< Genesis 42 >

1 audiens autem Iacob quod alimenta venderentur in Aegypto dixit filiis suis quare neglegitis
ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။-
2 audivi quod triticum venundetur in Aegypto descendite et emite nobis necessaria ut possimus vivere et non consumamur inopia
အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။-
3 descendentes igitur fratres Ioseph decem ut emerent frumenta in Aegypto
ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။-
4 Beniamin domi retento ab Iacob qui dixerat fratribus eius ne forte in itinere quicquam patiatur mali
ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။
5 ingressi sunt terram Aegypti cum aliis qui pergebant ad emendum erat autem fames in terra Chanaan
ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။-
6 et Ioseph princeps Aegypti atque ad illius nutum frumenta populis vendebantur cumque adorassent eum fratres sui
အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-
7 et agnovisset eos quasi ad alienos durius loquebatur interrogans eos unde venistis qui responderunt de terra Chanaan ut emamus victui necessaria
ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။
8 et tamen fratres ipse cognoscens non est agnitus ab eis
ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-
9 recordatusque somniorum quae aliquando viderat ait exploratores estis ut videatis infirmiora terrae venistis
သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။
10 qui dixerunt non est ita domine sed servi tui venerunt ut emerent cibos
၁၀သူ​တို့​က``မ​ဟုတ်​ပါ​အရှင်၊ ကိုယ်​တော်​၏​ကျွန် တို့​သည်​ရိက္ခာ​ဝယ်​ယူ​ရန်​လာ​ကြ​ပါ​သည်။-
11 omnes filii unius viri sumus pacifici venimus nec quicquam famuli tui machinantur mali
၁၁ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။
12 quibus ille respondit aliter est inmunita terrae huius considerare venistis
၁၂ယော​သပ်​က​လည်း``သင်​တို့​သည်​ရိုး​သား​သူ​များ မ​ဟုတ်။ တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​သူ​များ​ဖြစ်​ကြ​သည်'' ဟု​တစ်​ဖန် စွပ်​စွဲ​ပြန်​၏။
13 et illi duodecim inquiunt servi tui fratres sumus filii viri unius in terra Chanaan minimus cum patre nostro est alius non est super
၁၃ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
14 hoc est ait quod locutus sum exploratores estis
၁၄တစ်​ဖန်​ယော​သပ်​က``ငါ​ဆို​ခဲ့​သည့်​အ​တိုင်း သင် တို့​သည်​သူ​လျှို​ဖြစ်​ကြ​၏။-
15 iam nunc experimentum vestri capiam per salutem Pharaonis non egrediemini hinc donec veniat frater vester minimus
၁၅သင်​တို့​ပြော​သ​မျှ​မှန်​သည်​မ​မှန်​သည်​ကို​ဤ​သို့ စစ်​ဆေး​မည်။ ဖာ​ရော​ဘု​ရင်​၏​အ​မိန့်​အာ​ဏာ အ​ရ​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ၏​ညီ​အ​ငယ်​ဆုံး​ကို​ဤ​အ​ရပ်​သို့​မ​ခေါ်​ဆောင်​ခဲ့ လျှင်​သင်​တို့​သည်​ဤ​တိုင်းပြည်​မှ​မ​ထွက်​ခွာ​ရ။-
16 mittite e vobis unum et adducat eum vos autem eritis in vinculis donec probentur quae dixistis utrum falsa an vera sint alioquin per salutem Pharaonis exploratores estis
