< Isaiæ 33 >

1 vae qui praedaris nonne et ipse praedaberis et qui spernis nonne et ipse sperneris cum consummaveris depraedationem depraedaberis cum fatigatus desiveris contemnere contemneris
သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ် သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
2 Domine miserere nostri te expectavimus esto brachium eorum in mane et salus nostra in tempore tribulationis
အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော် မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော် မူပါ။
3 a voce angeli fugerunt populi ab exaltatione tua dispersae sunt gentes
အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ၏။
4 et congregabuntur spolia vestra sicut colligitur brucus velut cum fossae plenae fuerint de eo
သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5 magnificatus est Dominus quoniam habitavit in excelso implevit Sion iudicio et iustitia
ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ၏။
6 et erit fides in temporibus tuis divitiae salutis sapientia et scientia timor Domini ipse thesaurus eius
ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့် မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည် လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
7 ecce videntes clamabunt foris angeli pacis amare flebunt
သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာ ယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။
8 dissipatae sunt viae cessavit transiens per semitam irritum factum est pactum proiecit civitates non reputavit homines
လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွား လာသော သူမရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကို လည်း ပယ်လေပြီ။ အဘယ်သူ၏ မျက်နှာကို မမှတ် တတ်။
9 luxit et elanguit terra confusus est Libanus et obsorduit et factus est Saron sicut desertum et concussa est Basan et Carmelus
ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။
10 nunc consurgam dicit Dominus nunc exaltabor nunc sublevabor
၁၀ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထ မည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။
11 concipietis ardorem parietis stipulam spiritus vester ut ignis vorabit vos
၁၁သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်။ သင်ကို စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။
12 et erunt populi quasi de incendio cinis spinae congregatae igni conburentur
၁၂လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
13 audite qui longe estis quae fecerim et cognoscite vicini fortitudinem meam
၁၃ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြ လော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။
14 conterriti sunt in Sion peccatores possedit tremor hypocritas quis poterit habitare de vobis cum igne devorante quis habitabit ex vobis cum ardoribus sempiternis
၁၄အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။
15 qui ambulat in iustitiis et loquitur veritates qui proicit avaritiam ex calumnia et excutit manus suas ab omni munere qui obturat aures suas ne audiat sanguinem et claudit oculos suos ne videat malum
၁၅တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထ သော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။
16 iste in excelsis habitabit munimenta saxorum sublimitas eius panis ei datus est aquae eius fideles sunt
၁၆ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
17 regem in decore suo videbunt oculi eius cernent terram de longe
၁၇သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည်။
18 cor tuum meditabitur timorem ubi est litteratus ubi legis verba ponderans ubi doctor parvulorum
၁၈သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအ ရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။
19 populum inpudentem non videbis populum alti sermonis ita ut non possis intellegere disertitudinem linguae eius in quo nulla est sapientia
၁၉ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစ ကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ။
20 respice Sion civitatem sollemnitatis nostrae oculi tui videbunt Hierusalem habitationem opulentam tabernaculum quod nequaquam transferri poterit nec auferentur clavi eius in sempiternum et omnes funiculi eius non rumpentur
၂၀ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင် တခုမျှမရွှေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်း မပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။
21 quia solummodo ibi magnificus Dominus noster locus fluviorum rivi latissimi et patentes non transibit per eum navis remigum neque trieris magna transgredietur eum
၂၁ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။
22 Dominus enim iudex noster Dominus legifer noster Dominus rex noster ipse salvabit nos
၂၂အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည်။
23 laxati sunt funiculi tui sed non praevalebunt sic erit malus tuus ut dilatare signum non queas tunc dividentur spolia praedarum multarum claudi diripient rapinam
၂၃သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။
24 nec dicet vicinus elangui populus qui habitat in ea auferetur ab eo iniquitas
၂၄မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည်။

< Isaiæ 33 >