< Genesis 41 >

1 post duos annos vidit Pharao somnium putabat se stare super fluvium
ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-
2 de quo ascendebant septem boves pulchrae et crassae nimis et pascebantur in locis palustribus
ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင်​သည် မြစ်​ထဲ​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား​လျက်​နေ ကြ​၏။-
3 aliae quoque septem emergebant de flumine foedae confectaeque macie et pascebantur in ipsa amnis ripa in locis virentibus
ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ​သော နွား​မ​ခု​နစ်​ကောင်​တို့​သည်​မြစ်​ထဲ​မှ​တက်​လာ ကြ​ပြီး​လျှင် မြစ်​ကမ်း​နား​ပေါ်​သို့​ဦး​စွာ​ရောက် ရှိ​နေ​သော​နွား​များ​အ​နီး​သို့​သွား​၍​ရပ်​နေ ကြ​၏။-
4 devoraveruntque eas quarum mira species et habitudo corporum erat expergefactus Pharao
ထို​နောက်​နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွားမ​ခု​နစ် ကောင်​ကို​မျို​လိုက်​ကြ​၏။ ထို​အ​ချိန်​၌​ဘုရင် အိပ်​ရာ​မှ​နိုး​လေ​၏။-
5 rursum dormivit et vidit alterum somnium septem spicae pullulabant in culmo uno plenae atque formonsae
ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။-
6 aliae quoque totidem spicae tenues et percussae uredine oriebantur
ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။-
7 devorantes omnem priorum pulchritudinem evigilans post quietem
အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။-
8 et facto mane pavore perterritus misit ad coniectores Aegypti cunctosque sapientes et accersitis narravit somnium nec erat qui interpretaretur
နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။
9 tunc demum reminiscens pincernarum magister ait confiteor peccatum meum
ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။-
10 iratus rex servis suis me et magistrum pistorum retrudi iussit in carcerem principis militum
၁၀ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။-
11 ubi una nocte uterque vidimus somnium praesagum futurorum
၁၁တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။-
12 erat ibi puer hebraeus eiusdem ducis militum famulus cui narrantes somnia
၁၂ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-
13 audivimus quicquid postea rei probavit eventus ego enim redditus sum officio meo et ille suspensus est in cruce
၁၃သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။
14 protinus ad regis imperium eductum de carcere Ioseph totonderunt ac veste mutata obtulerunt ei
၁၄ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-
15 cui ille ait vidi somnia nec est qui edisserat quae audivi te prudentissime conicere
၁၅ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။
16 respondit Ioseph absque me Deus respondebit prospera Pharaoni
၁၆ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
17 narravit ergo ille quod viderat putabam me stare super ripam fluminis
၁၇ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊-
18 et septem boves de amne conscendere pulchras nimis et obesis carnibus quae in pastu paludis virecta carpebant
၁၈ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။-
19 et ecce has sequebantur aliae septem boves in tantum deformes et macilentae ut numquam tales in terra Aegypti viderim
၁၉ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။-
20 quae devoratis et consumptis prioribus
၂၀နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။
21 nullum saturitatis dedere vestigium sed simili macie et squalore torpebant evigilans rursum sopore depressus
၂၁သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-
22 vidi somnium septem spicae pullulabant in culmo uno plenae atque pulcherrimae
၂၂တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
23 aliae quoque septem tenues et percussae uredine oriebantur stipula
၂၃ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။-
24 quae priorum pulchritudinem devorarunt narravi coniectoribus somnium et nemo est qui edisserat
၂၄အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။
25 respondit Ioseph somnium regis unum est quae facturus est Deus ostendit Pharaoni
၂၅ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-
26 septem boves pulchrae et septem spicae plenae septem ubertatis anni sunt eandemque vim somnii conprehendunt
၂၆ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-
27 septem quoque boves tenues atque macilentae quae ascenderunt post eas et septem spicae tenues et vento urente percussae septem anni sunt venturae famis
၂၇နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-
28 qui hoc ordine conplebuntur
၂၈ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-
29 ecce septem anni venient fertilitatis magnae in universa terra Aegypti
၂၉အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-
30 quos sequentur septem anni alii tantae sterilitatis ut oblivioni tradatur cuncta retro abundantia consumptura est enim fames omnem terram
၃၀ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-
31 et ubertatis magnitudinem perditura inopiae magnitudo
၃၁ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-
32 quod autem vidisti secundo ad eandem rem pertinens somnium firmitatis indicium est eo quod fiat sermo Dei et velocius impleatur
