< Joël Propheta 3 >
1 quia ecce in diebus illis et in tempore illo cum convertero captivitatem Iuda et Hierusalem
၁ထိုနေ့ ရက်ကာလ ၌ အထက်က သိမ်း သွားခြင်း ကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ငါဆောင် ခဲ့ပြန်သောအခါ ၊
2 congregabo omnes gentes et deducam eas in valle Iosaphat et disceptabo cum eis ibi super populo meo et hereditate mea Israhel quos disperserunt in nationibus et terram meam diviserunt
၂ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။
3 et super populum meum miserunt sortem et posuerunt puerum in prostibulum et puellam vendiderunt pro vino ut biberent
၃သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။
4 verum quid vobis et mihi Tyrus et Sidon et omnis terminus Palestinorum numquid ultionem vos redditis mihi et si ulciscimini vos contra me cito velociter reddam vicissitudinem vobis super caput vestrum
၄အိုတုရု မြို့၊ ဇိဒုန် မြို့၊ ပါလေတ္တိန ပြည်နှင့် နီးစပ်သော အရပ် ရှိသမျှ တို့၊ သင်တို့သည် ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ ကို ရန် တုံ့ပြုကြမည်လော။ ငါ့ ကို ရန် တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင် တို့ခေါင်း ပေါ် သို့ အလျင် အမြန်ငါပြန် ရောက်စေမည်။
5 argentum enim meum et aurum tulistis et desiderabilia mea et pulcherrima intulistis in delubra vestra
၅သင်တို့သည် ငါ့ ရွှေ ငွေ ကို ယူ ၍ ၊ ငါ နှစ်သက် ဘွယ်သော ဥစ္စာ မြတ်တို့ကို သင် တို့ဘုံ ဗိမာန်ထဲ သို့ သွင်း သောကြောင့် ၎င်း ၊
6 et filios Iuda et filios Hierusalem vendidistis filiis Graecorum ut longe faceretis eos de finibus suis
၆ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊
7 ecce ego suscitabo eos de loco in quo vendidistis eos et convertam retributionem vestram in caput vestrum
၇သင်တို့ရောင်း လိုက်ရာအရပ် မှ ငါ သည် ထမြောက် ၍ ၊ သင် တို့ရန် တုံ့ပြုခြင်းကို သင် တို့ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်။
8 et vendam filios vestros et filias vestras in manibus filiorum Iuda et venundabunt eos Sabeis genti longinquae quia Dominus locutus est
၈သင် တို့သား သမီး များကိုလည်း ယုဒ အမျိုးသား တို့၌ ငါရောင်း ၍ ၊ သူ တို့သည် တဖန်ဝေး သော အမျိုး၊ ရှေဘ ပြည် သားတို့၌ ရောင်း လိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
9 clamate hoc in gentibus sanctificate bellum suscitate robustos accedant ascendant omnes viri bellatores
၉ဤ အမှုကို တပါးအမျိုးသား တို့အား ကြား ပြော ကြလော့။ စစ်တိုက် ခြင်းငှာပြင်ဆင် ၍ စစ် သူရဲတို့ကို နှိုးဆော် ကြလော့။ စစ် သူရဲအပေါင်း တို့သည် ချဉ်းကပ် ၍ တက် လာကြစေ။
10 concidite aratra vestra in gladios et ligones vestros in lanceas infirmus dicat quia fortis ego sum
၁၀သံထွန်သွား များကို ထား ဖြစ်စေ ခြင်းငှာ၎င်း ၊ တံစဉ် များကို လှံ ဖြစ်စေ ခြင်းငှာ၎င်း ထု လုပ်ကြလော့။ အားနည်း သောသူက၊ ငါ အား ကြီးသည်ဟု ပြောဆို စေ။
11 erumpite et venite omnes gentes de circuitu et congregamini ibi occumbere faciet Dominus robustos tuos
