< Iosue 3 >
1 igitur Iosue de nocte consurgens movit castra egredientesque de Setthim venerunt ad Iordanem ipse et omnes filii Israhel et morati sunt ibi per tres dies
၁နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
2 quibus evolutis transierunt praecones per castrorum medium
၂သုံးရက်လွန်ပြီးနောက်ခေါင်းဆောင်တို့သည် စခန်းသို့လှည့်လည်၍-
3 et clamare coeperunt quando videritis arcam foederis Domini Dei vestri et sacerdotes stirpis leviticae portantes eam vos quoque consurgite et sequimini praecedentes
၃``သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ယဇ်ပုရောဟိတ်များ ပင့်ဆောင်လာသည်ကိုမြင်လျှင် သင်တို့သည် စခန်းသိမ်း၍သူတို့နောက်သို့လိုက်ကြရ မည်။-
4 sitque inter vos et arcam spatium cubitorum duum milium ut procul videre possitis et nosse per quam viam ingrediamini quia prius non ambulastis per eam et cavete ne adpropinquetis ad arcam
၄သင်တို့သည်ဤလမ်းကိုတစ်ခါမျှမသွား ဘူးသဖြင့် သူတို့ကလမ်းပြလိမ့်မည်။ သို့ ရာတွင်သင်တို့သည်ပဋိညာဉ်သေတ္တာတော် အနီးသို့မချဉ်းကပ်ရ။ သေတ္တာတော်နောက် မှမိုင်ဝက်ခန့်ခွာ၍လိုက်ရကြမည်'' ဟု လူအပေါင်းတို့အားမှာကြားလေ၏။
5 dixitque Iosue ad populum sanctificamini cras enim faciet Dominus inter vos mirabilia
၅ထိုနောက်ယောရှုကလူတို့အား``နက်ဖြန် နေ့တွင်ထာဝရဘုရားသည်သင်တို့အား အံ့ဖွယ်သောနိမိတ်လက္ခဏာကိုပြတော်မူ မည်ဖြစ်၍ သင်တို့ကိုယ်ကိုသန့်စင်စေကြ လော့'' ဟုညွှန်ကြားလေ၏။-
6 et ait ad sacerdotes tollite arcam foederis et praecedite populum qui iussa conplentes tulerunt et ambulaverunt ante eos
၆ထိုနောက်သူသည်ယဇ်ပုရောဟိတ်တို့အား ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်၍ လူထု ရှေ့ကချီတက်ရန်စေခိုင်းသည့်အတိုင်းသူ တို့သည်ချီတက်သွားကြ၏။
7 dixitque Dominus ad Iosue hodie incipiam exaltare te coram omni Israhel ut sciant quod sicut cum Mosi fui ita et tecum sim
၇ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။-
8 tu autem praecipe sacerdotibus qui portant arcam foederis et dic eis cum ingressi fueritis partem aquae Iordanis state in ea
၈ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။
9 dixitque Iosue ad filios Israhel accedite huc et audite verba Domini Dei vestri
၉ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။-
10 et rursum in hoc inquit scietis quod Dominus Deus vivens in medio vestri est et disperdat in conspectu vestro Chananeum Hettheum Eveum et Ferezeum Gergeseum quoque et Amorreum et Iebuseum
၁၀သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
11 ecce arca foederis Domini omnis terrae antecedet vos per Iordanem
၁၁
12 parate duodecim viros de tribubus Israhel singulos per singulas tribus
၁၂ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
13 et cum posuerint vestigia pedum suorum sacerdotes qui portant arcam Domini Dei universae terrae in aquis Iordanis aquae quae inferiores sunt decurrent atque deficient quae autem desuper veniunt in una mole consistent
၁၃ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
14 igitur egressus est populus de tabernaculis suis ut transirent Iordanem et sacerdotes qui portabant arcam foederis pergebant ante eum
၁၄ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊-
15 ingressisque eis Iordanem et pedibus eorum tinctis in parte aquae cum Iordanis autem ripas alvei sui tempore messis impleret
၁၅
16 steterunt aquae descendentes in uno loco et instar montis intumescentes apparebant procul ab urbe quae vocatur Adom usque ad locum Sarthan quae autem inferiores erant in mare Solitudinis quod nunc vocatur Mortuum descenderunt usquequo omnino deficerent
၁၆ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
17 populus autem incedebat contra Iordanem et sacerdotes qui portabant arcam foederis Domini stabant super siccam humum in medio Iordanis accincti omnisque populus per arentem alveum transiebat
၁၇လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။