< Hiezechielis Prophetæ 32 >

1 et factum est duodecimo anno in mense duodecimo in una mensis factum est verbum Domini ad me dicens
ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 fili hominis adsume lamentum super Pharao regem Aegypti et dices ad eum leoni gentium adsimilatus es et draconi qui est in mari et ventilabas cornu in fluminibus tuis et conturbabas aquas pedibus tuis et conculcabas flumina eorum
ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-
3 propterea haec dicit Dominus Deus expandam super te rete meum in multitudine populorum multorum et extrahent te in sagena mea
အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။-
4 et proiciam te in terram super faciem agri abiciam te et habitare faciam super te omnia volatilia caeli et saturabo de te bestias universae terrae
ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-
5 et dabo carnes tuas super montes et implebo colles tuos sanie tua
သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။-
6 et inrigabo terram pedore sanguinis tui super montes et valles implebuntur ex te
မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။-
7 et operiam cum extinctus fueris caelos et nigrescere faciam stellas eius solem nube tegam et luna non dabit lumen suum
သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-
8 omnia luminaria caeli maerere faciam super te et dabo tenebras super terram tuam dicit Dominus Deus
ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
9 et inritabo cor populorum multorum cum induxero contritionem tuam in gentibus super terras quas nescis
``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-
10 et stupescere faciam super te populos multos et reges eorum horrore nimio formidabunt super te cum volare coeperit gladius meus super facies eorum et obstupescent repente singuli pro anima sua in die ruinae suae
၁၀သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
11 quia haec dicit Dominus Deus gladius regis Babylonis veniet tibi
၁၁အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-
12 in gladiis fortium deiciam multitudinem tuam inexpugnabiles gentes omnes heae et vastabunt superbiam Aegypti et dissipabitur multitudo eius
၁၂ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-
13 et perdam omnia iumenta eius quae erant super aquas plurimas et non conturbabit eas pes hominis ultra neque ungula iumentorum turbabit eas
၁၃ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။-
14 tunc purissimas reddam aquas eorum et flumina eorum quasi oleum adducam ait Dominus Deus
၁၄ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
15 cum dedero terram Aegypti desolatam deseretur autem terra a plenitudine sua quando percussero omnes habitatores eius et scient quia ego Dominus
၁၅အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
16 planctus est et plangent eum filiae gentium plangent eum super Aegypto et super multitudine eius plangent eum ait Dominus Deus
၁၆ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
17 et factum est in duodecimo anno in quintadecima mensis factum est verbum Domini ad me dicens
၁၇ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
18 fili hominis cane lugubre super multitudine Aegypti et detrahe eam ipsam et filias gentium robustarum ad terram ultimam cum his qui descendunt in lacum
၁၈ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။
19 quo pulchrior es descende et dormi cum incircumcisis
၁၉သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။ လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။
20 in medio interfectorum gladio cadent gladius datus est adtraxerunt eam et omnes populos eius
၂၀``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-
21 loquentur ei potentissimi robustorum de medio inferni qui cum auxiliatoribus eius descenderunt et dormierunt incircumcisi interfecti gladio (Sheol h7585)
၂၁အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။'' (Sheol h7585)
22 ibi Assur et omnis multitudo eius in circuitu illius sepulchra eius omnes interfecti et qui ceciderunt gladio
၂၂``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
23 quorum data sunt sepulchra in novissimis laci et facta est multitudo eius per gyrum sepulchri eius universi interfecti cadentesque gladio qui dederant quondam formidinem in terra viventium
၂၃သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။
24 ibi Aelam et omnis multitudo eius per gyrum sepulchri sui omnes hii interfecti ruentesque gladio qui descenderunt incircumcisi ad terram ultimam qui posuerunt terrorem suum in terra viventium et portaverunt ignominiam suam cum his qui descendunt in lacum
၂၄``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။-
25 in medio interfectorum posuerunt cubile eius in universis populis eius in circuitu eius sepulchrum illius omnes hii incircumcisi interfectique gladio dederant enim terrorem in terra viventium et portaverunt ignominiam suam cum his qui descendunt in lacum in medio interfectorum positi sunt
၂၅ဧ​လံ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​နှင့် အ​တူ​လဲ​၍​နေ​ရ​၏။ သူ​၏​ပတ်​လည်​၌​စစ် သူ​ရဲ​တို့​၏​သင်္ချိုင်း​များ​ရှိ​၏။ ထို​သူ​တို့ အား​လုံး​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​သူ များ​နှင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​အ​သက်​ရှင်​စဉ်​အ​ခါ က​သူ​တစ်​ပါး​တို့​အား​တုန်​လှုပ်​ချောက် ချား​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​မူ​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ ကံ​ကြမ္မာ​ကို​ခံ​ယူ​ကာ မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​သူ​များ​နှင့်​အ​တူ​အ​သ​ရေ ပျက်​၍​သေ​ရ​ကြ​လေ​ပြီ။
26 ibi Mosoch et Thubal et omnis multitudo eius in circuitu illius sepulchra eius omnes hii incircumcisi interfectique et cadentes gladio quia dederunt formidinem suam in terra viventium
၂၆``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
27 et non dormient cum fortibus cadentibusque et incircumcisis qui descenderunt ad infernum cum armis suis et posuerunt gladios suos sub capitibus suis et fuerunt iniquitates eorum in ossibus eorum quia terror fortium facti sunt in terra viventium (Sheol h7585)
၂၇သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။ (Sheol h7585)
28 et tu ergo in medio incircumcisorum contereris et dormies cum interfectis gladio
၂၈``အီ​ဂျစ်​ပြည်​သား​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့​နှင့် အ​တူ ချေ​မှုန်း​ခြင်း​ခံ​ရ​ကြ​မည်​မှာ​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
29 ibi Idumea et reges eius omnes duces eius qui dati sunt cum exercitu suo cum interfectis gladio et qui cum incircumcisis dormierunt et cum his qui descenderunt in lacum
၂၉``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။
30 ibi principes aquilonis omnes et universi venatores qui deducti sunt cum interfectis paventes et in sua fortitudine confusi qui dormierunt incircumcisi cum interfectis gladio et portaverunt confusionem suam cum his qui descendunt in lacum
၃၀``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။
31 vidit eos Pharao et consolatus est super universa multitudine sua quae interfecta est gladio Pharao et omnis exercitus eius ait Dominus Deus
၃၁``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
32 quia dedi terrorem meum in terra viventium et dormivit in medio incircumcisorum cum interfectis gladio Pharao et omnis multitudo eius ait Dominus Deus
၃၂``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။

< Hiezechielis Prophetæ 32 >