< Iosue 16 >
1 cecidit quoque sors filiorum Ioseph ab Iordane contra Hiericho et aquas eius ab oriente solitudo quae ascendit de Hiericho ad montana Bethel
၁ယောသပ်အဆက်အနွယ်တို့အားခွဲဝေပေး သောနယ်မြေ၏တောင်ဘက်နယ်နိမိတ်သည် ယေရိခေါမြို့အနီးယေရိခေါစမ်းရေတွင်း၊ အရှေ့ယော်ဒန်မြစ်မှအစပြု၍တောကန္တာရ ကိုဖြတ်လျက်တောင်ကုန်းဒေသရှိဗေသလ မြို့သို့ရောက်၏။-
2 et egreditur de Bethel Luzam transitque terminum Archiatharoth
၂တစ်ဖန်ဗေသလမြို့မှလုဇမြို့သို့လည်း ကောင်း၊ ထိုမှတစ်ဆင့်အာခိအမျိုးသား များနေထိုင်ရာအတရုတ်အန္ဒာမြို့သို့ လည်းကောင်းရောက်သည်။-
3 et descendit ad occidentem iuxta terminum Ieflethi usque ad terminos Bethoron inferioris et Gazer finiunturque regiones eius mari Magno
၃တစ်ဖန်အနောက်ဘက်ယာဖလေတိအမျိုး သားတို့နေထိုင်ရာအောက်ဗက်ဟောရုန်ဒေသ သို့ရောက်သည်။ ထိုမှတစ်ဖန်ဂေဇာမြို့ကိုဖြတ် ပြီးလျှင်မြေထဲပင်လယ်တွင်အဆုံးသတ် လေသည်။
4 possederuntque filii Ioseph Manasse et Ephraim
၄ယောသပ်၏အဆက်အနွယ်များဖြစ်ကြ သောဧဖရိမ်အနွယ်နှင့် အနောက်မနာရှေ အနွယ်တို့သည်ဖော်ပြပါနယ်မြေကို အပိုင်ရရှိကြလေသည်။
5 et factus est terminus filiorum Ephraim per cognationes suas et possessio eorum contra orientem Atharothaddar usque Bethoron superiorem
၅ဧဖရိမ်အနွယ်မိသားစုတို့အတွက်ခွဲဝေ ပေးသော နယ်မြေ၏နယ်နိမိတ်မှာအောက်ပါ အတိုင်းဖြစ်သည်။ အရှေ့ဘက်နယ်နိမိတ်သည် အတရုတ်အဒ္ဒါမြို့မှအစပြု၍ အရှေ့ဘက် ရှိအထက်ဗက်ဟောရုန်မြို့ကိုဖြတ်၍၊-
6 egrediunturque confinia in mare Machmethath vero aquilonem respicit et circuit terminus contra orientem in Thanathselo et pertransit ab oriente Ianoe
၆မြေထဲပင်လယ်သို့ရောက်သည်။ မြောက်ဘက် တွင်မိတ်မေသမြို့တည်ရှိသည်။ ထိုဒေသ အရှေ့ဘက်မှနယ်နိမိတ်သည်တာနတ်ရှိ လောမြို့သို့ကွေ့ဝင်ပြီးလျှင်မြို့အရှေ့မှ ဖြတ်၍ယနောဟမြို့သို့ရောက်သည်။-
7 descenditque de Ianoe in Atharoth et Noaratha et pervenit in Hiericho et egreditur ad Iordanem
၇ထိုနောက်ယနောဟမြို့မှအတရုတ်မြို့ နှင့်နာရတ်မြို့များဘက်သို့ဆင်းလာပြီး နောက် ယေရိခေါမြို့သို့ရောက်၍ယော်ဒန် မြစ်တွင်အဆုံးသတ်သည်။-
8 de Taffua pertransitque contra mare in valle Harundineti suntque egressus eius in mare Salsissimum haec est possessio tribus filiorum Ephraim per familias suas
၈တစ်ဖန်နယ်နိမိတ်သည်တာပွာမြို့မှအနောက် ဘက်ကာနချောင်းသို့ရောက်၍ မြေထဲပင်လယ် တွင်အဆုံးသတ်သည်။ ဤနယ်မြေကိုဧဖရိမ် အနွယ်မိသားစုများကအပိုင်ရရှိကြ သည်။-
9 urbesque quae separatae sunt filiis Ephraim in medio possessionis filiorum Manasse et villae earum
၉ထို့အပြင်မနာရှေပိုင်နယ်မြေထဲမှမြို့ ရွာအချို့တို့ကိုလည်းအပိုင်ရရှိကြ သည်။-
10 et non interfecerunt filii Ephraim Chananeum qui habitabat in Gazer habitavitque Chananeus in medio Ephraim usque in diem hanc tributarius
၁၀သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။