< Genesis 28 >
1 vocavit itaque Isaac Iacob et benedixit praecepitque ei dicens noli accipere coniugem de genere Chanaan
၁ထိုအခါဣဇာက်သည်ယာကုပ်ကိုခေါ်ပြီး လျှင်``သင်သည်ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။-
2 sed vade et proficiscere in Mesopotamiam Syriae ad domum Bathuel patrem matris tuae et accipe tibi inde uxorem de filiabus Laban avunculi tui
၂သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
3 Deus autem omnipotens benedicat tibi et crescere te faciat atque multiplicet ut sis in turbas populorum
၃အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
4 et det tibi benedictiones Abraham et semini tuo post te ut possideas terram peregrinationis tuae quam pollicitus est avo tuo
၄ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။-
5 cumque dimisisset eum Isaac profectus venit in Mesopotamiam Syriae ad Laban filium Bathuel Syri fratrem Rebeccae matris suae
၅ဣဇာက်သည်ရှုရိအမျိုးသားဗေသွေလ ၏သားလာဗန် နေထိုင်ရာပါဒနာရံပြည် သို့ယာကုပ်ကိုစေလွှတ်၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္က၏ မောင်ဖြစ်သတည်း။
6 videns autem Esau quod benedixisset pater suus Iacob et misisset eum in Mesopotamiam Syriae ut inde uxorem duceret et quod post benedictionem praecepisset ei dicens non accipies coniugem de filiabus Chanaan
၆ဣဇာက်ကယာကုပ်အားကောင်းချီးပေး၍မယား ရှာရန် ပါဒနာရံပြည်သို့စေလွှတ်လိုက်ကြောင်း ကိုလည်းကောင်း၊ ထိုသို့ယာကုပ်အားကောင်းချီး ပေးစဉ်ခါနာန်အမျိုးသမီးနှင့်အိမ်ထောင် မပြုရဟူ၍မှာကြားကြောင်း၊-
7 quodque oboediens Iacob parentibus isset in Syriam
၇ယာကုပ်သည်မိဘတို့၏စကားကိုနားထောင်၍ ပါဒနာရံပြည်သို့သွားပြီဖြစ်ကြောင်းကို ဧသောသိရှိလေ၏။-
8 probans quoque quod non libenter aspiceret filias Chanaan pater suus
၈ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
9 ivit ad Ismahelem et duxit uxorem absque his quas prius habebat Maeleth filiam Ismahel filii Abraham sororem Nabaioth
၉အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။
10 igitur egressus Iacob de Bersabee pergebat Haran
၁၀ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
11 cumque venisset ad quendam locum et vellet in eo requiescere post solis occubitum tulit de lapidibus qui iacebant et subponens capiti suo dormivit in eodem loco
၁၁နေဝင်ချိန်၌သူသည်တစ်နေရာသို့ရောက် ရှိ၍ခရီးတစ်ထောက်နားလေသည်။ သူသည် ကျောက်တုံးတစ်တုံးကိုခေါင်းအုံး၍အိပ်သည်။-
12 viditque in somnis scalam stantem super terram et cacumen illius tangens caelum angelos quoque Dei ascendentes et descendentes per eam
၁၂ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
13 et Dominum innixum scalae dicentem sibi ego sum Dominus Deus Abraham patris tui et Deus Isaac terram in qua dormis tibi dabo et semini tuo
၁၃ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
14 eritque germen tuum quasi pulvis terrae dilataberis ad occidentem et orientem septentrionem et meridiem et benedicentur in te et in semine tuo cunctae tribus terrae
၁၄သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
15 et ero custos tuus quocumque perrexeris et reducam te in terram hanc nec dimittam nisi conplevero universa quae dixi
၁၅ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
16 cumque evigilasset Iacob de somno ait vere Dominus est in loco isto et ego nesciebam
၁၆ထိုနောက်ယာကုပ်သည်အိပ်ရာမှနိုး၍``ထာဝရ ဘုရားသည်စင်စစ်ဤအရပ်၌ရှိတော်မူ၏။ ရှိ တော်မူကြောင်းငါမသိပါတကား'' ဟုဆို လေ၏။-
17 pavensque quam terribilis inquit est locus iste non est hic aliud nisi domus Dei et porta caeli
၁၇သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
18 surgens ergo mane tulit lapidem quem subposuerat capiti suo et erexit in titulum fundens oleum desuper
၁၈ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
19 appellavitque nomen urbis Bethel quae prius Luza vocabatur
၁၉ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
20 vovit etiam votum dicens si fuerit Deus mecum et custodierit me in via per quam ambulo et dederit mihi panem ad vescendum et vestem ad induendum
၂၀ထိုနောက်ယာကုပ်ကထာဝရဘုရားအား ``ကိုယ်တော်ရှင်သည်အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားရမည့်ခရီး၌စောင့်ရှောက်လျက် အစားအစာနှင့်အဝတ်ကိုပေးသနားတော် မူပြီးလျှင်၊-
21 reversusque fuero prospere ad domum patris mei erit mihi Dominus in Deum
၂၁အကျွန်ုပ်ဖခင်အိမ်သို့ချောမောစွာပြန်လည်ပို့ ဆောင်တော်မူပါကကိုယ်တော်ရှင်သည်အကျွန်ုပ် ဘုရားဖြစ်တော်မူမည်။-
22 et lapis iste quem erexi in titulum vocabitur Domus Dei cunctorumque quae dederis mihi decimas offeram tibi
၂၂အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။