၃၂ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။
33 nunc ergo provideat rex virum sapientem et industrium et praeficiat eum terrae Aegypti
၃၃``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-
34 qui constituat praepositos per singulas regiones et quintam partem fructuum per septem annos fertilitatis
၃၄ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-
35 qui iam nunc futuri sunt congreget in horrea et omne frumentum sub Pharaonis potestate condatur serveturque in urbibus
၃၅ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-
36 et paretur futurae septem annorum fami quae pressura est Aegyptum et non consumetur terra inopia
၃၆အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။
37 placuit Pharaoni consilium et cunctis ministris eius
၃၇ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-
38 locutusque est ad eos num invenire poterimus talem virum qui spiritu Dei plenus sit
၃၈ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-
39 dixit ergo ad Ioseph quia ostendit Deus tibi omnia quae locutus es numquid sapientiorem et similem tui invenire potero
၃၉ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။-
40 tu eris super domum meam et ad tui oris imperium cunctus populus oboediet uno tantum regni solio te praecedam
၄၀ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-
41 dicens quoque rursum Pharao ad Ioseph ecce constitui te super universam terram Aegypti
၄၁ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-
42 tulit anulum de manu sua et dedit in manu eius vestivitque eum stola byssina et collo torquem auream circumposuit
၄၂ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-
43 fecitque ascendere super currum suum secundum clamante praecone ut omnes coram eo genuflecterent et praepositum esse scirent universae terrae Aegypti
၄၃ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-
44 dixit quoque rex ad Ioseph ego sum Pharao absque tuo imperio non movebit quisquam manum aut pedem in omni terra Aegypti
၄၄ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-
45 vertitque nomen illius et vocavit eum lingua aegyptiaca Salvatorem mundi dedit quoque illi uxorem Aseneth filiam Putiphare sacerdotis Heliopoleos egressus itaque Ioseph ad terram Aegypti
၄၅ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။-
46 triginta autem erat annorum quando stetit in conspectu regis Pharaonis circuivit omnes regiones Aegypti
၄၆
47 venitque fertilitas septem annorum et in manipulos redactae segetes congregatae sunt in horrea Aegypti
၄၇ရိက္ခာ​ပေါ​ကြွယ်​ဝ​သော​ခု​နစ်​နှစ်​အ​တွင်း တွင် တိုင်း​ပြည်​သည်​သီး​နှံ​ထွက်​အ​လွန်​ကောင်း​၏။-
48 omnis etiam frugum abundantia in singulis urbibus condita est
၄၈ယော​သပ်​သည်​ခု​နစ်​နှစ်​အ​တွင်း​လယ်​များ မှ​ထွက်​သ​မျှ​သော​စ​ပါး​သီး​နှံ​များ​ကို စု​သိမ်း​၍ မြို့​များ​၌​သို​လှောင်​ထား​လေ​သည်။ လယ်​များ​မှ​ထွက်​သော​စ​ပါး​သီး​နှံ​ကို​နီး စပ်​ရာ​မြို့​အ​သီး​သီး​တွင်​သို​လှောင်​စေ​သည်။-
49 tantaque fuit multitudo tritici ut harenae maris coaequaretur et copia mensuram excederet
၄၉သူ​စု​ဆောင်း​ရ​ရှိ​သော​စ​ပါး​သီး​နှံ​တို့​သည် ပင်​လယ်​သဲ​လုံး​တစ်​မျှ​များ​လှ​သော​ကြောင့် မ​ချင်​တွယ်​ဘဲ​ထား​ရ​လေ​သည်။
50 nati sunt autem Ioseph filii duo antequam veniret fames quos ei peperit Aseneth filia Putiphare sacerdotis Heliopoleos
၅၀အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-
51 vocavitque nomen primogeniti Manasse dicens oblivisci me fecit Deus omnium laborum meorum et domum patris mei
၅၁ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-
52 nomen quoque secundi appellavit Ephraim dicens crescere me fecit Deus in terra paupertatis meae
၅၂ဒု​တိ​ယ​သား​ရ​သော​အ​ခါ``ဘု​ရား​သ​ခင် သည်​ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​ပြည်​တွင် ငါ့​အား သား​သ​မီး​ရ​တ​နာ​ထွန်း​ကား​စေ​တော်​မူ​ပြီ'' ဟု​ဆို​၍​ထို​သား​ကို​ဧ​ဖ​ရိမ်​ဟု​နာ​မည်​မှည့် လေ​၏။
53 igitur transactis septem annis ubertatis qui fuerant in Aegypto
၅၃အီ​ဂျစ်​ပြည်​တွင်​ရိက္ခာ​ပေါ​ကြွယ်​ဝ​သော ခု​နစ်​နှစ်​ကာ​လ​ကုန်​ဆုံး​လေ​၏။-
54 coeperunt venire septem anni inopiae quos praedixerat Ioseph et in universo orbe fames praevaluit in cuncta autem terra Aegypti erat panis
၅၄ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-
55 qua esuriente clamavit populus ad Pharaonem alimenta petens quibus ille respondit ite ad Ioseph et quicquid vobis dixerit facite
၅၅အီ​ဂျစ်​ပြည်​သား​တို့​သည်​အ​စာ​ခေါင်း​ပါး ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​သော​အ​ခါ ဖာ​ရော​ဘုရင် အား​ရိက္ခာ​ပေး​ရန်​တောင်း​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​က``ယော​သပ်​ထံ​သို့​သွား​ကြ။ သူ​ပြော​သည့်​အ​တိုင်း​ပြု​ကြ​လော့''ဟု​မိန့် တော်​မူ​လေ​၏။-
56 crescebat autem cotidie fames in omni terra aperuitque Ioseph universa horrea et vendebat Aegyptiis nam et illos oppresserat fames
၅၆အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-
57 omnesque provinciae veniebant in Aegyptum ut emerent escas et malum inopiae temperarent
၅၇ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လည်း​အ​စာ​ခေါင်း​ပါး ခြင်း​ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် အ​ပြည်​ပြည် မှ​လူ​တို့​သည်​ယော​သပ်​ထံ​သို့​စပါး​ဝယ်​ရန် လာ​ရောက်​ကြ​ကုန်​၏။

< Genesis 41 >