< Liber Numeri 22 >

1 profectique castrametati sunt in campestribus Moab ubi trans Iordanem Hierichus sita est
တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်၊ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​လွင်​ပြင်​တွင်​စ​ခန်း ချ​ကြ​လေ​သည်။
2 videns autem Balac filius Sepphor omnia quae fecerat Israhel Amorreo
မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊-
3 et quod pertimuissent eum Moabitae et impetum eius ferre non possent
သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။-
4 dixit ad maiores natu Madian ita delebit hic populus omnes qui in nostris finibus commorantur quomodo solet bos herbas usque ad radices carpere ipse erat eo tempore rex in Moab
ထို့​ကြောင့်​သူ​တို့​သည်​မိ​ဒျန်​ပြည်​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား``နွား​သည်​စား​ကျက်​ရှိ​မြက် ကို​ကုန်​စင်​အောင်​စား​သ​ကဲ့​သို့​ဤ​လူ​အုပ်​ကြီး သည် ငါ​တို့​ပတ်​ဝန်း​ကျင်​၌​ရှိ​သ​မျှ​ကို​ဖျက်​ဆီး ပစ်​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ဗာ​လက် ဘု​ရင်​သည်၊-
5 misit ergo nuntios ad Balaam filium Beor ariolum qui habitabat super flumen terrae filiorum Ammon ut vocarent eum et dicerent ecce egressus est populus ex Aegypto qui operuit superficiem terrae sedens contra me
အမ္မုန်​ပြည်​ယူ​ဖ​ရေး​မြစ်​အ​နီး​ရှိ​ပေ​သော် မြို့​တွင် နေ​ထိုင်​သော​ဗော​ရ​၏​သား​ဗာ​လမ်​အား လျှောက်​ထား​ပင့်​ခေါ်​ခြင်း​ငှာ စေ​တ​မန်​များ ကို​စေ​လွှတ်​လိုက်​လေ​သည်။ ဗာ​လက်​၏​လျှောက် ထား​ချက်​တွင်``လူ​မျိုး​တစ်​မျိုး​သည်​ထွက်​လာ ၍​နေ​ရာ​အ​နှံ့​အ​ပြား​သို့​ရောက်​ပြီး​နောက် ယ​ခု​ငါ​တို့​၏​ပြည်​ကို​သိမ်း​ယူ​ရန်​ခြိမ်း ခြောက်​နေ​ကြ​ပါ​ပြီ။-
6 veni igitur et maledic populo huic quia fortior me est si quo modo possim percutere et eicere eum de terra mea novi enim quod benedictus sit cui benedixeris et maledictus in quem maledicta congesseris
သူ​တို့​သည်​ငါ​တို့​ထက်​လူ​အင်​အား​ပို​များ သ​ဖြင့် လာ​၍​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​လော့။ သို့ ပြု​လျှင်​သူ​တို့​ကို​ငါ​တိုက်​ခိုက်​၍ နှင်​ထုတ်​နိုင် ကောင်း​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော် ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ကို ခံ​ရ​၍ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​တို့​သည် ကျိန်​စာ​သင့်​ကြ​ပါ​လိမ့်​မည်'' ဟု​ဖော်​ပြ ပါ​ရှိ​လေ​သည်။
7 perrexerunt seniores Moab et maiores natu Madian habentes divinationis pretium in manibus cumque venissent ad Balaam et narrassent ei omnia verba Balac
ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။-
8 ille respondit manete hic nocte et respondebo quicquid mihi dixerit Dominus manentibus illis apud Balaam venit Deus et ait ad eum
ထို​အ​ခါ​ဗာ​လမ်​က​သူ​တို့​အား``ယ​နေ့​ည ဤ​အ​ရပ်​တွင်​တည်း​ခို​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား​မည်​ကဲ့​သို့​မိန့်​မှာ​တော်​မူ ကြောင်း နက်​ဖြန်​နေ့​တွင်​ငါ​ပြော​ပြ​ပါ​မည်'' ဟု​ဆို​လေ​၏။ ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဗာ​လမ်​ထံ​၌​တည်း​ခို ကြ​လေ​သည်။
