< Deuteronomii 2 >

1 profectique inde venimus in solitudinem quae ducit ad mare Rubrum sicut mihi dixerat Dominus et circumivimus montem Seir longo tempore
ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-
2 dixitque Dominus ad me
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊
3 sufficit vobis circumire montem istum ite contra aquilonem
`သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-
4 et populo praecipe dicens transibitis per terminos fratrum vestrorum filiorum Esau qui habitant in Seir et timebunt vos
ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-
5 videte ergo diligenter ne moveamini contra eos neque enim dabo vobis de terra eorum quantum potest unius pedis calcare vestigium quia in possessionem Esau dedi montem Seir
သူ​တို့​ကို​မ​တိုက်​ခိုက်​နှင့်။ ငါ​သည်​ဧ​ဒုံ​ပြည် ကို​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​အား​အ​ပိုင် ပေး​ထား​ပြီ။-
6 cibos emetis ab eis pecunia et comedetis aquam emptam haurietis et bibetis
သူ​တို့​ထံ​မှ​အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး လော့' ဟု​ညွှန်​ကြား​တော်​မူ​သည်။''
7 Dominus Deus tuus benedixit tibi in omni opere manuum tuarum novit iter tuum quomodo transieris solitudinem hanc magnam per quadraginta annos habitans tecum Dominus Deus tuus et nihil tibi defuit
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​ခဲ့​လေ​သ​မျှ​ကို​အ​ဘယ်​သို့​ကောင်း ချီး​ပေး​တော်​မူ​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။ ဤ​ကျယ်​ပြန့်​သော​တော​ကန္တာ​ရ​ကို​လှည့်​လည်​ဖြတ် သန်း​ရာ​ခ​ရီး​၌ သင်​တို့​ကို​စောင့်​ရှောက်​တော်​မူ ခဲ့​ပြီ။ ကိုယ်​တော်​သည်​နှစ်​ပေါင်း​လေး​ဆယ်​ပတ် လုံး​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သင် တို့​လို​အပ်​သ​မျှ​ကို​ရ​ရှိ​ခဲ့​ကြ​ပြီ။''
8 cumque transissemus fratres nostros filios Esau qui habitabant in Seir per viam campestrem de Helath et de Asiongaber venimus ad iter quod ducit in desertum Moab
``သို့​ဖြစ်​၍​ငါ​တို့​သည်​ဧ​လပ်​မြို့​နှင့်​ဧ​ဇ ယုန်​ဂါ​ဗာ​မြို့​များ​မှ​ပင်​လယ်​သေ​သို့​သွား ရာ​လမ်း​မှ​ခွဲ​ထွက်​၍ အ​ရှေ့​မြောက်​ရှိ​မော​ဘ ပြည်​သို့​သွား​သော​တော​ကန္တာ​ရ​လမ်း​သို့​ခ​ရီး ဆက်​ကြ​သည်။-
9 dixitque Dominus ad me non pugnes contra Moabitas nec ineas adversum eos proelium non enim dabo tibi quicquam de terra eorum quia filiis Loth tradidi Ar in possessionem
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား`လော​တ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​ကြ​နှင့်။ စစ်​မ​တိုက်​နှင့်။ ငါ​သည် သူ​တို့​အား​အာ​ရ​မြို့​ကို​အ​ပိုင်​ပေး​ထား​ပြီ ဖြစ်​၍​သူ​တို့​၏​မြေ​ကို​သင်​တို့​အား​ငါ​မ​ပေး' ဟု​မိန့်​တော်​မူ​၏။''
10 Emim primi fuerunt habitatores eius populus magnus et validus et tam excelsus ut de Enacim stirpe
၁၀(အာ​ရ​မြို့​တွင်​ယ​ခင်​အ​ခါ​က အ​လွန်​ထွား ကြိုင်း​၍​ခွန်​အား​ကြီး​သော​ဧ​မိမ်​လူ​မျိုး​နေ ထိုင်​ခဲ့​ကြ​၏။-
11 quasi gigantes crederentur et essent similes filiorum Enacim denique Moabitae appellant eos Emim
၁၁သူ​တို့​သည်​ထွား​ကြိုင်း​သော​အာ​န​က​လူ​ကဲ့ သို့ အ​ရပ်​အ​မောင်း​မြင့်​မား​သည်။ အာ​န​က​လူ အ​မျိုး​ကဲ့​သို့​သူ​တို့​ကို ရီ​ဖိမ်​လူ​မျိုး​ဟူ​၍ လည်း​ခေါ်​တွင်​ကြ​သည်။ သို့​ရာ​တွင်​မော​ဘ အ​မျိုး​သား​တို့​က သူ​တို့​အား​ဧ​မိမ်​လူ မျိုး​ဟူ​၍​ခေါ်​ကြ​သည်။-
12 in Seir autem prius habitaverunt Horim quibus expulsis atque deletis habitaverunt filii Esau sicut fecit Israhel in terra possessionis suae quam dedit ei Dominus
