< Deuteronomii 29 >

1 haec sunt verba foederis quod praecepit Dominus Mosi ut feriret cum filiis Israhel in terra Moab praeter illud foedus quod cum eis pepigit in Horeb
ဤရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
2 vocavitque Moses omnem Israhelem et dixit ad eos vos vidistis universa quae fecit Dominus coram vobis in terra Aegypti Pharaoni et omnibus servis eius universaeque terrae illius
တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည် တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
3 temptationes magnas quas viderunt oculi tui signa illa portentaque ingentia
ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။
4 et non dedit Dominus vobis cor intellegens et oculos videntes et aures quae possint audire usque in praesentem diem
သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သော မျက်စိ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။
5 adduxi vos quadraginta annis per desertum non sunt adtrita vestimenta vestra nec calciamenta pedum tuorum vetustate consumpta sunt
အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသော ခြေနင်းလည်း မပျက်။
6 panem non comedistis vinum et siceram non bibistis ut sciretis quia ego sum Dominus Deus vester
သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရ ဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။
7 et venistis ad locum hunc egressusque est Seon rex Esebon et Og rex Basan occurrens nobis ad pugnam et percussimus eos
သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊
8 et tulimus terram eorum ac tradidimus possidendam Ruben et Gad et dimidiae tribui Manasse
သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်၌ ပေးလေ၏။
9 custodite ergo verba pacti huius et implete ea ut intellegatis universa quae facitis
သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။
10 vos statis hodie cuncti coram Domino Deo vestro principes vestri ac tribus et maiores natu atque doctores omnis populus Israhel
၁၀သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
11 liberi et uxores vestrae et advena qui tecum moratur in castris exceptis lignorum caesoribus et his qui conportant aquas
၁၁
12 ut transeas in foedere Domini Dei tui et in iureiurando quod hodie Dominus Deus tuus percutit tecum
၁၂
13 ut suscitet te sibi in populum et ipse sit Deus tuus sicut locutus est tibi et sicut iuravit patribus tuis Abraham Isaac et Iacob
၁၃
14 nec vobis solis ego hoc foedus ferio et haec iuramenta confirmo
၁၄ထိုမှတပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက၊
15 sed cunctis praesentibus et absentibus
၁၅ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့်၎င်း ငါပြု၏။
16 vos enim nostis ut habitaverimus in terra Aegypti et quomodo transierimus per medium nationum quas transeuntes
၁၆သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဘော်သော သူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိကြ၏။
17 vidistis abominationes et sordes id est idola eorum lignum et lapidem argentum et aurum quae colebant
၁၇သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။
18 ne forte sit inter vos vir aut mulier familia aut tribus cuius cor aversum est hodie a Domino Deo vestro ut vadat et serviat diis illarum gentium et sit inter vos radix germinans fel et amaritudinem
၁၈ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19 cumque audierit verba iuramenti huius benedicat sibi in corde suo dicens pax erit mihi et ambulabo in pravitate cordis mei et adsumat ebria sitientem
၁၉ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20 et Dominus non ignoscat ei sed tunc quam maxime furor eius fumet et zelus contra hominem illum et sedeant super eo omnia maledicta quae scripta sunt in hoc volumine et deleat nomen eius sub caelo
၂၀ထိုသူကို ထာဝရဘုရားနှမြောတော်မမူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုး ထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရ ဘုရားသည် သူ၏အမည်ကို မိုဃ်းကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
21 et consumat eum in perditionem ex omnibus tribubus Israhel iuxta maledictiones quae in libro legis huius ac foederis continentur
၂၁ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။
22 dicetque sequens generatio et filii qui nascentur deinceps et peregrini qui de longe venerint videntes plagas terrae illius et infirmitates quibus eam adflixerit Dominus
၂၂သူ့နေရာအရပ်၌ ထာဝရဘုရားဒဏ်ခတ်တော် မူသော၊
23 sulphure et salis ardore conburens ita ut ultra non seratur nec virens quippiam germinet in exemplum subversionis Sodomae et Gomorrae Adamae et Seboim quas subvertit Dominus in ira et furore suo
၂၃အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊
24 et dicent omnes gentes quare sic fecit Dominus terrae huic quae est haec ira furoris eius inmensa
၂၄ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
25 et respondebunt quia dereliquerunt pactum Domini quod pepigit cum patribus eorum quando eduxit eos de terra Aegypti
၂၅သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊
26 et servierunt diis alienis et adoraverunt eos quos nesciebant et quibus non fuerant adtributi
၂၆အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့်၎င်း၊
27 idcirco iratus est furor Domini contra terram istam ut induceret super eam omnia maledicta quae in hoc volumine scripta sunt
၂၇ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
28 et eiecit eos de terra sua in ira et furore et indignatione maxima proiecitque in terram alienam sicut hodie conprobatur
၂၈ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29 abscondita Domino Deo nostro quae manifesta sunt nobis et filiis nostris usque in aeternum ut faciamus universa legis huius
၂၉မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။

< Deuteronomii 29 >