< Job 11 >
1 respondens autem Sophar Naamathites dixit
၁နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
2 numquid qui multa loquitur non et audiet aut vir verbosus iustificabitur
၂စကား များ ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ် နှင့် လွတ်ရမည်လော။
3 tibi soli tacebunt homines et cum ceteros inriseris a nullo confutaberis
၃သင် ပြောသောမုသာ စကားကြောင့် သူတပါးတို့သည် တိတ်ဆိတ် စွာနေရမည်လော။ သင်ကဲ့ရဲ့ သောအခါ အဘယ်သူသည် အရှက် မ ကွဲဘဲနေရမည်နည်း။
4 dixisti enim purus est sermo meus et mundus sum in conspectu tuo
၄သင်က၊ ငါ့ စကား ဖြောင့် ၏။ ဘုရား သခင့်ရှေ့ တော်၌ ငါသန့်ရှင်း ၏ဟု ဆို မိပြီ။
5 atque utinam Deus loqueretur tecum et aperiret labia sua tibi
၅ဘုရား သခင်မိန့် တော်မူပါစေ။ သင့် တစ်ဘက် ၌ နှုတ် တော်ကို ဖွင့် တော်မူပါစေ။
6 ut ostenderet tibi secreta sapientiae et quod multiplex esset lex eius et intellegeres quod multo minora exigaris a Deo quam meretur iniquitas tua
၆နက်နဲ သော ပညာ အရာတည်းဟူသောသင် နားလည်နိုင်သည်ထက်၊ နှစ်ဆ သာသောအရာတို့ကို သင့် အား ပြ တော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင် သည် အပြစ် ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရ လိမ့်မည်။
7 forsitan vestigia Dei conprehendes et usque ad perfectum Omnipotentem repperies
၇သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။
8 excelsior caelo est et quid facies profundior inferno et unde cognosces (Sheol )
၈မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။ (Sheol )
9 longior terrae mensura eius et latior mari
၉အတိုင်း အရှည် သည် မြေကြီး ကိုလွန် လျက် သမုဒ္ဒရာ ထက် သာ၍ကျယ်ဝန်း လျက်ရှိ၏။
10 si subverterit omnia vel in unum coartaverit quis contradicet ei
၁၀ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။
11 ipse enim novit hominum vanitatem et videns iniquitatem nonne considerat
၁၁ဘုရား သခင်သည် ဆိုး သောသူတို့၏ သဘောကို သိ တော်မူ၏။ သူတို့အမှတ် တမဲ့ပြုသောဒုစရိုက် ကို သိမြင် တော်မူ၏။
12 vir vanus in superbiam erigitur et tamquam pullum onagri se liberum natum putat
၁၂သို့သော်လည်း ရိုင်း သောမြည်း ကလေးသည် လူ အဖြစ်သို့ရောက်သောအခါ ၊ လူ မိုက်သည် ပညာ သတိရလိမ့်မည်။
13 tu autem firmasti cor tuum et expandisti ad eum manus tuas
၁၃သင် သည် စိတ် နှလုံးကို ပြင်ဆင် ၍ လက် တို့ကို ဘုရား သခင်ထံ တော်သို့ ဆန့် လျှင် ၎င်း ၊
14 si iniquitatem quod est in manu tua abstuleris a te et non manserit in tabernaculo tuo iniustitia
၁၄သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊
15 tum levare poteris faciem tuam absque macula et eris stabilis et non timebis
၁၅အညစ် အကြေးနှင့်ကင်းလွတ် သော မျက်နှာ ကို ပြရလိမ့်မည်။ စိုးရိမ် စရာအကြောင်းမ ရှိ၊ တည်ကြည် လိမ့်မည်။
16 miseriae quoque oblivisceris et quasi aquarum quae praeterierint recordaberis
၁၆ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။
17 et quasi meridianus fulgor consurget tibi ad vesperam et cum te consumptum putaveris orieris ut lucifer
၁၇သင်၏အသက် သည်မွန်းတည့် အရောင်ထက် ထွန်းလင်း လိမ့်မည်။ ယခုမှောင်မိုက် သော်လည်းနံနက် ကဲ့သို့ လင်းလိမ့်မည်။
18 et habebis fiduciam proposita tibi spe et defossus securus dormies
၁၈မြော်လင့် စရာရှိ သောကြောင့် မ စိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်းလုံခြုံ စွာ ငြိမ်ဝပ် လိမ့်မည်။
19 requiesces et non erit qui te exterreat et deprecabuntur faciem tuam plurimi
၁၉အိပ် သောအခါ အဘယ် သူမျှမချောက် မလှန့်ရ။ လူများ တို့သည် သင့် ကိုတောင်းပန် ကြလိမ့်မည်။
20 oculi autem impiorum deficient et effugium peribit ab eis et spes eorum abominatio animae
၂၀ဆိုး သောသူတို့ ၏မျက်စိ သည် အားလျော့ လိမ့်မည်။ သူ တို့သည် ပြေး၍မ လွတ်ရကြ။ သူ တို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။