< Iudicum 16 >
1 abiit quoque in Gazam et vidit ibi meretricem mulierem ingressusque est ad eam
၁နောက်တဖန် ရှံဆုန် သည် ဂါဇ မြို့သို့ သွား ၍ ပြည်တန်ဆာ မိန်းမ ကို တွေ့ ပြီးလျှင် သူ့ ဆီသို့ ဝင် ၍ နေ၏။
2 quod cum audissent Philisthim et percrebruisset apud eos intrasse urbem Samson circumdederunt eum positis in porta civitatis custodibus et ibi tota nocte cum silentio praestolantes ut facto mane exeuntem occiderent
၂ရှံဆုန် ရောက် ကြောင်းကို ဂါဇ မြို့သားတို့သည် ကြားလျှင် ဝိုင်း ထားလျက် ၊ မြို့ တံခါးဝ ၌ တညဉ့် လုံး ချောင်းမြောင်း လျက် ၊ နံနက် မိုဃ်းလင်း သောအခါ သူ့ ကိုသတ် မည်ဟု ဆို ၍ တညဉ့် လုံး ငြိမ်သက် စွာနေကြ၏။
3 dormivit autem Samson usque ad noctis medium et inde consurgens adprehendit ambas portae fores cum postibus suis et sera inpositasque umeris portavit ad verticem montis qui respicit Hebron
၃ရှံဆုန် သည် သန်းခေါင် တိုင်အောင် အိပ် ပြီးမှ ၊ သန်းခေါင် အချိန်၌ ထ ၍ မြို့ တံခါး ရွက် တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင် နှင့်တကွ ယူ ၍ ပခုံး ပေါ် မှာ တင် လျက် ထမ်း သွား၍၊ ဟေဗြုန် မြို့ရှေ့ ၊ တောင် ပေါ် ၌ ပစ်ထားလေ၏။
4 post haec amavit mulierem quae habitabat in valle Sorech et vocabatur Dalila
၄နောက်တဖန် စောရက် ချိုင့် ၌ နေသောဒေလိလ အမည် ရှိသောမိန်းမ တယောက်ကို ချစ် ပြန်၏။
5 veneruntque ad eam principes Philisthinorum atque dixerunt decipe eum et disce ab illo in quo tantam habeat fortitudinem et quomodo eum superare valeamus et vinctum adfligere quod si feceris dabimus tibi singuli mille centum argenteos
၅ဖိလိတ္တိ မင်း တို့သည် ထိုမိန်းမ ဆီသို့ လာ ၍ ၊ ရှံဆုန်၌ ကြီး သောခွန်အား သည် အဘယ် အရာအားဖြင့် တည်သနည်း၊ သူ့ ကို ချည်နှောင် ၍ နှိပ်စက် ခြင်းငှါ အဘယ်သို့ တတ်နိုင် မည်နည်းဟု သူ့ ကို ချော့မော့ ၍ စူးစမ်း ပါ။ ငါတို့သည် ဝိုင်း၍ ငွေ ဆယ်တ ပိဿာကို ပေး မည်ဟု ဆို ကြ၏။
6 locuta est ergo Dalila ad Samson dic mihi obsecro in quo sit tua maxima fortitudo et quid sit quo ligatus erumpere nequeas
၆ဒေလိလ ကလည်း ၊ သင် ၌ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို၎င်း၊ သင့် ကို နှိပ်စက် ခြင်းငှါ အဘယ်သို့ ချည်နှောင် ရမည်ကို၎င်းပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
7 cui respondit Samson si septem nervicis funibus necdum siccis et adhuc humentibus ligatus fuero infirmus ero ut ceteri homines
၇ရှံဆုန် က၊ တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းနှင့် ငါ့ ကို ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
8 adtuleruntque ad eam satrapae Philisthinorum septem funes ut dixerat quibus vinxit eum
၈ထိုအခါ ဖိလိတ္တိ မင်း တို့သည် တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းတို့ကို ယူ ခဲ့၍ ၊ ထိုမိန်းမသည် ရှံဆုန် ကို ချည်နှောင် လေ၏။
9 latentibus apud se insidiis et in cubiculo finem rei expectantibus clamavitque ad eum Philisthim super te Samson qui rupit vincula quomodo si rumpat quis filum de stuppae tortum putamine cum odorem ignis acceperit et non est cognitum in quo esset fortitudo eius
၉ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်း ထဲမှ ချောင်းမြောင်း လျက် နေ သည်ဖြစ်၍မိန်းမက၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆို သော် ၊ သူသည် မီး ထိ သော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ် လေ၏။ သို့ဖြစ်၍ သူ ၏ခွန်အား ကို မ သိ ရကြ။
10 dixitque ad eum Dalila ecce inlusisti mihi et falsum locutus es saltim nunc indica quo ligari debeas
၁၀ဒေလိလ ကလည်း ၊ သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခု ပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
