< Deuteronomii 22 >

1 non videbis bovem fratris tui aut ovem errantem et praeteribis sed reduces fratri tuo
``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​၏ နွား​သို့​မ​ဟုတ်​သိုး​တစ်​ကောင်​သည် မျက်​စိ လည်​လမ်း​မှား​နေ​သည်​ကို​တွေ့​ရ​လျှင် မ​မြင် ယောင်​ဆောင်​၍​မ​နေ​ဘဲ​ပိုင်​ရှင်​ထံ​သို့​ပြန် ပို့​ရ​မည်။-
2 etiam si non est propinquus tuus frater nec nosti eum duces in domum tuam et erunt apud te quamdiu quaerat ea frater tuus et recipiat
ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-
3 similiter facies de asino et de vestimento et de omni re fratris tui quae perierit si inveneris eam ne neglegas quasi alienam
ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း​ဖြစ် စေ၊ အ​ဝတ်​အ​ထည်​ဖြစ်​စေ၊ အ​ခြား​အ​ရာ တစ်​စုံ​တစ်​ခု​ဖြစ်​စေ​ပျောက်​ဆုံး​၍ သင်​တွေ့ လျှင်​ထို​နည်း​အ​တိုင်း​ဆောင်​ရွက်​ရ​မည်။''
4 si videris asinum fratris tui aut bovem cecidisse in via non despicies sed sublevabis cum eo
``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း သို့​မ​ဟုတ်​နွား​သည် လမ်း​ပေါ်​တွင်​လဲ​နေ လျှင်​သင်​သည်​မ​ကူ​ညီ​ဘဲ​မ​နေ​နှင့်။ ဝိုင်း ၍​ထူ​ပေး​လော့။''
5 non induetur mulier veste virili nec vir utetur veste feminea abominabilis enim apud Deum est qui facit haec
``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
6 si ambulans per viam in arbore vel in terra nidum avis inveneris et matrem pullis vel ovis desuper incubantem non tenebis eam cum filiis
``သင်​သည်​ငှက်​သိုက်​တစ်​ခု​ကို​သစ်​ပင်​ပေါ် ၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ တွေ့​၍ ငှက်​မ​သည်​ဥ​များ​သို့​မ​ဟုတ်​ငှက်​က​လေး များ​ပေါ်​တွင်​ဝပ်​နေ​လျှင် ငှက်​မ​ကို​မ​ဖမ်း ယူ​ရ။-
7 sed abire patieris captos tenens filios ut bene sit tibi et longo vivas tempore
ငှက်​က​လေး​များ​ကို​မူ​ဖမ်း​ယူ​နိုင်​သည်။ သို့ ရာ​တွင်​ငှက်​မ​ကို​လွှတ်​ရ​မည်။ ထို​သို့​ပြု​လျှင် သင်​သည်​အ​သက်​ရှည်​၍​ကြွယ်​ဝ​ချမ်း​သာ လိမ့်​မည်။
8 cum aedificaveris domum novam facies murum tecti per circuitum ne effundatur sanguis in domo tua et sis reus labente alio et in praeceps ruente
``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။
9 non seres vineam tuam altero semine ne et sementis quam sevisti et quae nascuntur ex vinea pariter sanctificentur
``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။
10 non arabis in bove simul et asino
၁၀``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။
11 non indueris vestimento quod ex lana linoque contextum est
၁၁``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။
12 funiculos in fimbriis facies per quattuor angulos pallii tui quo operieris
၁၂``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။
13 si duxerit vir uxorem et postea eam odio habuerit
၁၃``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် မိန်း​မ တစ်​ယောက်​နှင့်​လက်​ထပ်​ပေါင်း​သင်း​ပြီး​နောက် ထို​မိန်းမ​ကို​မ​နှစ်​သက်​သ​ဖြင့် သူ​သည်​အ​ပျို မ​ဟုတ်​ဟူ​၍​မ​တ​ရား​စွပ်​စွဲ​သော်၊-
14 quaesieritque occasiones quibus dimittat eam obiciens ei nomen pessimum et dixerit uxorem hanc accepi et ingressus ad eam non inveni virginem
၁၄
15 tollent eam pater et mater eius et ferent secum signa virginitatis eius ad seniores urbis qui in porta sunt
၁၅မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-
16 et dicet pater filiam meam dedi huic uxorem quam quia odit
၁၆ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-
