Proverbiorum 6 >

1 fili mi si spoponderis pro amico tuo defixisti apud extraneum manum tuam
ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
2 inlaqueatus es verbis oris tui et captus propriis sermonibus
ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
3 fac ergo quod dico fili mi et temet ipsum libera quia incidisti in manu proximi tui discurre festina suscita amicum tuum
ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
4 ne dederis somnum oculis tuis nec dormitent palpebrae tuae
အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
5 eruere quasi dammula de manu et quasi avis de insidiis aucupis
မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
6 vade ad formicam o piger et considera vias eius et disce sapientiam
အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
7 quae cum non habeat ducem nec praeceptorem nec principem
ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
8 parat aestate cibum sibi et congregat in messe quod comedat
နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
9 usquequo piger dormis quando consurges ex somno tuo
အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
10 paululum dormies paululum dormitabis paululum conseres manus ut dormias
၁၀ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
11 et veniet tibi quasi viator egestas et pauperies quasi vir armatus
၁၁ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
12 homo apostata vir inutilis graditur ore perverso
၁၂ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
13 annuit oculis terit pede digito loquitur
၁၃မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
14 pravo corde machinatur malum et in omni tempore iurgia seminat
၁၄ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
15 huic extemplo veniet perditio sua et subito conteretur nec habebit ultra medicinam
၁၅ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16 sex sunt quae odit Dominus et septimum detestatur anima eius
၁၆ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
17 oculos sublimes linguam mendacem manus effundentes innoxium sanguinem
၁၇ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
18 cor machinans cogitationes pessimas pedes veloces ad currendum in malum
၁၈မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
19 proferentem mendacia testem fallacem et eum qui seminat inter fratres discordias
၁၉မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
20 conserva fili mi praecepta patris tui et ne dimittas legem matris tuae
၂၀ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
21 liga ea in corde tuo iugiter et circumda gutturi tuo
၂၁နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
22 cum ambulaveris gradiantur tecum cum dormieris custodiant te et evigilans loquere cum eis
၂၂သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
23 quia mandatum lucerna est et lex lux et via vitae increpatio disciplinae
၂၃အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
24 ut custodiant te a muliere mala et a blanda lingua extraneae
၂၄ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
25 non concupiscat pulchritudinem eius cor tuum nec capiaris nutibus illius
၂၅ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
26 pretium enim scorti vix unius est panis mulier autem viri pretiosam animam capit
၂၆အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
27 numquid abscondere potest homo ignem in sinu suo ut vestimenta illius non ardeant
၂၇လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
28 aut ambulare super prunas et non conburentur plantae eius
၂၈ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
29 sic qui ingreditur ad mulierem proximi sui non erit mundus cum tetigerit eam
၂၉သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
30 non grandis est culpae cum quis furatus fuerit furatur enim ut esurientem impleat animam
၃၀မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
31 deprehensus quoque reddet septuplum et omnem substantiam domus suae tradet
၃၁တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
32 qui autem adulter est propter cordis inopiam perdet animam suam
၃၂သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
33 turpitudinem et ignominiam congregat sibi et obprobrium illius non delebitur
၃၃နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
34 quia zelus et furor viri non parcet in die vindictae
၃၄အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
35 nec adquiescet cuiusquam precibus nec suscipiet pro redemptione dona plurima
၃၅လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။

< Proverbiorum 6 >