11 cui ille respondit si ligatus fuero novis funibus qui numquam fuerunt in opere infirmus ero et aliorum hominum similis
၁၁သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
12 quibus rursum Dalila vinxit eum et clamavit Philisthim super te Samson in cubiculo insidiis praeparatis qui ita rupit vincula quasi fila telarum
၁၂ဒေလိလ သည် ကြိုး သစ် တို့ကို ယူ ၍ ချည်နှောင် ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်း သော သူအချို့ ရှိ နေလျက်၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည် ကဲ့သို့ ဖြတ် လေ၏။
13 dixitque Dalila rursum ad eum usquequo decipis me et falsum loqueris ostende quo vinciri debeas si inquit septem crines capitis mei cum licio plexueris et clavum his circumligatum terrae fixeris infirmus ero
၁၃ဒေလိလ ကလည်း ၊ ယခု တိုင်အောင် သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ အဘယ်သို့ ချည်နှောင် ရမည်ကို ပြော ပါဟု ရှံဆုန် အား တောင်းပန် သော် ၊ သူက၊ ငါ့ ဆံပင် ခုနစ် စု တို့ကို ရက်ကန်းသား ၌ ရက် သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ငါဖြစ်လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
14 quod cum fecisset Dalila dixit ad eum Philisthim super te Samson qui consurgens de somno extraxit clavum cum crinibus et licio
၁၄ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့ နှင့် ရိုက် ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသား ပါလျက် သွား ၏။
15 dixitque ad eum Dalila quomodo dicis quod ames me cum animus tuus non sit mecum per tres vices mentitus es mihi et noluisti dicere in quo sit tua maxima fortitudo
၁၅ဒေလိလကလည်း၊ သင် သည် ငါ့ကို ချစ် သည်ဟု စိတ်နှလုံး မ ပါ ဘဲလျက် အဘယ်သို့ ပြော နိုင်သနည်း။ သင့် ၌ ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို မ ပြော။ သုံး ကြိမ် တိုင်အောင်ငါ့ ကို ကျီစား ပြီဟု ဆို ၏။
16 cumque molesta ei esset et per multos dies iugiter adhereret spatium ad quietem non tribuens defecit anima eius et ad mortem usque lassata est
၁၆ထိုသို့ ဒေလိလသည် နေ့ တိုင်း ပူဆာ ၍ သူ အသက် သေ လုအောင် နှောင့်ရှက် သောကြောင့်၊
17 tunc aperiens veritatem rei dixit ad eam ferrum numquam ascendit super caput meum quia nazareus id est consecratus Deo sum de utero matris meae si rasum fuerit caput meum recedet a me fortitudo mea et deficiam eroque ut ceteri homines
၁၇ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
18 videns illa quod confessus ei esset omnem animum suum misit ad principes Philisthinorum atque mandavit ascendite adhuc semel quia nunc mihi aperuit cor suum qui ascenderunt adsumpta pecunia quam promiserant
၁၈ထိုသို့ မိမိ စိတ် နှလုံးထဲမှာ ရှိသမျှ အတိုင်း ပြော ကြောင်း ကို ဒေလိလ သိ လျှင် ၊ ဖိလိတ္တိ မင်း တို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာ ကြပါဦး။ သူသည် မိမိ စိတ် နှလုံးရှိသမျှ အတိုင်း ပြော ပြီဟု မှာ လိုက်သဖြင့်၊ သူတို့သည် ငွေ ကို ဆောင် ယူခဲ့လျက် လာ ကြ၏။
19 at illa dormire eum fecit super genua sua et in sinu suo reclinare caput vocavitque tonsorem et rasit septem crines eius et coepit abicere eum et a se repellere statim enim ab eo fortitudo discessit
၁၉ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိ ဒူး ပေါ် မှာ တင်လျက် သူ့ ကို အိပ် စေသဖြင့် ၊ လူ တယောက်ကို ခေါ် ၍ သူ ၏ ဆံပင် ခုနစ် စု တို့ကိုရိတ် စေပြီးမှ ၊ သူ့ ကို နှောင့်ရှက် စ ပြု၍ သူ ၏ ခွန်အား သည် လျော့ပျောက် ၏။
20 dixitque Philisthim super te Samson qui de somno consurgens dixit in animo suo egrediar sicut ante feci et me excutiam nesciens quod Dominus recessisset ab eo
