< Hiezechielis Prophetæ 12 >
1 et factus est sermo Domini ad me dicens
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 fili hominis in medio domus exasperantis tu habitas qui oculos habent ad videndum et non vident et aures ad audiendum et non audiunt quia domus exasperans est
၂ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။''
3 tu ergo fili hominis fac tibi vasa transmigrationis et transmigrabis per diem coram eis transmigrabis autem de loco tuo ad locum alterum in conspectu eorum si forte aspiciant quia domus exasperans est
၃``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
4 et efferes foras vasa tua quasi vasa transmigrantis per diem in conspectu eorum tu autem egredieris vespere coram eis sicut egreditur migrans
၄သူတို့မြင်နိုင်စေရန်နေ့အချိန်၌ သင်သည် အရပ်တစ်ပါးသို့ပြောင်းရွှေ့မည့်အမူအရာ ဖြင့်အထုပ်အပိုးပြင်ဆင်၍ ညနေချိန်၌ သူတို့၏မျက်မှောက်တွင်ဒုက္ခသည်ကဲ့သို့ ထွက်ခွာသွားလော့။-
5 ante oculos eorum perfodi tibi parietem et egredieris per eum
၅သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။-
6 in conspectu eorum in umeris portaberis in caligine effereris faciem tuam velabis et non videbis terram quia portentum dedi te domui Israhel
၆ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
7 feci ergo sicut praeceperat mihi vasa mea protuli quasi vasa transmigrantis per diem et vespere perfodi mihi parietem manu in caligine egressus sum et in umeris portatus in conspectu eorum
၇ငါသည်ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြု၏။ ထိုနေ့၌ဒုက္ခသည်တစ်ဦးကဲ့သို့ငါသည် အထုပ်အပိုးကိုယူပြီးနောက်ညနေချိန်မှောင် စပြုသောအခါ အိမ်နံရံကိုလက်ဖြင့်တူး ဖောက်ကာထိုသူတို့၏ရှေ့တွင်အထုပ်ကို ပခုံးပေါ်သို့တင်၏။
8 et factus est sermo Domini ad me mane dicens
၈နောက်တစ်နေ့နံနက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
9 fili hominis numquid non dixerunt ad te domus Israhel domus exasperans quid tu facis
၉ကိုယ်တော်က``အချင်းလူသား၊ ပုန်ကန်တတ် သောဣသရေလအမျိုးသားတို့သည်ယခု သင်အဘယ်အမှုကိုပြုလျက်နေသည်ကို မေးမြန်းနေကြပြီဖြစ်၍။-
10 dic ad eos haec dicit Dominus Deus super ducem onus istud qui est in Hierusalem et super omnem domum Israhel quae est in medio eorum
၁၀သူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်ဆိုတော်မူသည်ကိုဆင့်ဆိုလော့။ ဤ မိန့်ဆိုချက်သည်ယေရုရှလင်မြို့ကိုအုပ် စိုးလျက်ရှိသောမင်းနှင့်ထိုမြို့ရှိလူတို့ အတွက်ဖြစ်၏။-
11 dic ego portentum vestrum quomodo feci sic fiet illis in transmigrationem et captivitatem ibunt
၁၁သင်ပြုသောအမှုများသည်သူတို့တွေ့ကြုံ ရကြမည့်အမှုအရာများ၏ရှေ့ပြေး နိမိတ်ဖြစ်၍သူတို့သည်ဒုက္ခသည်များ၊ သုံ့ပန်းများဖြစ်ရကြမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-
12 et dux qui est in medio eorum in umeris portabitur in caligine egredietur parietem perfodient ut educant eum facies eius operietur ut non videat oculo terram
၁၂သူတို့အားအုပ်စိုးလျက်ရှိသောမင်းသည်မိမိ အထုပ်ကိုထမ်း၍အုတ်တံတိုင်းတွင်သူတို့တူး ဖောက်ပေးသည့်အပေါက်မှထွက်ပြေးရလိမ့်မည်။ သူ၏မျက်စိများကိုဖုံး၍ထားသဖြင့်သူသည် မိမိသွားရာလမ်းကိုမြင်ရလိမ့်မည်မဟုတ်။-
13 et extendam rete meum super illum et capietur in sagena mea et adducam eum in Babylonem in terram Chaldeorum et ipsam non videbit ibique morietur
၁၃ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
14 et omnes qui circa eum sunt praesidium eius et agmina eius dispergam in omnem ventum et gladium evaginabo post eos
၁၄ငါသည်သူ၏မှူးမတ်များ၊ အကြံပေးအရာ ရှိများနှင့်ကိုယ်ရံတော်တပ်သားများအား အရပ်တကာသို့ပျံ့လွင့်သွားစေမည်။ လူ တို့သည်သူတို့ကိုဋ္ဌားဖြင့်သတ်ဖြတ်ရန် လိုက်လံရှာဖွေကြလိမ့်မည်။
15 et scient quia ego Dominus quando dispersero illos in gentibus et disseminavero eos in terris
၁၅``ငါသည်သူတို့အားအတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့် စေသောအခါ သူတို့သည်ငါကားထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသိရှိကြ လိမ့်မည်။-
16 et relinquam ex eis viros paucos a gladio et fame et pestilentia ut narrent omnia scelera eorum in gentibus ad quas ingredientur et scient quia ego Dominus
၁၆သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
17 et factus est sermo Domini ad me dicens
၁၇ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
18 fili hominis panem tuum in conturbatione comede sed et aquam tuam in festinatione et maerore bibe
၁၈ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။-
19 et dices ad populum terrae haec dicit Dominus Deus ad eos qui habitant in Hierusalem in terra Israhel panem suum in sollicitudine comedent et aquam suam in desolatione bibent ut desoletur terra a multitudine sua propter iniquitatem omnium qui habitant in ea
၁၉အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။-
20 et civitates quae nunc habitantur desolatae erunt terraque deserta et scietis quia ego Dominus
၂၀လူနေစည်ကားသည့်မြို့ကြီးတို့ကိုဖြို ဖျက်ကာ တစ်ပြည်လုံးကိုလူသူကင်းမဲ့စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
21 et factus est sermo Domini ad me dicens
၂၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
22 fili hominis quod est proverbium istud vobis in terra Israhel dicentium in longum differentur dies et peribit omnis visio
၂၂ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။-
23 ideo dic ad eos haec dicit Dominus Deus quiescere faciam proverbium istud neque vulgo dicetur ultra in Israhel et loquere ad eos quod adpropinquaverint dies et sermo omnis visionis
၂၃ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
24 non enim erit ultra omnis visio cassa neque divinatio ambigua in medio filiorum Israhel
၂၄``ဣသရေလအမျိုးသားတို့တွင်ဗျာဒိတ် ရူပါရုံအတုများ၊ မှားယွင်းသောဗျာဒိတ် များ၊ နောက်ထပ်မပေါ်ပေါက်ရ။-
25 quia ego Dominus loquar quodcumque locutus fuero verbum et fiet non prolongabitur amplius sed in diebus vestris domus exasperans loquar verbum et faciam illud dicit Dominus Deus
၂၅ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
26 et factus est sermo Domini ad me dicens
၂၆ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံရောက်လာ၏။-
27 fili hominis ecce domus Israhel dicentium visio quam hic videt in dies multos et in tempora longa iste prophetat
၂၇``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။-
28 propterea dic ad eos haec dicit Dominus Deus non prolongabitur ultra omnis sermo meus verbum quod locutus fuero conplebitur dicit Dominus Deus
၂၈သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။