< Jeremiæ 51 >

1 haec dicit Dominus ecce ego suscitabo super Babylonem et super habitatores eius qui cor suum levaverunt contra me quasi ventum pestilentem
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည်။
2 et mittam in Babylonem ventilatores et ventilabunt eam et demolientur terram eius quoniam venerunt super eam undique in die adflictionis eius
စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။
3 non tendat qui tendit arcum suum et non ascendat loricatus nolite parcere iuvenibus eius interficite omnem militiam eius
လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
4 et cadent interfecti in terra Chaldeorum et vulnerati in regionibus eius
ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။
5 quoniam non fuit viduatus Israhel et Iuda a Deo suo Domino exercituum terra autem eorum repleta est delicto a Sancto Israhel
ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။
6 fugite de medio Babylonis et salvet unusquisque animam suam nolite tacere super iniquitatem eius quoniam tempus ultionis est Domino vicissitudinem ipse retribuet ei
ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။
7 calix aureus Babylon in manu Domini inebrians omnem terram de vino eius biberunt gentes et ideo commotae sunt
ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။
8 subito cecidit Babylon et contrita est ululate super eam tollite resinam ad dolorem eius si forte sanetur
ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာ ပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။
9 curavimus Babylonem et non est sanata derelinquamus eam et eamus unusquisque in terram suam quoniam pervenit usque ad caelos iudicium eius et elevatum est usque ad nubes
ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
10 protulit Dominus iustitias nostras venite et narremus in Sion opus Domini Dei nostri
၁၀ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြ ကုန်အံ့။
11 acuite sagittas implete faretras suscitavit Dominus spiritum regum Medorum et contra Babylonem mens eius ut perdat eam quoniam ultio Domini est ultio templi sui
၁၁မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။
12 super muros Babylonis levate signum augete custodiam levate custodes praeparate insidias quia cogitavit Dominus et fecit quaecumque locutus est contra habitatores Babylonis
၁၂ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
13 quae habitas super aquas multas locuples in thesauris venit finis tuus pedalis praecisionis tuae
၁၃များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီး သောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။
14 iuravit Dominus exercituum per animam suam quoniam replebo te hominibus quasi brucho et super te celeuma cantabitur
၁၄ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည်။
15 qui fecit terram in fortitudine sua praeparavit orbem in sapientia sua et prudentia sua extendit caelos
၁၅တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
16 dante eo vocem multiplicantur aquae in caelo qui levat nubes ab extremo terrae fulgura in pluviam fecit et produxit ventum de thesauris suis
၁၆အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ၏။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ၏။
17 stultus factus est omnis homo ab scientia confusus est omnis conflator in sculptili quia mendax conflatio eius nec est spiritus in eis
၁၇လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
18 vana sunt opera et risu digna in tempore visitationis suae peribunt
၁၈ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြ လိမ့်မည်။
19 non sicut haec pars Iacob quia qui fecit omnia ipse est et Israhel sceptrum hereditatis eius Dominus exercituum nomen eius
၁၉ယာကုပ်အမျိုး၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
20 conlidis tu mihi vasa belli et ego conlidam in te gentes et disperdam in te regna
၂၀အိုသံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။
21 et conlidam in te equum et equitem eius et conlidam in te currum et ascensorem eius
၂၁သင့်ကိုကိုင်၍ မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ပြီ။
22 et conlidam in te virum et mulierem et conlidam in te senem et puerum et conlidam in te iuvenem et virginem
၂၂သင့်ကိုကိုင်၍ ယောက်ျားနှင့်မိန်းမတို့ကို၎င်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့် အပျိုမတို့ကို၎င်း ငါချိုးဖဲ့ပြီ။
23 et conlidam in te pastorem et gregem eius et conlidam in te agricolam et iugales eius et conlidam in te duces et magistratus
၂၃သင့်ကိုကိုင်၍ သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့် မင်းများကို ၎င်း ငါချိုးဖဲ့ပြီ။
24 et reddam Babyloni et cunctis habitatoribus Chaldeae omne malum suum quod fecerunt in Sion in oculis vestris ait Dominus
၂၄သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင်တို့ မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
25 ecce ego ad te mons pestifer ait Dominus qui corrumpis universam terram et extendam manum meam super te et evolvam te de petris et dabo te in montem conbustionis
၂၅ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည်။
26 et non tollent de te lapidem in angulum et lapidem in fundamenta sed perditus in aeternum eris ait Dominus
၂၆တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
27 levate signum in terra clangite bucina in gentibus sanctificate super eam gentes adnuntiate contra illam regibus Ararat Menni et Aschenez numerate contra eam Thapsar adducite equum quasi bruchum aculeatum
၂၇ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ပြင်ဆင် ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည် တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့။
28 sanctificate contra eam gentes reges Mediae duces eius et universos magistratus eius cunctamque terram potestatis eius
၂၈လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏ တဘက်၌ ပြင်ဆင်ကြလော့။
29 et commovebitur terra et turbabitur quia evigilavit contra Babylonem cogitatio Domini ut ponat terram Babylonis desertam et inhabitabilem
၂၉ဗာဗုလုန်ပြည်သည်တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
30 cessaverunt fortes Babylonis a proelio habitaverunt in praesidiis devoratum est robur eorum et facti sunt quasi mulieres incensa sunt tabernacula eius contriti sunt vectes eius
၃၀ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
31 currens obviam currenti veniet et nuntius obvius nuntianti ut adnuntiet regi Babylonis quia capta est civitas eius a summo usque ad summum
၃၁ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
