< Ephesios 5 >
1 estote ergo imitatores Dei sicut filii carissimi
၁သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။-
2 et ambulate in dilectione sicut et Christus dilexit nos et tradidit se ipsum pro nobis oblationem et hostiam Deo in odorem suavitatis
၂ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
3 fornicatio autem et omnis inmunditia aut avaritia nec nominetur in vobis sicut decet sanctos
၃သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
4 aut turpitudo aut stultiloquium aut scurrilitas quae ad rem non pertinent sed magis gratiarum actio
၄ညစ်ညမ်းသောစကား၊ ယုတ်မာသောစကား၊ ရိုင်းစိုင်းသောစကားများကိုလည်းမပြော မဆိုအပ်။ ကျေးဇူးတော်ကိုချီးမွမ်းသည့် စကားများကိုသာလျှင်ပြောဆိုအပ်၏။-
5 hoc enim scitote intellegentes quod omnis fornicator aut inmundus aut avarus quod est idolorum servitus non habet hereditatem in regno Christi et Dei
၅ကာမဂုဏ်လိုက်စားသူ၊ ညစ်ညမ်းသူ၊ လောဘ လွန်ကူးသူဟူသမျှသည်ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ကြ ရလိမ့်မည်မဟုတ်ကြောင်းသင်တို့သိကြ၏။ (လောဘလွန်ကူးခြင်းသည်ရုပ်တုကိုးကွယ် မှုတစ်မျိုးပင်ဖြစ်သည်။)
6 nemo vos seducat inanibus verbis propter haec enim venit ira Dei in filios diffidentiae
၆အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
7 nolite ergo effici participes eorum
၇ထို့ကြောင့်သင်တို့သည်ထိုသို့သောသူတို့နှင့် လုံးဝမဆက်ဆံကြနှင့်။-
8 eratis enim aliquando tenebrae nunc autem lux in Domino ut filii lucis ambulate
၈အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
9 fructus enim lucis est in omni bonitate et iustitia et veritate
၉အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
10 probantes quid sit beneplacitum Deo
၁၀သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။-
11 et nolite communicare operibus infructuosis tenebrarum magis autem et redarguite
၁၁မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
12 quae enim in occulto fiunt ab ipsis turpe est et dicere
၁၂(ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)
13 omnia autem quae arguuntur a lumine manifestantur omne enim quod manifestatur lumen est
၁၃အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။-
14 propter quod dicit surge qui dormis et exsurge a mortuis et inluminabit tibi Christus
၁၄အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။
15 videte itaque fratres quomodo caute ambuletis non quasi insipientes sed ut sapientes
၁၅သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
16 redimentes tempus quoniam dies mali sunt
၁၆ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
17 propterea nolite fieri inprudentes sed intellegentes quae sit voluntas Domini
၁၇ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
18 et nolite inebriari vino in quo est luxuria sed implemini Spiritu
၁၈သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
19 loquentes vobismet ipsis in psalmis et hymnis et canticis spiritalibus cantantes et psallentes in cordibus vestris Domino
၁၉တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။-
20 gratias agentes semper pro omnibus in nomine Domini nostri Iesu Christi Deo et Patri
၂၀ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
21 subiecti invicem in timore Christi
၂၁ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။
22 mulieres viris suis subditae sint sicut Domino
၂၂မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။-
23 quoniam vir caput est mulieris sicut Christus caput est ecclesiae ipse salvator corporis
၂၃ခရစ်တော်သည်အသင်းတော်အပေါ်သြဇာအာဏာ ရှိသကဲ့သို့ လင်သည်မိမိခင်ပွန်းအပေါ်သြဇာ အာဏာရှိ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာဖြစ် သောအသင်းတော်၏ကယ်တင်ရှင်ဖြစ်တော်မူ၏။-
24 sed ut ecclesia subiecta est Christo ita et mulieres viris suis in omnibus
၂၄သို့ဖြစ်၍အသင်းတော်သည်ခရစ်တော်၏အုပ်စိုး ခြင်းကိုခံယူသကဲ့သို့ မယားတို့သည်လည်းလင် တို့၏အုပ်စိုးခြင်းကိုအကြွင်းမဲ့ခံယူရကြမည်။
25 viri diligite uxores sicut et Christus dilexit ecclesiam et se ipsum tradidit pro ea
၂၅လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
26 ut illam sanctificaret mundans lavacro aquae in verbo
၂၆ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
27 ut exhiberet ipse sibi gloriosam ecclesiam non habentem maculam aut rugam aut aliquid eiusmodi sed ut sit sancta et inmaculata
၂၇အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
28 ita et viri debent diligere uxores suas ut corpora sua qui suam uxorem diligit se ipsum diligit
၂၈လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။-
29 nemo enim umquam carnem suam odio habuit sed nutrit et fovet eam sicut et Christus ecclesiam
၂၉(အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
30 quia membra sumus corporis eius de carne eius et de ossibus eius
၃၀ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-)
31 propter hoc relinquet homo patrem et matrem suam et adherebit uxori suae et erunt duo in carne una
၃၁ကျမ်းစာတော်တွင်၊ ``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊ သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'' ဟုဖော်ပြပါရှိ၏။-
32 sacramentum hoc magnum est ego autem dico in Christo et in ecclesia
၃၂ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။-
33 verumtamen et vos singuli unusquisque suam uxorem sicut se ipsum diligat uxor autem ut timeat virum
၃၃သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။