၂၀မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက် လာကြသည်ဟု ဆို သော်၊ ရှံဆုန်နိုး ၍ ထာဝရဘုရား စွန့် တော်မူကြောင်း ကို မ ရိပ်မိ သောကြောင့် ၊ အရင် ကဲ့သို့ ငါထွက် ၍ အားထုတ် မည်ဟု အကြံ ရှိသော်လည်း၊
21 quem cum adprehendissent Philisthim statim eruerunt oculos eius et duxerunt Gazam vinctum catenis et clausum in carcere molere fecerunt
၂၁ဖိလိတ္တိ လူတို့သည် ဘမ်းဆီး ၍ သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ထောင် အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။
22 iamque capilli eius renasci coeperant
၂၂ရှံဆုန်ဆံပင်ရိတ် သောနောက်၊ တဖန် ပေါက် ပြန်သောအခါ၊
23 et principes Philisthinorum convenerunt in unum ut immolarent hostias magnificas Dagon deo suo et epularentur dicentes tradidit deus noster inimicum nostrum Samson in manus nostras
၂၃ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။
24 quod etiam populus videns laudabat deum suum eademque dicebat tradidit deus noster in manus nostras adversarium qui delevit terram nostram et occidit plurimos
၂၄လူ များတို့သည် ရှံဆုန် ကို မြင် သောအခါ ၊ ငါ တို့ဘုရား သည် ငါ တို့ပြည် ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကိုသတ် သော ငါ တို့၏ရန်သူ ကို၊ ငါ တို့လက် သို့ အပ် တော်မူပြီဟု မိမိ တို့ဘုရား ကို ချီးမွမ်း ကြ၏။
25 laetantesque per convivia sumptis iam epulis praeceperunt ut vocaretur Samson et ante eos luderet qui adductus de carcere ludebat ante eos feceruntque eum stare inter duas columnas
၂၅စိတ် နှလုံးရွှင်လန်း သောအခါ ၊ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ၊ ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။
26 qui dixit puero regenti gressus suos dimitte me ut tangam columnas quibus omnis inminet domus ut recliner super eas et paululum requiescam
၂၆ရှံဆုန် ကလည်း ၊ စရပ် တိုင် တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ ပါရစေဟု လက် ဆွဲ သော လူ ကလေးကို အခွင့် တောင်း၏။
27 domus autem plena erat virorum ac mulierum et erant ibi omnes principes Philisthinorum ac de tecto et solario circiter tria milia utriusque sexus spectabant ludentem Samson
၂၇ထိုစရပ် ၌ ယောက်ျား မိန်းမ တို့သည် အပြည့် ရှိကြ၏။ ဖိလိတ္တိ မင်း အပေါင်း တို့လည်း ပါကြ၏။ စရပ်မိုး ပေါ် မှာလည်း သုံး ထောင် မျှ လောက်သော ယောက်ျား မိန်းမ တို့သည် ရှံဆုန် ကစား သည်ကို ကြည့်ရှု လျက်ရှိကြ၏။
28 at ille invocato Domino ait Domine Deus memento mei et redde nunc mihi pristinam fortitudinem Deus meus ut ulciscar me de hostibus meis et pro amissione duorum luminum unam ultionem recipiam
၂၈ရှံဆုန် ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ၊
29 et adprehendens ambas columnas quibus innitebatur domus alteramque earum dextera et alteram leva tenens
၂၉စရပ် ခေါင် တိုင် နှစ် တိုင်တို့ကို လက်ျာ လက်၊ လက်ဝဲ လက်နှစ်ဘက်နှင့်ကိုင် ၍ မှီ နေလျက်၊
30 ait moriatur anima mea cum Philisthim concussisque fortiter columnis cecidit domus super omnes principes et ceteram multitudinem quae ibi erat multoque plures interfecit moriens quam ante vivus occiderat
၃၀အကျွန်ုပ်သည် ဖိလိတ္တိ လူတို့နှင့်အတူ သေ ပါရစေဟု ဆို လျက် ၊ အား ထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ် သည် မင်း များ၊ လူ များအပေါင်း တို့အပေါ် မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက် ရှင်စဉ် အခါ သတ် ခဲ့သည်ထက် သေ စဉ် အခါ သာ၍များ သောသူတို့ ကိုသတ် လေ၏။
31 descendentes autem fratres eius et universa cognatio tulerunt corpus eius et sepelierunt inter Saraa et Esthaol in sepulchro patris Manue iudicavitque Israhel viginti annis
၃၁သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ ၍ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။