၁၂ရှေး​အ​ခါ​က​ဧ​ဒုံ​ပြည်​တွင်​ဟော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ခဲ့​ကြ​သော်​လည်း နောင်​အ​ခါ ၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​ပြည်​မှ ရန်​သူ​များ ကို​မောင်း​ထုတ်​သ​ကဲ့​သို့ ဧ​သော​၏​အ​ဆက် အ​နွယ်​တို့​သည်​ထို​သူ​တို့​ကို​မောင်း​ထုတ် ပြီး​လျှင် ထို​အ​ရပ်​၌​အ​ခြေ​ချ​နေ​ထိုင် ကြ​သည်။)
13 surgentes ergo ut transiremus torrentem Zared venimus ad eum
၁၃``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ငါ​တို့​သည်​ဇေ​ရက်​မြစ် ကို​ဖြတ်​ကူး​ကြ​၏။-
14 tempus autem quo ambulavimus de Cadesbarne usque ad transitum torrentis Zared triginta octo annorum fuit donec consumeretur omnis generatio hominum bellatorum de castris sicut iuraverat Dominus
၁၄ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​ဇေ​ရက်​မြစ်​ကို​ကူး သည်​အ​ထိ နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ်​ကြာ​ခဲ့ သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထို​လူ​မျိုး​ဆက်​မှ​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​ကွယ်​လွန်​ကြ​လေ​ပြီ။-
15 cuius manus fuit adversum eos ut interirent de castrorum medio
၁၅သူ​တို့​အား​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက် စီး​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော် သည်​သူ​တို့​တစ်​ဘက်​၌​ရှိ​တော်​မူ​၏။''
16 postquam autem universi ceciderunt pugnatores
၁၆``စစ်​သူ​ရဲ​အ​ပေါင်း​တို့​သေ​ဆုံး​ကုန်​ပြီး​နောက်၊
17 locutus est Dominus ad me dicens
၁၇ထာ​ဝ​ရ​ဘု​ရား​က၊-
18 tu transibis hodie terminos Moab urbem nomine Ar
၁၈`ယ​နေ့​တွင်​သင်​တို့​သည် အာ​ရ​မြို့​သို့​သွား​ရာ လမ်း​ဖြင့် မော​ဘ​ပြည်​ကို​ဖြတ်​သွား​ရ​မည်။-
19 et accedens in vicina filiorum Ammon cave ne pugnes contra eos nec movearis ad proelium non enim dabo tibi de terra filiorum Ammon quia filiis Loth dedi eam in possessionem
၁၉သင်​တို့​သည်​လောတ​၏​အ​ဆက်​အ​နွယ်​များ ဖြစ်​သော အမ္မုန်​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ပြည် အ​နီး​သို့​ရောက်​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ပေး​ထား​တော်​မူ​သော​ပြည်​ကို သင် တို့​ကို​ပေး​မည်​မ​ဟုတ်​သော​ကြောင့်​သူ​တို့​ကို မ​နှောင့်​ယှက်​နှင့်၊ စစ်​မ​တိုက်​နှင့်' ဟု​မိန့်​တော် မူ​၏။''
20 terra gigantum reputata est et in ipsa olim habitaverunt gigantes quos Ammanitae vocant Zomzommim
၂၀(ယ​ခင်​အ​ခါ​က​ရီ​ဖိမ်​လူ​မျိုး​နေ​ထိုင်​ခဲ့​သ​ဖြင့် ထို​ပြည်​ကို​ရီ​ဖိမ်​ပြည်​ဟူ​၍​ခေါ်​တွင်​သည်။ အမ္မုန် အ​မျိုး​သား​တို့​က​သူ​တို့​ကို​ဇံ​ဇုမ္မိမ်​ဟူ​၍​ခေါ် ကြ​သည်။-
21 populus magnus et multus et procerae longitudinis sicut Enacim quos delevit Dominus a facie eorum et fecit illos habitare pro eis
၂၁သူ​တို့​သည်​အာ​န​က​လူ​မျိုး​ကဲ့​သို့​အ​ရပ် အ​မောင်း​မြင့်​မား​သည်။ သူ​တို့​သည်​လူ​ဦး​ရေ များ​ပြား​၍ အင်​အား​ကြီး​မား​သော​လူ​မျိုး ဖြစ်​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ဖယ်​ရှား​လိုက်​သ​ဖြင့် အမ္မုန်​အ​မျိုး သား​တို့​က​သူ​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ အ​ခြေ​ချ​နေ​ထိုင်​ကြ​သည်။-
22 sicut fecerat filiis Esau qui habitant in Seir delens Horreos et terram eorum illis tradens quam possident usque in praesens
၂၂ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-
23 Eveos quoque qui habitabant in Aserim usque Gazam Cappadoces expulerunt qui egressi de Cappadocia deleverunt eos et habitaverunt pro illis