17 inponet ei nomen pessimum ut dicat non inveni filiam tuam virginem et ecce haec sunt signa virginitatis filiae meae expandent vestimentum coram senibus civitatis
၁၇သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-
18 adprehendentque senes urbis illius virum et verberabunt illum
၁၈ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-
19 condemnantes insuper centum siclis argenti quos dabit patri puellae quoniam diffamavit nomen pessimum super virginem Israhel habebitque eam uxorem et non poterit dimittere omni tempore vitae suae
၁၉ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။
20 quod si verum est quod obicit et non est in puella inventa virginitas
၂၀``အ​ကယ်​၍​ထို​စွပ်​စွဲ​ချက်​သည်​မှန်​သ​ဖြင့် မိန်း​မ​သည်​အပျို​ဖြစ်​ကြောင်း​သက်​သေ အ​ထောက်​အ​ထား​မ​ပြ​နိုင်​လျှင်၊-
21 eicient eam extra fores domus patris sui et lapidibus obruent viri civitatis eius et morietur quoniam fecit nefas in Israhel ut fornicaretur in domo patris sui et auferes malum de medio tui
၂၁မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။
22 si dormierit vir cum uxore alterius uterque morientur id est adulter et adultera et auferes malum de Israhel
၂၂``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။
23 si puellam virginem desponderit vir et invenerit eam aliquis in civitate et concubuerit cum illa
၂၃``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့် မြို့​ထဲ​၌​ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ လျှင်၊-
24 educes utrumque ad portam civitatis illius et lapidibus obruentur puella quia non clamavit cum esset in civitate vir quia humiliavit uxorem proximi sui et auferes malum de medio tui
၂၄သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။
25 sin autem in agro reppererit vir puellam quae desponsata est et adprehendens concubuerit cum illa ipse morietur solus
၂၅``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
26 puella nihil patietur nec est rea mortis quoniam sicut latro consurgit contra fratrem suum et occidit animam eius ita et puella perpessa est
၂၆မိန်း​မ​သည်​သေ​ထိုက်​သော​အ​ပြစ်​မ​ကူး​လွန် သ​ဖြင့် သူ့​အား​ဒဏ်​မ​စီ​ရင်​စေ​ရ။ ဤ​အ​မှု သည်​ယောကျာ်း​တစ်​ဦး​က အ​ခြား​တစ်​ဦး​ကို ခိုက်​ရန်​ပြု​၍​သတ်​သော​အ​မှု​ကဲ့​သို့​ဖြစ် သည်။-
27 sola erat in agro clamavit et nullus adfuit qui liberaret eam
၂၇ထို​ယောကျာ်း​သည်​မိန်း​မ​အား​မြို့​ပြင်​၌ မု​ဒိမ်း​ကျင့်​သည်​ဖြစ်​ရာ မိန်း​မ​က​အော်​ဟစ် ၍​အ​ကူ​အ​ညီ​တောင်း​သော်​လည်း​သူ့​အား ကယ်​မည့်​သူ​မ​ရှိ​သ​ဖြင့်​သူ​၌​အ​ပြစ်​မ​ရှိ။
28 si invenerit vir puellam virginem quae non habet sponsum et adprehendens concubuerit cum ea et res ad iudicium venerit
၂၈``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား​သူ​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား ခြင်း​မ​ရှိ​သော​မိန်း​မ​အား​မု​ဒိမ်း​ကျင့် သည်​ကို​မိ​လျှင်၊-
29 dabit qui dormivit cum ea patri puellae quinquaginta siclos argenti et habebit eam uxorem quia humiliavit illam non poterit dimittere cunctis diebus vitae suae
၂၉သူ​သည်​ထို​မိန်း​မ​၏​ဖ​ခင်​အား မင်္ဂ​လာ​ကြေး ငွေ​သား​ငါး​ဆယ်​ပေး​လျော်​စေ​ရ​မည်။ ထို​သူ သည်​မိန်း​မ​နှင့်​အဋ္ဌမ္မ​ကာ​မ​စပ်​ယှက်​ခဲ့​သ​ဖြင့် မိ​မိ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်။ သူ အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​ထို မိန်း​မ​ကို​မ​ကွာ​ရှင်း​စေ​ရ။
30 non accipiet homo uxorem patris sui nec revelabit operimentum eius
၃၀``မည်​သူ​မျှ​မိ​မိ​ဖခင်​၏​မယား​တစ်​ဦး​ဦး နှင့်​ဖောက်​ပြန်​၍​ဖခင်​အား​အ​ရှက်​မ​ခွဲ စေ​ရ။

< Deuteronomii 22 >