၁၁ပတ်လည် ၌ နေသောတပါးအမျိုးသား အပေါင်း တို့၊ စုဝေး ၍ လာ ကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ် ၌ သင်တို့သူရဲ များကို ထာဝရဘုရား နှိမ့်ချ တော်မူမည် ။
12 consurgant et ascendant gentes in vallem Iosaphat quia ibi sedebo ut iudicem omnes gentes in circuitu
၁၂တပါးအမျိုးသား တို့သည် ထ ၍ ယောရှဖတ် ချိုင့် သို့ တက် လာကြစေ။ ပတ်လည် ၌ နေသောတပါး အမျိုးသား အပေါင်းတို့ကို စစ်ကြော စီရင်ခြင်းငှာ ထို အရပ်၌ ငါထိုင် မည်။
13 mittite falces quoniam maturavit messis venite et descendite quia plenum est torcular exuberant torcularia quia multiplicata est malitia eorum
၁၃ရိတ် စရာ စပါးမှည့် သောကြောင့် တံစဉ် ကို လွှတ် ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍၊ စပျစ်ရည် ကျင်းတို့သည် လျှံ သောကြောင့် လာ ကြ။ ဆင်းကြလော့ ။ အကြောင်း မူကား၊ သူ တို့ပြုသောဒုစရိုက် အပြစ် သည် ကြီး လှ၏။
14 populi populi in valle concisionis quia iuxta est dies Domini in valle concisionis
၁၄ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။
15 sol et luna obtenebricata sunt et stellae retraxerunt splendorem suum
၁၅နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
16 et Dominus de Sion rugiet et de Hierusalem dabit vocem suam et movebuntur caeli et terra et Dominus spes populi sui et fortitudo filiorum Israhel
၁၆ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။
17 et scietis quia ego Dominus Deus vester habitans in Sion in monte sancto meo et erit Hierusalem sancta et alieni non transibunt per eam amplius
၁၇ငါ သည်လည်း ငါ ၏သန့်ရှင်း သော ဇိအုန် တောင် ပေါ် မှာနေ သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း သန့်ရှင်း လိမ့်မည် ။ နောက် တဖန် ထိုမြို့ ကို တပါး အမျိုးသားမ နင်း ရ။
18 et erit in die illa stillabunt montes dulcedinem et colles fluent lacte et per omnes rivos Iuda ibunt aquae et fons de domo Domini egredietur et inrigabit torrentem Spinarum
၁၈ထို ကာလ ၌ ချိုသော စပျစ်ရည် သည် တောင် တို့ မှ ယို လိမ့်မည်။ နို့ ရည်သည် ကုန်း တို့မှ ထွက် လိမ့်မည်။ ယုဒ မြစ် ရှိသမျှ တို့သည် ရေစီး ကြလိမ့်မည်။ ထာဝရဘုရား ၏ အိမ် တော်ထဲက စမ်းရေ ထွက် ၍ ရှိတ္တိမ် ချိုင့် ကို စို စေလိမ့်မည်။
19 Aegyptus in desolatione erit et Idumea in desertum perditionis pro eo quod inique egerint in filios Iuda et effuderint sanguinem innocentem in terra sua
၁၉ယုဒ ပြည် ၌ အပြစ် မရှိသောသူ တို့ကိုသတ် ၍ ယုဒ အမျိုးသား တို့ကို ညှဉ်းဆဲ သောကြောင့် ၊ အဲဂုတ္တု ပြည် သည်လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ ဧဒုံ ပြည်သည်လည်း လူဆိတ်ညံ သော တော ဖြစ် လိမ့်မည်။
20 et Iudaea in aeternum habitabitur et Hierusalem in generatione et generationem
၂၀ယုဒ ပြည်မူကား ၊ ထာဝရ ပြည်၊ ယေရုရှလင် မြို့မူကား ၊ ကာလ အစဉ်အဆက်တည်သော မြို့ ဖြစ်လိမ့်မည်။
21 et mundabo sanguinem eorum quem non mundaveram et Dominus commorabitur in Sion
၂၁ထို မြို့သားတို့သည် အသေ သတ်ခြင်းကို ခံရသော အပြစ်ကြောင့်၊ ငါသည် မ ပေး သေးသော ဒဏ်ကို တဖန်ပေးဦ းမည်။ ထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ ကျိန်းဝပ် တော်မူသတည်း။