32 et vada praeoccupata sunt et paludes incensae sunt igni et viri bellatores conturbati sunt
၃၂
33 quia haec dicit Dominus exercituum Deus Israhel filia Babylon quasi area tempus triturae eius adhuc modicum et veniet tempus messionis eius
၃၃ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
34 comedit me devoravit me Nabuchodonosor rex Babylonis reddidit me quasi vas inane absorbuit me sicut draco replevit ventrem suum teneritudine mea et eiecit me
၃၄ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
35 iniquitas adversum me et caro mea super Babylonem dicit habitatio Sion et sanguis meus super habitatores Chaldeae dicit Hierusalem
၃၅ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
36 propterea haec dicit Dominus ecce ego iudicabo causam tuam et ulciscar ultionem tuam et desertum faciam mare eius et siccabo venam eius
၃၆သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။
37 et erit Babylon in tumulos habitatio draconum stupor et sibilus eo quod non sit habitator
၃၇ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။
38 simul ut leones rugient excutient comas velut catuli leonum
၃၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
39 in calore eorum ponam potus eorum et inebriabo eos ut sopiantur et dormiant somnum sempiternum et non consurgant dicit Dominus
၃၉သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
40 deducam eos quasi agnos ad victimam quasi arietes cum hedis
၄၀အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။
41 quomodo capta est Sesach et conprehensa est inclita universae terrae quomodo facta est in stuporem Babylon inter gentes
၄၁ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေ တပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား။
42 ascendit super Babylonem mare multitudine fluctuum eius operta est
၄၂ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။
43 factae sunt civitates eius in stuporem terra inhabitabilis et deserta terra in qua nullus habitet nec transeat per eam filius hominis
၄၃မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။
44 et visitabo super Bel in Babylone et eiciam quod absorbuerat de ore eius et non confluent ad eum ultra gentes siquidem et murus Babylonis corruit
၄၄ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။
45 egredimini de medio eius populus meus ut salvet unusquisque animam suam ab ira furoris Domini
၄၅ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။
46 et ne forte mollescat cor vestrum et timeatis auditum qui audietur in terra et veniet in anno auditio et post hunc annum auditio et iniquitas in terra et dominator super dominatorem
၄၆ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ် မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကို တယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
47 propterea ecce dies veniunt et visitabo super sculptilia Babylonis et omnis terra eius confundetur et universi interfecti eius cadent in medio eius
၄၇ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။
48 et laudabunt super Babylonem caeli et terra et omnia quae in eis sunt quia ab aquilone venient ei praedones ait Dominus
၄၈ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
49 et quomodo fecit Babylon ut caderent occisi in Israhel sic de Babylone cadent occisi in universa terra
၄၉ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။
50 qui fugistis gladium venite nolite stare recordamini procul Domini et Hierusalem ascendat super cor vestrum
၅၀ထားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့။
51 confusi sumus quoniam audivimus obprobrium operuit ignominia facies nostras quia venerunt alieni super sanctificationem domus Domini
၅၁ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်နေရကြပါ၏။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။
52 propterea ecce dies veniunt ait Dominus et visitabo super sculptilia eius et in omni terra eius mugiet vulneratus
၅၂သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည်။
53 si ascenderit Babylon in caelum et firmaverit in excelso robur suum a me venient vastatores eius ait Dominus
၅၃ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက်၍၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
54 vox clamoris de Babylone et contritio magna de terra Chaldeorum
၅၄ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
55 quoniam vastavit Dominus Babylonem et perdidit ex ea vocem magnam et sonabunt fluctus eorum quasi aquae multae dedit sonitum vox eorum
၅၅အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။
56 quia venit super eam id est super Babylonem praedo et adprehensi sunt fortes eius et emarcuit arcus eorum quia fortis ultor Dominus reddens retribuet
၅၆ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။
57 et inebriabo principes eius et sapientes eius duces eius et magistratus eius et fortes eius et dormient somnum sempiternum et non expergiscentur ait Rex Dominus exercituum nomen eius
၅၇ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
58 haec dicit Dominus exercituum murus Babylonis ille latissimus suffossione suffodietur et portae eius excelsae igni conburentur et labores populorum ad nihilum et gentium in igne erunt et disperibunt
၅၈ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
59 verbum quod praecepit Hieremias prophetes Saraiae filio Neriae filii Maasiae cum pergeret cum Sedecia rege in Babylonem in anno quarto regni eius Saraias autem erat princeps prophetiae
၅၉ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး၍၊
60 et scripsit Hieremias omne malum quod venturum erat super Babylonem in libro uno omnia verba haec quae scripta sunt contra Babylonem
၆၀ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား၊
61 et dixit Hieremias ad Saraiam cum veneris Babylonem et videris et legeris omnia verba haec
၆၁သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။
62 dices Domine tu locutus es contra locum istum ut disperderes eum ne sit qui in eo habitet ab homine usque ad pecus et ut sit perpetua solitudo
၆၂ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။
63 cumque conpleveris legere librum istum ligabis ad eum lapidem et proicies illum in medio Eufraten
၆၃ဤစာကို အကုန်အစင်ဘတ်ပြီးလျှင်၊ စာပေါ် မှာ ကျောက်ကို ချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက်၊
64 et dices sic submergetur Babylon et non consurget a facie adflictionis quam ego adduco super eam et dissolventur hucusque verba Hieremiae
၆၄ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။

< Jeremiæ 51 >