< Proverbiorum 11 >
1 statera dolosa abominatio apud Dominum et pondus aequum voluntas eius
၁မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
2 ubi fuerit superbia ibi erit et contumelia ubi autem humilitas ibi et sapientia
၂မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
3 simplicitas iustorum diriget eos et subplantatio perversorum vastabit illos
၃ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4 non proderunt divitiae in die ultionis iustitia autem liberabit a morte
၄အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
5 iustitia simplicis diriget viam eius et in impietate sua corruet impius
၅ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
6 iustitia rectorum liberabit eos et in insidiis suis capientur iniqui
၆ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7 mortuo homine impio nulla erit ultra spes et expectatio sollicitorum peribit
၇ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
8 iustus de angustia liberatus est et tradetur impius pro eo
၈ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9 simulator ore decipit amicum suum iusti autem liberabuntur scientia
၉အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10 in bonis iustorum exultabit civitas et in perditione impiorum erit laudatio
၁၀တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11 benedictione iustorum exaltabitur civitas et ore impiorum subvertetur
၁၁တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12 qui despicit amicum suum indigens corde est vir autem prudens tacebit
၁၂ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13 qui ambulat fraudulenter revelat arcana qui autem fidelis est animi celat commissum
၁၃လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14 ubi non est gubernator populus corruet salus autem ubi multa consilia
၁၄အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
15 adfligetur malo qui fidem facit pro extraneo qui autem cavet laqueos securus erit
၁၅အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16 mulier gratiosa inveniet gloriam et robusti habebunt divitias
၁၆နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
17 benefacit animae suae vir misericors qui autem crudelis est et propinquos abicit
၁၇သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
18 impius facit opus instabile seminanti autem iustitiam merces fidelis
၁၈မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
19 clementia praeparat vitam et sectatio malorum mortem
၁၉ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20 abominabile Domino pravum cor et voluntas eius in his qui simpliciter ambulant
၂၀သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
21 manus in manu non erit innocens malus semen autem iustorum salvabitur
၂၁လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
22 circulus aureus in naribus suis mulier pulchra et fatua
၂၂သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
23 desiderium iustorum omne bonum est praestolatio impiorum furor
၂၃ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
24 alii dividunt propria et ditiores fiunt alii rapiunt non sua et semper in egestate sunt
၂၄စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
25 anima quae benedicit inpinguabitur et qui inebriat ipse quoque inebriabitur
၂၅စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
26 qui abscondit frumenta maledicetur in populis benedictio autem super caput vendentium
၂၆စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
27 bene consurgit diluculo qui quaerit bona qui autem investigator malorum est opprimetur ab eis
၂၇ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
28 qui confidet in divitiis suis corruet iusti autem quasi virens folium germinabunt
၂၈မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
29 qui conturbat domum suam possidebit ventos et qui stultus est serviet sapienti
၂၉မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
30 fructus iusti lignum vitae et qui suscipit animas sapiens est
၃၀ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
31 si iustus in terra recipit quanto magis impius et peccator
၃၁ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။