< Esdræ 8 >
1 hii sunt ergo principes familiarum et genealogia eorum qui ascenderunt mecum in regno Artarxersis regis de Babylone
၁အာတဇေရဇ်ဧကရာဇ်မင်းလက်ထက်၌ဗာဗု လုန်မြို့တွင် ပြည်နှင်ဒဏ်သင့်ရာမှယေရုရှလင် မြို့သို့ပြန်လာကြသော သားချင်းစုခေါင်းဆောင် များ၏အမည်စာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။
2 de filiis Finees Gersom de filiis Ithamar Danihel de filiis David Attus
၂ဖိနဟတ်သားချင်းစုမှဂေရရှုံဣသမာ သားချင်းစုမှဒံယေလ ဒါဝိဒ်သားချင်းစုမှရှေခနိတ်သားဟတ္တုတ် ဖာရုတ်၏သားချင်းစုမှဇာခရိနှင့်သူ၏ အနွယ်ဝင်ယောကျာ်း ၁၅၀ (သူတို့အိမ်ထောင်စု မှတ်တမ်းများရှိသည်။) ပါဟတ်မောဘသားချင်းစုမှဇေရာယ ၏သား ဧလျောနဲနှင့်ယောကျာ်း ၂၀၀ ဇတ္တုသားချင်းစုမှယဟာဇေလ၏သား ရှေခနိနှင့်ယောကျာ်း ၃၀၀ အာဒိန်သားချင်းစုမှယောနသန်၏သား ဧဗက်နှင့်ယောကျာ်း ၅၀ ဧလံသားချင်းစုမှအာသလိ၏သား ယေရှာယနှင့်ယောကျာ်း ၇၀ ရှေဖတိသားချင်းစုမှမိက္ခေလ၏သား ဇေဗဒိနှင့်ယောကျာ်း ၈၀ ယွာဘသားချင်းစုမှယေဟေလ၏သား သြဗဒိနှင့်ယောကျာ်း ၂၁၈ ဗာနိသားချင်းစုမှယောသိဖိ၏သား ရှေလောမိတ်နှင့်ယောကျာ်း ၁၆၀ ဗေဗဲသားချင်းစုမှဗေဗဲ၏သား ဇာခရိနှင့်ယောကျာ်း ၂၈ အာဇဂဒ်သားချင်းစုမှဟက္ကတန်၏သား ယောဟနန်နှင့်ယောကျာ်း ၁၁၀ အဒေါနိကံသားချင်းစုမှဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့်ယောကျာ်း ၆၀ (သူတို့သည်နောက်မှလိုက်လာကြသူများ ဖြစ်၏။) ဗိဂဝဲသားချင်းစုမှဥသဲ၊ဇဗ္ဗုဒ်နှင့်ယောကျာ်း ၇၀
3 de filiis Secheniae et de filiis Pharos Zaccharias et cum eo numerati sunt viri centum quinquaginta
၃
4 de filiis Phaethmoab Helioenai filius Zareae et cum eo ducenti viri
၄
5 de filiis Secheniae filius Hiezihel et cum eo trecenti viri
၅
6 de filiis Adden Abeth filius Ionathan et cum eo quinquaginta viri
၆
7 de filiis Helam Isaias filius Athaliae et cum eo septuaginta viri
၇
8 de filiis Saphatiae Zebedia filius Michahel et cum eo octoginta viri
၈
9 de filiis Ioab Obedia filius Iehihel et cum eo ducenti decem et octo viri
၉
10 de filiis Selomith filius Iosphiae et cum eo centum sexaginta viri
၁၀
11 de filiis Bebai Zaccharias filius Bebai et cum eo viginti octo viri
၁၁
12 de filiis Ezgad Iohanan filius Eccetan et cum eo centum decem viri
၁၂
13 de filiis Adonicam qui erant novissimi et haec nomina eorum Helifeleth et Heihel et Samaias et cum eis sexaginta viri
၁၃
14 de filiis Beggui Uthai et Zacchur et cum eo septuaginta viri
၁၄
15 congregavi autem eos ad fluvium qui decurrit ad Ahavva et mansimus ibi diebus tribus quaesivique in populo et in sacerdotibus de filiis Levi et non inveni ibi
၁၅ငါသည်ထိုသူအပေါင်းတို့ကိုအဟာဝမြို့ သို့စီးသောတူးမြောင်းအနီးတွင်စုဝေးစေ၍ ထိုအရပ်တွင်ငါတို့သုံးရက်မျှစခန်းချ ကြ၏။ ထိုလူစုတွင်ယဇ်ပုရောဟိတ်များ ပါရှိသော်လည်း လေဝိအနွယ်ဝင်များကို မတွေ့သဖြင့်၊-
16 itaque misi Heliezer et Arihel et Semeam et Helnathan et Iarib et alterum Helnathan et Nathan et Zacchariam et Mesolam principes et Ioarib et Helnathan sapientes
၁၆ငါသည်ခေါင်းဆောင်ကိုးဦးဖြစ်ကြသော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ယာရိမ်၊ ဧလနာသန်၊ ဇာခရိနှင့်မေရှုလံတို့ကိုလည်း ကောင်း၊ ပညာရှိနှစ်ဦးဖြစ်ကြသောယွာရိပ် နှင့် ဧလနာသန်တို့ကိုလည်းကောင်းခေါ်ပြီး လျှင်၊-