9 quid sibi volunt homines isti apud te
ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ​သို့​ကြွ​လာ ၍``သင်​နှင့်​အ​တူ​တည်း​ခို​နေ​သူ​များ​သည် မည်​သူ​တို့​နည်း'' ဟု​မေး​တော်​မူ​၏။
10 respondit Balac filius Sepphor rex Moabitarum misit ad me
၁၀ထို​အ​ခါ​ဗာ​လမ်​က``မော​ဘ​ပြည်​ဘု​ရင် ဗာလက်​ထံ​မှ​လာ​သော​သူ​များ​ဖြစ်​ကြ ပါ​သည်။-
11 dicens ecce populus qui egressus est de Aegypto operuit superficiem terrae veni et maledic ei si quo modo possim pugnans abicere eum
၁၁ဗာ​လက်​က​အီ​ဂျစ်​ပြည်​မှ​လာ​သော​လူ​မျိုး တစ်​မျိုး​သည် မြေ​မျက်​နှာ​ပြင်​အ​နှံ့​အ​ပြား သို့​ရောက်​ရှိ​နေ​ကြောင်း၊ ထို​သူ​တို့​ကို​တိုက်​ခိုက် နှင်​ထုတ်​နိုင်​ရန်​အ​ကျွန်ုပ်​အား သူ​တို့​ထံ​သို့ သွား​၍​ထို​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​မည့် အ​ကြောင်း​အ​ကြောင်း​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​လေ​သည်။
12 dixitque Deus ad Balaam noli ire cum eis neque maledicas populo quia benedictus est
၁၂ဘု​ရား​သ​ခင်​က​ဗာ​လမ်​အား``သင်​သည်​ဤ သူ​တို့​နှင့်​အ​တူ​မ​လိုက်​သွား​ရ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​ခံ​ရ​သော​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့ ကို​မ​ကျိန်​ဆဲ​ရ'' ဟု​မိန့်​တော်​မူ​၏။
13 qui mane consurgens dixit ad principes ite in terram vestram quia prohibuit me Deus venire vobiscum
၁၃နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ်​က​ဗာ​လက် ၏​သံ​တ​မန်​တို့​အား``သင်​တို့​ပြန်​ကြ​လော့။ သင် တို့​နှင့်​အ​တူ​လိုက်​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​အ​ခွင့်​ပေး​တော်​မ​မူ'' ဟု​ပြော​လေ​၏။-
14 reversi principes dixerunt ad Balac noluit Balaam venire nobiscum
၁၄ထို​ကြောင့်​သူ​တို့​သည်​ဗာ​လက်​ထံ​သို့​ပြန်​၍ သူ တို့​နှင့်​အ​တူ​ဗာ​လမ်​မ​လိုက်​လို​ကြောင်း​လျှောက် ထား​ကြ​လေ​သည်။
15 rursum ille multo plures et nobiliores quam ante miserat misit
၁၅ထို​နောက်​ဗာ​လက်​သည်​ယ​ခင်​တစ်​ကြိမ်​ထက် အ​ရေ​အ​တွက်​များ​၍ ပို​မြင့်​သော​စေ​တ​မန် များ​ကို​ဗာ​လမ်​ထံ​သို့​စေ​လွှတ်​လိုက်​လေ သည်။-
16 qui cum venissent ad Balaam dixerunt sic dicit Balac filius Sepphor ne cuncteris venire ad me
၁၆သူ​တို့​သည်​ဗာ​လမ်​ထံ​သို့​သွား​၍``ငါ့​ထံ​လာ ဖြစ်​အောင်​လာ​ပါ​လော့။-
17 paratum honorare te et quicquid volueris dare veni et maledic populo isti
၁၇ကိုယ်​တော်​အား​ထိုက်​ထိုက်​တန်​တန်​ချီး​မြှင့် ပါ​မည်။ ကိုယ်​တော်​ခိုင်း​စေ​သ​မျှ​ကို​ဆောင်​ရွက် ပေး​ပါ​မည်။ ကြွ​လာ​၍​ဤ​သူ​တို့​ကို​ကျိန်​ဆဲ ပါ​လော့'' ဟူ​သော​ဗာ​လက်​၏​လျှောက်​ထား ချက်​ကို​တင်​ပြ​ကြ​၏။
18 respondit Balaam si dederit mihi Balac plenam domum suam argenti et auri non potero inmutare verbum Domini Dei mei ut vel plus vel minus loquar
၁၈သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။-
19 obsecro ut hic maneatis etiam hac nocte et scire queam quid mihi rursum respondeat Dominus