၁၆သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
17 tradidit ergo eos custodiae tribus diebus
၁၇သူ​တို့​အား​လုံး​ကို​သုံး​ရက်​ချုပ်​ထား​လေ​၏။
18 die autem tertio eductis de carcere ait facite quod dixi et vivetis Deum enim timeo
၁၈တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။-
19 si pacifici estis frater vester unus ligetur in carcere vos autem abite et ferte frumenta quae emistis in domos vestras
၁၉သင်​တို့​ရိုး​သား​ကြောင်း​ကို​သက်​သေ​ပြ​ရန်​သင် တို့​အ​နက်​တစ်​ယောက်​ယောက်​သည် ဤ​အ​ကျဉ်း ထောင်​ထဲ​၌​နေ​ရစ်​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့ က​ရိက္ခာ​ပြတ်​နေ​သော​သင်​တို့​၏​မိ​သား​စု အ​တွက် ဝယ်​ယူ​သော​စ​ပါး​ကို​ယူ​ဆောင်​သွား ကြ​လော့။-
20 et fratrem vestrum minimum ad me adducite ut possim vestros probare sermones et non moriamini fecerunt ut dixerat
၂၀ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။ သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။-
21 et locuti sunt invicem merito haec patimur quia peccavimus in fratrem nostrum videntes angustiam animae illius cum deprecaretur nos et non audivimus idcirco venit super nos ista tribulatio
၂၁ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။
22 e quibus unus Ruben ait numquid non dixi vobis nolite peccare in puerum et non audistis me en sanguis eius exquiritur
၂၂ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-
23 nesciebant autem quod intellegeret Ioseph eo quod per interpretem loquebatur ad eos
၂၃သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။
24 avertitque se parumper et flevit et reversus locutus est ad eos
၂၄ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။
25 tollens Symeon et ligans illis praesentibus iussitque ministris ut implerent saccos eorum tritico et reponerent pecunias singulorum in sacculis suis datis supra cibariis in via qui fecerunt ita
၂၅ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။-
26 at illi portantes frumenta in asinis profecti sunt
၂၆ယော​သပ်​၏​အစ်​ကို​တို့​သည်​မြည်း​များ​ပေါ် တွင် စ​ပါး​အိတ်​များ​ကို​တင်​ပြီး​နောက်​ထွက် ခွာ​သွား​ကြ​လေ​၏။-
27 apertoque unus sacco ut daret iumento pabulum in diversorio contemplatus pecuniam in ore sacculi
၂၇ည​အိပ်​စ​ခန်း​ချ​ရန်​အ​ရပ်​သို့​ရောက်​ကြ​သော အ​ခါ သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​က​မြည်း​ကို အ​စာ​ကျွေး​ရန် သူ​၏​အိတ်​ကို​ဖွင့်​လိုက်​ရာ​အိတ် ဝ​တွင်​မိ​မိ​၏​ငွေ​ကို​တွေ့​ရ​လေ​၏။-
28 dixit fratribus suis reddita est mihi pecunia en habetur in sacco et obstupefacti turbatique dixerunt mutuo quidnam est hoc quod fecit nobis Deus
၂၈သူ​က​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ်​၏​ငွေ​ကို​ပြန် ထည့်​ပေး​လိုက်​ပါ​သည်​တ​ကား'' ဟု​ဆို​၍​စ​ပါး အိတ်​ထဲ​က​ငွေ​ကို​ပြ​လေ​၏။ ထို​အ​ခါ​သူ​တို့ သည်​စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​မည်​သို့​ပြု​တော်​မူ​ဘိ သ​နည်း'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
29 veneruntque ad Iacob patrem suum in terra Chanaan et narraverunt ei omnia quae accidissent sibi dicentes
