< Leviticus 17 >
1 et locutus est Dominus ad Mosen dicens
၁ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန်၊ သူ၏သားများနှင့်ဣသရေလအမျိုးသား အပေါင်းတို့အား အောက်ဖော်ပြပါပညတ် များကိုချမှတ်ပေးတော်မူ၏။-
2 loquere Aaron et filiis eius et cunctis filiis Israhel et dices ad eos iste est sermo quem mandavit Dominus dicens
၂
3 homo quilibet de domo Israhel si occiderit bovem aut ovem sive capram in castris vel extra castra
၃ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝမှလွဲ၍ အခြားတစ်နေရာရာတွင်နွားကို ဖြစ်စေ၊ ဆိတ်ကိုဖြစ်စေသတ်၍ ထာဝရဘုရား အားပူဇော်သောဣသရေလအမျိုးသားသည် ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။ သူသည် သွေးသွန်းမှုလွန်ကူးသောကြောင့် ထာဝရ ဘုရား၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံ ရမည်။-
4 et non obtulerit ad ostium tabernaculi oblationem Domino sanguinis reus erit quasi sanguinem fuderit sic peribit de medio populi sui
၄
5 ideo offerre debent sacerdoti filii Israhel hostias suas quas occidunt in agro ut sanctificentur Domino ante ostium tabernaculi testimonii et immolent eas hostias pacificas Domino
၅ဤပညတ်၏ရည်ရွယ်ချက်မှာဣသရေလ အမျိုးသားတို့သည် ယခင်ကတိရစ္ဆာန်များကို ကွင်းပြင်၌သတ်ခဲ့သော်လည်း ယခုထာဝရ ဘုရားရှေ့တော်၌သတ်စေရန်ဖြစ်သည်။ သူ တို့သည်တိရစ္ဆာန်များကို ယဇ်ပုရောဟိတ်ထံ တဲတော်တံခါးဝသို့ယူဆောင်ခဲ့ပြီးလျှင် မိတ်သဟာယယဇ်အဖြစ်သတ်၍ပူဇော် ရမည်။-
6 fundetque sacerdos sanguinem super altare Domini ad ostium tabernaculi testimonii et adolebit adipem in odorem suavitatis Domino
၆ယဇ်ပုရောဟိတ်သည် သွေးကိုတဲတော်တံခါးဝ ရှိယဇ်ပလ္လင်လေးဘက်တွင် ပက်ဖျန်းရမည်။ ထို နောက်အဆီကိုမီးရှို့ပူဇော်သဖြင့် ထာဝရ ဘုရားနှစ်သက်တော်မူသောရနံ့ကိုထွက် ပေါ်စေမည်။-
7 et nequaquam ultra immolabunt hostias suas daemonibus cum quibus fornicati sunt legitimum sempiternum erit illis et posteris eorum
၇ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားသစ္စာဖောက်၍ကွင်းပြင်များတွင် တိရစ္ဆာန်များကိုသတ်ပြီး နတ်မိစ္ဆာတို့အား နောက်တစ်ဖန်မပူဇော်ရ။ ဣသရေလအမျိုး သားတို့သည် ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။
8 et ad ipsos dices homo de domo Israhel et de advenis qui peregrinantur apud vos qui obtulerit holocaustum sive victimam
၈ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ တဲတော်တံခါးဝမှလွဲ၍အခြား တစ်နေရာတွင် မီးရှို့သောယဇ်ကိုသော်လည်း ကောင်း၊ အခြားယဇ်ကောင်ကိုသော်လည်းကောင်း ထာဝရဘုရားအားပူဇော်လျှင်ထိုသူကို ဘုရားသခင်၏လူမျိုးတော်မှထုတ်ပယ် ရမည်။
9 et ad ostium tabernaculi testimonii non adduxerit eam ut offeratur Domino interibit de populo suo
၉
10 homo quilibet de domo Israhel et de advenis qui peregrinantur inter eos si comederit sanguinem obfirmabo faciem meam contra animam illius et disperdam eam de populo suo
၁၀ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
11 quia anima carnis in sanguine est et ego dedi illum vobis ut super altare in eo expietis pro animabus vestris et sanguis pro animae piaculo sit
၁၁သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ထာဝရဘုရားသည်လူတို့၏အပြစ် ပြေစေရန်အတွက် သွေးဟူသမျှကိုယဇ်ပလ္လင် ပေါ်သို့သွန်းလောင်းရမည်ဟုပညတ်တော် မူ၏။ သွေးသည်အသက်ဖြစ်၍ အပြစ်ကို ပြေစေ၏။-
12 idcirco dixi filiis Israhel omnis anima ex vobis non comedet sanguinem nec ex advenis qui peregrinantur inter vos
၁၂ထိုအကြောင်းကြောင့်ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုးသားတို့နှင့်နေ ထိုင်သောလူမျိုးခြားသားဖြစ်စေ သွေးပါ သောအသားကိုမစားရဟုထာဝရ ဘုရားပညတ်တော်မူ၏။
13 homo quicumque de filiis Israhel et de advenis qui peregrinantur apud vos si venatione atque aucupio ceperit feram vel avem quibus vesci licitum est fundat sanguinem eius et operiat illum terra
၁၃ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား ဖြစ်စေ၊ စားနိုင်သောတိရစ္ဆာန်သို့မဟုတ်ငှက် ကိုဖမ်းမိလျှင် ထိုသတ္တဝါ၏သွေးကိုမြေကြီး ပေါ်သို့သွန်းလောင်း၍မြေဖြင့်ဖုံးရမည်။-
14 anima enim omnis carnis in sanguine est unde dixi filiis Israhel sanguinem universae carnis non comedetis quia anima carnis in sanguine est et quicumque comederit illum interibit
၁၄သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ဣသရေလအမျိုးသားတို့သည်သွေး ပါသောအသားကိုမစားရ။ စားသောသူသည် ကိုယ်တော်၏လူမျိုးတော်မှထုတ်ပယ်ခြင်း ကိုခံရမည်ဟုထာဝရဘုရားမိန့်တော် မူ၏။
15 anima quae comederit morticinum vel captum a bestia tam de indigenis quam de advenis lavabit vestes suas et semet ipsum aqua et contaminatus erit usque ad vesperum et hoc ordine mundus fiet
၁၅ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
16 quod si non laverit vestimenta sua nec corpus portabit iniquitatem suam
၁၆ထိုပညတ်ကိုမလိုက်နာသူသည် မိမိ အပြစ်၏ဆိုးကျိုးဆက်ကိုခံရမည်။