17 et misi eos ad Heddo qui est primus in Casphiae loco et posui in ore eorum verba quae loquerentur ad Addom et ad fratres eius Nathinneos in loco Casphiae ut adducerent nobis ministros domus Dei nostri
၁၇ကသိဖိမြို့သူကြီးဣဒေါထံသို့စေလွှတ်၍ ဣဒေါနှင့်သူ၏အပေါင်းအဖော်ဗိမာန်တော် အလုပ်သမားများအား``ဘုရားသခင်၏ ဗိမာန်တော်တွင် အမှုတော်ဆောင်ရန်လူများ ကိုငါတို့ထံသို့စေလွှတ်ပေးပါ'' ဟုပြော ကြားစေ၏။-
18 et adduxerunt nobis per manum Dei nostri bonam super nos virum doctissimum de filiis Moolli filii Levi filii Israhel et Sarabiam et filios eius et fratres eius decem et octo
၁၈ထိုသူတို့သည်ဘုရားသခင်၏ကျေးဇူးတော် ကြောင့် မဟာလိသားချင်းစုမှလေဝိအနွယ် ဝင်၊ အရည်အချင်းကောင်းမွန်သူရှေရဘိကို ငါတို့ထံသို့စေလွှတ်လေသည်။ သူ၏သားနှင့် ညီအစ်ကိုတစ်ဆယ့်ရှစ်ယောက်တို့သည်လည်း အတူလိုက်ပါလာကြ၏။-
19 et Asabiam et cum eo Isaiam de filiis Merari fratres eius et filios eius viginti
၁၉ဣဒေါနှင့်သူ၏အပေါင်းအဖော်တို့သည် မေ ရာရိသားချင်းစုဟာရှဘိနှင့်ယေရှာယ တို့ကိုလည်းကောင်း သူတို့ဆွေမျိုးသားချင်း နှစ်ဆယ်နှင့်အတူစေလွှတ်၏။-
20 et de Nathinneis quos dederat David et principes ad ministeria Levitarum Nathinneos ducentos viginti omnes hii suis nominibus vocabantur
၂၀ထို့ပြင်လေဝိအနွယ်ဝင်များကိုကူညီရန် ဒါဝိဒ်မင်းနှင့်မှူးမတ်တော်များစီမံခဲ့သည့် ဗိမာန်တော်အလုပ်သမားနှစ်ရာ့နှစ်ဆယ် တို့လည်းပါလာလေသည်။ သူတို့အားလုံး ၏နာမည်များကိုစာရင်းသွင်းထားသတည်း။
21 et praedicavi ibi ieiunium iuxta fluvium Ahavva ut adfligeremur coram Domino Deo nostro et peteremus ab eo viam rectam nobis et filiis nostris universaeque substantiae nostrae
၂၁ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
22 erubui enim petere regem auxilium et equites qui defenderent nos ab inimico in via quia dixeramus regi manus Dei nostri est super omnes qui quaerunt eum in bonitate et imperium eius et fortitudo eius et furor super omnes qui derelinquunt eum
၂၂ငါတို့၏ဘုရားသခင်သည်ကိုယ်တော်အား ယုံကြည်ကိုးစားကြသူအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၍ ကိုယ်တော်အား ကျောခိုင်းကြသူတို့ကိုမူနှစ်သက်တော် မမူဘဲ အပြစ်ဒဏ်ခတ်တော်မူတတ်ကြောင်း မင်းကြီးအားလျှောက်ထားခဲ့၏။ သို့ဖြစ်၍ ငါသည်ခရီးလမ်းတွင် ရန်သူများ၏ဘေး မှကာကွယ်စောင့်ရှောက်ရန်အတွက် သူ၏ ထံမှမြင်းတပ်အကူအညီကိုတောင်းခံ ရမည်မှာရှက်စရာပင်ဖြစ်ပေသည်။-
23 ieiunavimus autem et rogavimus Deum nostrum pro hoc et evenit nobis prospere
၂၃ထို့ကြောင့်ငါတို့သည်ဘုရားသခင်၏ကာကွယ် စောင့်ရှောက်မှုကိုခံယူရရှိကြစေရန် အစာ ရှောင်လျက်အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြရ၏။ ကိုယ်တော်သည်ငါတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မူ၏။
24 et separavi de principibus sacerdotum duodecim Sarabian Asabian et cum eis de fratribus eorum decem
၂၄ငါသည်ယဇ်ပုရောဟိတ်အကြီးအကဲများ အနက် ရှေရဘိ၊ ဟာရှဘိနှင့်အခြားဆယ် ဦးတို့ကိုရွေးချယ်ပြီးလျှင်၊-
