< Ii Samuelis 5 >
1 et venerunt universae tribus Israhel ad David in Hebron dicentes ecce nos os tuum et caro tua sumus
၁ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
2 sed et heri et nudius tertius cum esset Saul rex super nos tu eras educens et reducens Israhel dixit autem Dominus ad te tu pasces populum meum Israhel et tu eris dux super Israhel
၂အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ၏။
3 venerunt quoque et senes de Israhel ad regem in Hebron et percussit cum eis rex David foedus in Hebron coram Domino unxeruntque David in regem super Israhel
၃ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
4 filius triginta annorum erat David cum regnare coepisset et quadraginta annis regnavit
၄ဒါဝိဒ်သည် နန်းထိုင်သည့်အခါ အသက်သုံးဆယ်ရှိ၏။ အနှစ်လေးဆယ်စိုးစံလေ၏။
5 in Hebron regnavit super Iudam septem annis et sex mensibus in Hierusalem autem regnavit triginta tribus annis super omnem Israhel et Iudam
၅ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။
6 et abiit rex et omnes viri qui erant cum eo in Hierusalem ad Iebuseum habitatorem terrae dictumque est ad David ab eis non ingredieris huc nisi abstuleris caecos et claudos dicentes non ingredietur David huc
၆တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင်၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ၏။
7 cepit autem David arcem Sion haec est civitas David
၇သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
8 proposuerat enim in die illa praemium qui percussisset Iebuseum et tetigisset domatum fistulas et claudos et caecos odientes animam David idcirco dicitur in proverbio caecus et claudus non intrabunt templum
၈ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကို မုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
9 habitavit autem David in arce et vocavit eam civitatem David et aedificavit per gyrum a Mello et intrinsecus
၉ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌၎င်း၊ အတွင်းဘက်၌၎င်း တည်ဆောက်လေ၏။
10 et ingrediebatur proficiens atque succrescens et Dominus Deus exercituum erat cum eo
၁၀ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ၏။
11 misit quoque Hiram rex Tyri nuntios ad David et ligna cedrina et artifices lignorum artificesque lapidum ad parietes et aedificaverunt domum David
၁၁တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။
12 et cognovit David quoniam confirmasset eum Dominus regem super Israhel et quoniam exaltasset regnum eius super populum suum Israhel
၁၂ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။
13 accepit ergo adhuc concubinas et uxores de Hierusalem postquam venerat de Hebron natique sunt David et alii filii et filiae
၁၃ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
14 et haec nomina eorum qui nati sunt ei in Hierusalem Samua et Sobab et Nathan et Salomon
၁၄ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
15 et Ibaar et Helisua et Nepheg
၁၅ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16 et Iafia et Helisama et Helida et Helifeleth
၁၆ဧလျာဒ၊ ဧလိဖလက်တည်း။
17 audierunt vero Philisthim quod unxissent David regem super Israhel et ascenderunt universi ut quaererent David quod cum audisset David descendit in praesidium
၁၇ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။
18 Philisthim autem venientes diffusi sunt in valle Raphaim
၁၈ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
19 et consuluit David Dominum dicens si ascendam ad Philisthim et si dabis eos in manu mea et dixit Dominus ad David ascende quia tradens dabo Philisthim in manu tua
၁၉ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
20 venit ergo David in Baalpharasim et percussit eos ibi et dixit divisit Dominus inimicos meos coram me sicut dividuntur aquae propterea vocatum est nomen loci illius Baalpharasim
၂၀ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
21 et reliquerunt ibi sculptilia sua quae tulit David et viri eius
၂၁ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။
22 et addiderunt adhuc Philisthim ut ascenderent et diffusi sunt in valle Raphaim
၂၂တဖန်ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
23 consuluit autem David Dominum qui respondit non ascendas sed gyra post tergum eorum et venies ad eos ex adverso pirorum
၂၃ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။
24 et cum audieris sonitum gradientis in cacumine pirorum tunc inibis proelium quia tunc egredietur Dominus ante faciem tuam ut percutiat castra Philisthim
၂၄ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊
25 fecit itaque David sicut ei praeceperat Dominus et percussit Philisthim de Gabee usque dum venias Gezer
၂၅ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။