၂၉ခါ​နာန်​ပြည်​ရှိ​သူ​တို့​၏​အ​ဖ​ယာ​ကုပ်​ထံ သို့​ရောက်​ကြ​သော​အ​ခါ ဖြစ်​ပျက်​ခဲ့​သ​မျှ အ​ကြောင်း​စုံ​ကို​ဖ​ခင်​အား​ပြော​ပြ​ကြ​လေ သည်။-
30 locutus est nobis dominus terrae dure et putavit nos exploratores provinciae
၃၀သူ​တို့​က``အီ​ဂျစ်​ပြည်​ကို​အ​စိုး​ရ​သူ​သည် ကျွန် တော်​တို့​အား​ခက်​ထန်​စွာ​ပြော​ဆို​ဆက်​ဆံ​ပါ သည်။ ကျွန်​တော်​တို့​သည်​သူ​၏​တိုင်း​ပြည်​ကို ထောက်​လှမ်း​သော​သူ​လျှို​များ​ဖြစ်​သည်​ဟု စွပ်​စွဲ​ပါ​သည်။-
31 cui respondimus pacifici sumus nec ullas molimur insidias
၃၁ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​သည်​ရိုး​သား သော​သူ​များ​ဖြစ်​ပါ​သည်။ သူ​လျှို​မ​ဟုတ်​ပါ။-
32 duodecim fratres uno patre geniti sumus unus non est super minimus cum patre versatur in terra Chanaan
၃၂ဖ​ခင်​တစ်​ဦး​တည်း​မှ​ပေါက်​ဖွား​သော​ညီ​အစ်​ကို တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ​သည်။ တစ်​ယောက် သည်​သေ​ဆုံး​၍ ညီ​အ​ငယ်​ဆုံး​သည်​အ​ဖ​နှင့် ခါ​နာန်​ပြည်​၌​ရှိ​နေ​ပါ​သည်' ဟု​လျှောက်​ကြ ပါ​သည်။-
33 qui ait nobis sic probabo quod pacifici sitis fratrem vestrum unum dimittite apud me et cibaria domibus vestris necessaria sumite et abite
၃၃ထို​ပြည်​ကို​အုပ်​စိုး​သူ​က`သင်​တို့​သည်​ရိုး​သား သူ​များ​ဖြစ်​ကြောင်း​ကို ငါ​သိ​နိုင်​ရန်​ဤ​သို့​ပြု လုပ်​ရ​မည်။ သင်​တို့​အ​နက်​တစ်​ယောက်​ကို​ငါ​ထံ ၌​ထား​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့​က​ရိက္ခာ​ပြတ် နေ​သော​သင်​တို့​၏​မိ​သား​စု​ထံ​သို့​စ​ပါး​ယူ ၍​ပြန်​ကြ​လော့။-
34 fratremque vestrum minimum adducite ad me ut sciam quod non sitis exploratores et istum qui tenetur in vinculis recipere possitis ac deinceps emendi quae vultis habeatis licentiam
၃၄သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့​ခေါ် ဆောင်​ခဲ့​လော့။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ သူ​လျှို​မ​ဟုတ်၊ ရိုး​သား​သူ​များ​ဖြစ်​သည်​ကို ငါ​သိ​နိုင်​မည်။ ထို​နောက်​သင်​တို့​၏​ညီ​ကို​သင် တို့​ထံ​သို့​ငါ​ပြန်​အပ်​မည်။ သင်​တို့​သည်​လည်း ဤ​ပြည်​တွင်​နေ​ထိုင်​၍​ရောင်း​ဝယ်​ဖောက်​ကား နိုင်​ကြ​မည်' '' ဟူ​၍​ဆို​ကြ​၏။
35 his dictis cum frumenta effunderent singuli reppererunt in ore saccorum ligatas pecunias exterritisque simul omnibus
၃၅သူ​တို့​သည်​စ​ပါး​အိတ်​များ​ကို​သွန်​ချ​ကြ သော​အ​ခါ လူ​တိုင်း​က​မိ​မိ​၏​ငွေ​ထုပ်​ကို​မိ​မိ အိတ်​ထဲ​တွင်​တွေ့​ရ​လေ​သော် အ​ဖ​နှင့်​တ​ကွ သား​တို့​သည်​ကြောက်​လန့်​ကြ​၏။-
36 dixit pater Iacob absque liberis me esse fecistis Ioseph non est super Symeon tenetur in vinculis Beniamin auferetis in me haec mala omnia reciderunt
၃၆သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။
37 cui respondit Ruben duos filios meos interfice si non reduxero illum tibi trade in manu mea et ego eum restituam
၃၇ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။
38 at ille non descendet inquit filius meus vobiscum frater eius mortuus est ipse solus remansit si quid ei adversi acciderit in terra ad quam pergitis deducetis canos meos cum dolore ad inferos (Sheol h7585)
၃၈သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။ (Sheol h7585)

< Genesis 42 >