၁၉သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား မည် ကဲ့​သို့​မိန့်​တော်​မူ​ဦး​မည်​ကို​သိ​ရှိ​နိုင်​ရန် သင်​တို့​သည် ယ​နေ့​ည​ငါ့​ထံ​တွင်​တည်း​ခို နေ​ထိုင်​ကြ​ပါ'' ဟု​ဆို​၏။
20 venit ergo Deus ad Balaam nocte et ait ei si vocare te venerunt homines isti surge et vade cum eis ita dumtaxat ut quod tibi praecepero facias
၂၀ထို​နေ့​ည​တွင်​ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ သို့​ကြွ​လာ​၍``ဤ​သူ​တို့​သည်​သင့်​ကို​သူ​တို့ နှင့်​အ​တူ​လိုက်​ပါ​ရန် ခေါ်​ဖိတ်​လျှင်​လိုက်​သွား လော့။ သို့​ရာ​တွင်​သင်​သည်​ငါ​ညွှန်​ကြား​သည့် အ​တိုင်း​သာ​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။-
21 surrexit Balaam mane et strata asina profectus est cum eis
၂၁သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။
22 et iratus est Deus stetitque angelus Domini in via contra Balaam qui sedebat asinae et duos pueros habebat secum
၂၂ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။-
23 cernens asina angelum stantem in via evaginato gladio avertit se de itinere et ibat per agrum quam cum verberaret Balaam et vellet ad semitam reducere
၂၃မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။-
24 stetit angelus in angustiis duarum maceriarum quibus vineae cingebantur
၂၄ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။-
25 quem videns asina iunxit se parieti et adtrivit sedentis pedem at ille iterum verberabat
၂၅မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။-
26 et nihilominus angelus ad locum angustum transiens ubi nec ad dextram nec ad sinistram poterat deviari obvius stetit
၂၆တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။-
27 cumque vidisset asina stantem angelum concidit sub pedibus sedentis qui iratus vehementius caedebat fuste latera
၂၇မြည်း​သည်​ကောင်းကင်​တ​မန်​ကို​မြင်​ပြန်​သော အ​ခါ လမ်း​မ​ပေါ်​တွင်​ဝပ်​ချ​လိုက်​၏။ ဗာ​လမ် သည်​ဒေါ​သ​ထွက်​၍​မြည်း​ကို​တောင်​ဝှေး​ဖြင့် ရိုက်​လေ​သည်။-
28 aperuitque Dominus os asinae et locuta est quid feci tibi cur percutis me ecce iam tertio
၂၈ထို​အ​ခါ​ထာဝရ​ဘု​ရား​သည်​မြည်း​ကို​လူ​ကဲ့ သို့ စ​ကား​ပြော​စေ​သ​ဖြင့်​မြည်း​က​ဗာ​လမ် အား``ငါ့​ကို​အ​ဘယ်​အ​ပြစ်​ကြောင့်​သုံး​ကြိမ် တိုင်​အောင်​ရိုက်​ရ​ပါ​သ​နည်း'' ဟု​မေး​လေ သည်။
29 respondit Balaam quia commeruisti et inlusisti mihi utinam haberem gladium ut te percuterem
၂၉ဗာ​လမ်​က``သင်​သည်​ငါ့​ကို​အ​ရူး​ဖြစ်​အောင် ပြု​လုပ်​ပါ​သည်​တ​ကား။ ငါ့​လက်​ထဲ​၌​ဋ္ဌား ရှိ​လျှင်​သင့်​ကို​ငါ​သတ်​မည်'' ဟု​ဆို​လေ​၏။
30 dixit asina nonne animal tuum sum cui semper sedere consuesti usque in praesentem diem dic quid simile umquam fecerim tibi at ille ait numquam
၃၀ထို​အ​ခါ​မြည်း​က``ငါ​သည်​သင်​စီး​နေ​ကျ မြည်း​မ​ဟုတ်​ပါ​သ​လော။ ငါ​သည်​ယ​ခင်​ဤ ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ​သ​လော'' ဟု​ဗာ​လမ်​အား မေး​လေ​၏။ ဗာ​လမ်​က``မ​ပြု​ဘူး'' ဟု​ပြန်​ပြော​၏။