25 adpendique eis argentum et aurum et vasa consecrata domus Dei nostri quae obtulerat rex et consiliatores eius et principes eius universusque Israhel eorum qui inventi fuerant
၂၅ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-
26 et adpendi in manibus eorum argenti talenta sescenta quinquaginta et vasa argentea centum auri centum talenta
၂၆ငါပေးအပ်သည့်ပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်သည်။ ငွေ ၂၅ တန်၊ ငွေအသုံးအဆောင် ၁၀၀ ငွေသားပေါင် ၁၅၀ ရွှေပေါင် ၇၅၀၀ ရွှေဖလား၂၀ ခွက် ရွှေချိန် ၂၇၀ အောင်စ။ ရွှေဖလားနှင့်တန်ဖိုးညီမျှသည့်ကြေးဝါစစ် ဖလား ၂ လုံး
27 et crateras aureos viginti qui habebant solidos millenos et vasa aeris fulgentis optimi duo pulchra ut aurum
၂၇
28 et dixi eis vos sancti Domini et vasa sancta et argentum et aurum quod sponte oblatum est Domino Deo patrum vestrorum
၂၈ငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။-
29 vigilate et custodite donec adpendatis coram principibus sacerdotum et Levitarum et ducibus familiarum Israhel in Hierusalem et thesaurum domus Domini
၂၉သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-
30 susceperunt autem sacerdotes et Levitae pondus argenti et auri et vasorum ut deferrent in Hierusalem in domum Dei nostri
၃၀သို့ဖြစ်၍ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်များသည်ရွှေငွေနှင့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့ဗိမာန်တော် သို့ပို့ဆောင်ရန်တာဝန်ယူကြလေသည်။
31 promovimus ergo a flumine Ahavva duodecimo die mensis primi ut pergeremus Hierusalem et manus Dei nostri fuit super nos et liberavit nos de manu inimici et insidiatoris in via
၃၁ပထမလတစ်ဆယ့်နှစ်ရက်နေ့၌ ငါတို့သည် အဟာဝတူးမြောင်းမှ ယေရုရှလင်မြို့သို့ ထွက်ခွာလာကြ၏။ ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၍ ငါတို့အား ရန်သူ့ဘေးမှလည်းကောင်း၊ ခြုံခိုတိုက်ခိုက် မှုမှလည်းကောင်းကာကွယ်စောင့်ရှောက် တော်မူ၏။-
32 et venimus Hierusalem et mansimus ibi diebus tribus
၃၂ယေရုရှလင်မြို့သို့ရောက်သောအခါငါတို့ သည် သုံးရက်တိုင်တိုင်နားနေကြ၏။-
33 die autem quarta adpensum est argentum et aurum et vasa in domo Dei nostri per manum Meremoth filii Uriae sacerdotis et cum eo Eleazar filius Finees cumque eis Iozaded filius Iosue et Noadaia filius Bennoi Levitae
၃၃ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-
34 iuxta numerum et pondus omnium descriptumque est omne pondus in tempore illo
၃၄ငါတို့သည်ပစ္စည်းရှိသမျှကိုရေတွက်ချိန် တွယ်ကြ၏။ တစ်ချိန်တည်းမှာပင်စာရင်းမှတ် ယူကြ၏။
35 sed et qui venerant de captivitate filii transmigrationis obtulerunt holocaustomata Deo Israhel vitulos duodecim pro omni Israhel arietes nonaginta sex agnos septuaginta septem hircos pro peccato duodecim omnia in holocaustum Domino
၃၅ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
36 dederunt autem edicta regis satrapis qui erant de conspectu regis et ducibus trans Flumen et elevaverunt populum et domum Dei
၃၆လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။