< Deuteronomii 8 >

1 omne mandatum quod ego praecipio tibi hodie cave diligenter ut facias ut possitis vivere et multiplicemini ingressique possideatis terram pro qua iuravit Dominus patribus vestris
သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရ ဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည်။
2 et recordaberis cuncti itineris per quod adduxit te Dominus Deus tuus quadraginta annis per desertum ut adfligeret te atque temptaret et nota fierent quae in tuo animo versabantur utrum custodires mandata illius an non
သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။
3 adflixit te penuria et dedit tibi cibum manna quem ignorabas tu et patres tui ut ostenderet tibi quod non in solo pane vivat homo sed in omni verbo quod egreditur ex ore Domini
ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော် မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
4 vestimentum tuum quo operiebaris nequaquam vetustate defecit et pes tuus non est subtritus en quadragesimus annus est
လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။
5 ut recogites in corde tuo quia sicut erudit homo filium suum sic Dominus Deus tuus erudivit te
အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည်။
6 ut custodias mandata Domini Dei tui et ambules in viis eius et timeas eum
သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
7 Dominus enim Deus tuus introducet te in terram bonam terram rivorum aquarumque et fontium in cuius campis et montibus erumpunt fluviorum abyssi
အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊
8 terram frumenti hordei vinearum in qua ficus et mala granata et oliveta nascuntur terram olei ac mellis
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊
9 ubi absque ulla penuria comedes panem tuum et rerum omnium abundantia perfrueris cuius lapides ferrum sunt et de montibus eius aeris metalla fodiuntur
ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက် နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။
10 ut cum comederis et satiatus fueris benedicas Domino Deo tuo pro terra optima quam dedit tibi
၁၀ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
11 observa et cave nequando obliviscaris Domini Dei tui et neglegas mandata eius atque iudicia et caerimonias quas ego praecipio tibi hodie
၁၁ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့။
12 ne postquam comederis et satiatus domos pulchras aedificaveris et habitaveris in eis
၁၂သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊
13 habuerisque armenta et ovium greges argenti et auri cunctarumque rerum copiam
၁၃သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊
14 elevetur cor tuum et non reminiscaris Domini Dei tui qui eduxit te de terra Aegypti de domo servitutis
၁၄သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊
15 et ductor tuus fuit in solitudine magna atque terribili in qua erat serpens flatu adurens et scorpio ac dipsas et nullae omnino aquae qui eduxit rivos de petra durissima
၁၅မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက်ဘွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော၊
16 et cibavit te manna in solitudine quod nescierunt patres tui et postquam adflixit ac probavit ad extremum misertus est tui
၁၆သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊
17 ne diceres in corde tuo fortitudo mea et robur manus meae haec mihi omnia praestiterunt
၁၇ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
18 sed recorderis Domini Dei tui quod ipse tibi vires praebuerit ut impleret pactum suum super quo iuravit patribus tuis sicut praesens indicat dies
၁၈သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။
19 sin autem oblitus Domini Dei tui secutus fueris alienos deos coluerisque illos et adoraveris ecce nunc praedico tibi quod omnino dispereas
၁၉သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။
20 sicut gentes quas delevit Dominus in introitu tuo ita et vos peribitis si inoboedientes fueritis voci Domini Dei vestri
၂၀သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။

< Deuteronomii 8 >