31 protinus aperuit Dominus oculos Balaam et vidit angelum stantem in via evaginato gladio adoravitque eum pronus in terram
၃၁ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လမ်​အား ဋ္ဌား​ကိုင်​၍ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ကို မြင်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မြေ​ပေါ်​တွင် ပျပ်​ဝပ်​၍​နေ​လေ​၏။-
32 cui angelus cur inquit tertio verberas asinam tuam ego veni ut adversarer tibi quia perversa est via tua mihique contraria
၃၂ကောင်း​ကင်​တ​မန်​က​ဗာ​လမ်​အား``သင်​သည် မြည်း​ကို​ဤ​သို့​အ​ဘယ်​ကြောင့်​သုံး​ကြိမ် ရိုက်​ရ​ပါ​သ​နည်း။ သင်​သည်​ခ​ရီး​ဆက်​၍ မ​သွား​နိုင်​ရန်​ငါ​သည်​သင်​သွား​ရာ​လမ်း ကို​ပိတ်​ဆို့​ခဲ့​သည်။-
33 et nisi asina declinasset de via dans locum resistenti te occidissem et illa viveret
၃၃သင်​၏​မြည်း​သည်​ငါ့​ကို​မြင်​သ​ဖြင့်​သုံး​ကြိမ် တိုင်​လမ်း​လွှဲ​ခဲ့​ပြီ။ အ​ကယ်​၍​မြည်း​သည်​လမ်း မ​လွှဲ​ခဲ့​လျှင် ငါ​သည်​သင့်​ကို​သတ်​၍​မြည်း ကို​အ​သက်​ချမ်း​သာ​ပေး​ပြီ'' ဟု​ဆို​လေ​၏။
34 dixit Balaam peccavi nesciens quod tu stares contra me et nunc si displicet tibi ut vadam revertar
၃၄ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။
35 ait angelus vade cum istis et cave ne aliud quam praecepero tibi loquaris ivit igitur cum principibus
၃၅ကောင်း​ကင်​တ​မန်​က​လည်း``ဤ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့။ သို့​ရာ​တွင်​ငါ​ပြော စေ​လို​သည့်​အ​တိုင်း​သာ​ပြော​ဆို​ရ​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဗာ​လမ်​သည်​သူ​တို့​နှင့် အ​တူ​လိုက်​ပါ​သွား​လေ​၏။
36 quod cum audisset Balac egressus est in occursum eius in oppido Moabitarum quod situm est in extremis finibus Arnon
၃၆ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​လာ​နေ​ကြောင်း ကို​ကြား​သိ​ရ​သော​အ​ခါ မော​ဘ​ပြည်​နယ်​စပ် အာ​နုန်​မြစ်​ကမ်း​ပေါ်​ရှိ​အာ​ရ​မြို့​သို့​သွား​၍ ကြို​ဆို​၏။-
37 dixitque ad Balaam misi nuntios ut vocarent te cur non statim venisti ad me an quia mercedem adventui tuo reddere nequeo
၃၇ဗာ​လက်​က​ဗာ​လမ်​အား``အ​ကျွန်ုပ်​ပ​ထ​မ အ​ကြိမ်​ကိုယ်​တော်​ကို​ခေါ်​ရန်​စေ​လွှတ်​စဉ်​က အ​ဘယ်​ကြောင့်​လိုက်​၍​မ​လာ​ပါ​သ​နည်း။ ကိုယ်​တော်​အား​ထိုက်​တန်​စွာ​မ​ချီး​မြှင့်​နိုင် ဟု​ယူ​ဆ​ပါ​သ​လော'' ဟု​ဆီး​၍​မေး​လေ သည်။
38 cui ille respondit ecce adsum numquid loqui potero aliud nisi quod Deus posuerit in ore meo
၃၈ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-
39 perrexerunt ergo simul et venerunt in urbem quae in extremis regni eius finibus erat
၃၉သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာ​လက်​နှင့်​အ​တူ ဿု​ဇုတ်​မြို့​သို့​လိုက်​ပါ​သွား​လေ​သည်။-
40 cumque occidisset Balac boves et oves misit ad Balaam et principes qui cum eo erant munera
၄၀ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။
41 mane autem facto duxit eum ad excelsa Baal et intuitus est extremam partem populi
၄၁နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။

< Liber Numeri 22 >