၂၃က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)
24 surgite et transite torrentem Arnon ecce tradidi in manu tua Seon regem Esebon Amorreum et terram eius incipe possidere et committe adversum eum proelium
၂၄``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-
25 hodie incipiam mittere terrorem atque formidinem tuam in populos qui habitant sub omni caelo ut audito nomine tuo paveant et in morem parturientium contremescant et dolore teneantur
၂၅ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''
26 misi ergo nuntios de solitudine Cademoth ad Seon regem Esebon verbis pacificis dicens
၂၆``ထို့​နောက်​ငါ​သည်​ကေ​ဒ​မုတ်​တော​ကန္တာရ​မှ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​တို့ ကို​စေ​လွှတ်​လျက်၊-
27 transibimus per terram tuam publica gradiemur via non declinabimus neque ad dextram neque ad sinistram
၂၇`ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-
28 alimenta pretio vende nobis ut vescamur aquam pecunia tribue et sic bibemus tantum est ut nobis concedas transitum
၂၈ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''
29 sicut fecerunt filii Esau qui habitant in Seir et Moabitae qui morantur in Ar donec veniamus ad Iordanem et transeamus in terram quam Dominus Deus noster daturus est nobis
၂၉
30 noluitque Seon rex Esebon dare nobis transitum quia induraverat Dominus Deus tuus spiritum eius et obfirmaverat cor illius ut traderetur in manus tuas sicut nunc vides
၃၀``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''
31 dixitque Dominus ad me ecce coepi tradere tibi Seon et terram eius incipe possidere eam
၃၁``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် ရှိ​ဟုန်​ဘု​ရင်​နှင့်​သူ​၏​ပြည်​ကို​သင်​၏​လက်​သို့ အပ်​တော်​မူ​မည်။ သူ​၏​ပြည်​ကို​သိမ်း​ယူ​လော့' ဟု​မိန့်​တော်​မူ​၏။-
32 egressusque est Seon obviam nobis cum omni populo suo ad proelium in Iesa
၃၂ရှိ​ဟုန်​ဘု​ရင်​သည်​ငါ​တို့​ကို​တိုက်​ခိုက်​ရန် သူ ၏​စစ်​သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​နှင့်​ယာ​ဟတ် မြို့​အ​နီး​သို့​ချီ​တက်​လာ​ကြ​သည်။-
33 et tradidit eum Dominus Deus noster nobis percussimusque eum cum filiis et omni populo suo
၃၃သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-
34 cunctasque urbes in tempore illo cepimus interfectis habitatoribus earum viris ac mulieribus et parvulis non reliquimus in eis quicquam
၃၄ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-
35 absque iumentis quae in partem venere praedantium et spoliis urbium quas cepimus
၃၅တိ​ရစ္ဆာန်​များ​နှင့်​မြို့​များ​ရှိ​ပစ္စည်း​များ​ကို​ကား သိမ်း​ယူ​ကြ​၏။-
36 ab Aroer quae est super ripam torrentis Arnon oppido quod in valle situm est usque Galaad non fuit vicus et civitas quae nostras effugeret manus omnes tradidit Dominus Deus noster nobis
၃၆ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-
37 absque terra filiorum Ammon ad quam non accessimus et cunctis quae adiacent torrenti Ieboc et urbibus montanis universisque locis a quibus nos prohibuit Dominus Deus noster
၃၇သို့​ရာ​တွင်​အမ္မုန်​အ​မျိုး​သား​တို့​ပြည်၊ ယဗ္ဗုတ် မြစ်​ကမ်း၊ တောင်​ကုန်း​ဒေ​သ​ရှိ​မြို့​များ​နှင့် ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​မ​သွား ရန်​တား​မြစ်​သော​အ​ရပ်​များ​သို့​ငါ​တို့​မ​ချဉ်း ကပ်​ကြ။''

< Deuteronomii 2 >