< Isaiæ 58 >
1 clama ne cesses quasi tuba exalta vocem tuam et adnuntia populo meo scelera eorum et domui Iacob peccata eorum
၁``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
2 me etenim de die in diem quaerunt et scire vias meas volunt quasi gens quae iustitiam fecerit et quae iudicium Dei sui non reliquerit rogant me iudicia iustitiae adpropinquare Deo volunt
၂သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
3 quare ieiunavimus et non aspexisti humiliavimus animam nostram et nescisti ecce in die ieiunii vestri invenitur voluntas et omnes debitores vestros repetitis
၃သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
4 ecce ad lites et contentiones ieiunatis et percutitis pugno impie nolite ieiunare sicut usque ad hanc diem ut audiatur in excelso clamor vester
၄သင်တို့အစာရှောင်ခြင်းသည်သင်တို့အား အစဉ်အမြဲအချင်းများစေလျက်ခိုက်ရန် ဒေါသဖြစ်ကာအကြမ်းဖက်စေကြ၏။ ဤ နည်းအားဖြင့်သင်တို့တောင်းလျှောက်ကြသည့် ဆုတောင်းပတ္ထနာများသည် ငါ့ကိုနားညောင်း စေနိုင်လိမ့်မည်ဟုသင်တို့ထင်မှတ်ကြပါ သလော။-
5 numquid tale est ieiunium quod elegi per diem adfligere hominem animam suam numquid contorquere quasi circulum caput suum et saccum et cinerem sternere numquid istud vocabis ieiunium et diem acceptabilem Domino
၅သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
6 nonne hoc est magis ieiunium quod elegi dissolve conligationes impietatis solve fasciculos deprimentes dimitte eos qui confracti sunt liberos et omne onus disrumpe
၆``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊-
7 frange esurienti panem tuum et egenos vagosque induc in domum tuam cum videris nudum operi eum et carnem tuam ne despexeris
၇ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
8 tunc erumpet quasi mane lumen tuum et sanitas tua citius orietur et anteibit faciem tuam iustitia tua et gloria Domini colliget te
၈``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-
9 tunc invocabis et Dominus exaudiet clamabis et dicet ecce adsum si abstuleris de medio tui catenam et desieris digitum extendere et loqui quod non prodest
၉သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ နားညောင်းမည်။ သင်တို့အကူအညီတောင်း သောအခါငါထူးမည်။ ``အကယ်၍သင်တို့သည်နှိပ်စက်ညှင်းဆဲမှု ကိုရပ်စဲ၍မတရားစွပ်စွဲမှုကိုရှောင်ရှား ပြီးဆိုးညစ်သည့်စကားမှန်သမျှကိုဖယ် ရှားကာ၊-
10 cum effuderis esurienti animam tuam et animam adflictam repleveris orietur in tenebris lux tua et tenebrae tuae erunt sicut meridies
၁၀ဆာငတ်မွတ်သိပ်သူတို့အားအစားအစာ ကျွေးမွေးလျက် ချို့တဲ့သူတို့၏လိုအင်ဆန္ဒ ကိုဖြည့်ကြမည်ဆိုပါမူ သင်၏အလင်းသည် သင်၏ပတ်ဝန်းကျင်ရှိမှောင်မိုက်ကိုလင်းလိမ့် မည်။ သင်၏ညသည်မွန်းတည့်အလင်းရောင် အဖြစ်သို့ပြောင်းလဲ၍သွားလိမ့်မည်။-
11 et requiem tibi dabit Dominus semper et implebit splendoribus animam tuam et ossa tua liberabit et eris quasi hortus inriguus et sicut fons aquarum cuius non deficient aquae
၁၁ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
12 et aedificabuntur in te deserta saeculorum fundamenta generationis et generationis suscitabis et vocaberis aedificator sepium avertens semitas in quietem
၁၂သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 si averteris a sabbato pedem tuum facere voluntatem tuam in die sancto meo et vocaveris sabbatum delicatum et sanctum Domini gloriosum et glorificaveris eum dum non facis vias tuas et non invenitur voluntas tua ut loquaris sermonem
၁၃ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
14 tunc delectaberis super Domino et sustollam te super altitudines terrae et cibabo te hereditate Iacob patris tui os enim Domini locutum est
၁၄ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။