< Ii Regum 24 >

1 in diebus eius ascendit Nabuchodonosor rex Babylonis et factus est ei Ioiachim servus tribus annis et rursum rebellavit contra eum
ယော​ယ​ကိမ်​နန်း​စံ​ချိန်​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း ဝင်​ရောက်​လာ​၏။ ယော​ယ​ကိမ်​သည်​လည်း​သုံး နှစ်​တိုင်​တိုင် သူ​၏​ထံ​တွင်​အ​ညံ့​ခံ​လျက်​နေ ပြီး​မှ​ပုန်​ကန်​လေ​၏။-
2 inmisitque ei Dominus latrunculos Chaldeorum et latrunculos Syriae latrunculos Moab et latrunculos filiorum Ammon et inmisit eos in Iudam ut disperderent eum iuxta verbum Domini quod locutus erat per servos suos prophetas
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-
3 factum est autem hoc per verbum Domini contra Iudam ut auferret eum coram se propter peccata Manasse universa quae fecit
ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​ပြု​ခဲ့​သည့် ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့် အ​ထူး​သ​ဖြင့် အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ် ကြောင့် ယု​ဒ​ပြည်​သူ​တို့​အား​မျက်​မှောက်​တော် မှ​နှင်​ထုတ်​တော်​မူ​လို​သ​ဖြင့် ဤ​သို့​စီ​ရင် တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ ထို​ပြစ်​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မ​မူ​နိုင်။
4 et propter sanguinem innoxium quem effudit et implevit Hierusalem cruore innocentium et ob hanc rem noluit Dominus propitiari
5 reliqua autem sermonum Ioiachim et universa quae fecit nonne haec scripta sunt in libro sermonum dierum regum Iuda et dormivit Ioiachim cum patribus suis
ယော​ယ​ကိမ်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။-
6 regnavitque Ioiachin filius eius pro eo
ယော​ယ​ကိမ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
7 et ultra non addidit rex Aegypti ut egrederetur de terra sua tulerat enim rex Babylonis a rivo Aegypti usque ad fluvium Eufraten omnia quae fuerant regis Aegypti
အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။
8 decem et octo annorum erat Ioiachin cum regnare coepisset et tribus mensibus regnavit in Hierusalem nomen matris eius Naestha filia Helnathan de Hierusalem
ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-
9 et fecit malum coram Domino iuxta omnia quae fecerat pater eius
ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-
10 in tempore illo ascenderunt servi Nabuchodonosor regis Babylonis in Hierusalem et circumdata est urbs munitionibus
၁၀နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-
11 venitque Nabuchodonosor rex Babylonis ad civitatem cum servi eius obpugnarent eam
၁၁ယင်း​သို့​ဝိုင်း​ရံ​ထား​ချိန်​၌​နေ​ဗု​ခဒ်​နေ​ဇာ​ကိုယ် တိုင်​ပင် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​လေ​သည်။-
12 egressusque est Ioiachin rex Iuda ad regem Babylonis ipse et mater eius et servi eius et principes eius et eunuchi eius et suscepit eum rex Babylonis anno octavo regni sui
၁၂ယေ​ခေါ​နိ​မင်း​သည်​မိ​မိ​၏​မယ်​တော်၊ သား​တော် များ၊ တပ်​မှူး​များ၊ နန်း​တော်​အ​ရာ​ရှိ​များ​နှင့်​တ​ကွ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​တွင်​အ​ညံ့​ခံ​တော် မူ​ရ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​နန်း​စံ​ရှစ်​နှစ် မြောက်​၌​ယေ​ခေါ​နိ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ၍၊-
13 et protulit inde omnes thesauros domus Domini et thesauros domus regiae et concidit universa vasa aurea quae fecerat Salomon rex Israhel in templo Domini iuxta verbum Domini
၁၃ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-
14 et transtulit omnem Hierusalem et universos principes et omnes fortes exercitus decem milia in captivitatem et omnem artificem et clusorem nihilque relictum est exceptis pauperibus populi terrae
၁၄နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။
15 transtulit quoque Ioiachin in Babylonem et matrem regis et uxores regis et eunuchos eius et iudices terrae duxit in captivitatem de Hierusalem in Babylonem
၁၅နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-
16 et omnes viros robustos septem milia et artifices et clusores mille omnes viros fortes et bellatores duxitque eos rex Babylonis captivos in Babylonem
၁၆သူ​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​စု​စု​ပေါင်း လူ​ခု​နစ်​ထောင်​ကို ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​၏။ ထို့​ပြင်​ပန်း​ပဲ​ဆ​ရာ​များ အ​ပါ​အ​ဝင်​အ​တတ်​ပ​ညာ​သည်​တစ်​ထောင် ကို​လည်း​ခေါ်​ဆောင်​သွား​၏။ ထို​သူ​အား​လုံး​ပင် ကိုယ်​လက်​သန်​စွမ်း​၍​စစ်​မှု​ထမ်း​နိုင်​သူ​များ ဖြစ်​ကြ​သ​တည်း။
17 et constituit Matthaniam patruum eius pro eo inposuitque nomen ei Sedeciam
၁၇နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။
18 vicesimum et primum annum aetatis habebat Sedecias cum regnare coepisset et undecim annis regnavit in Hierusalem nomen matris eius erat Amithal filia Hieremiae de Lobna
၁၈ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-
19 et fecit malum coram Domino iuxta omnia quae fecerat Ioiachim
၁၉ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​နည်း​တူ​ပင် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​လေ​သည်။-
20 irascebatur enim Dominus contra Hierusalem et contra Iudam donec proiceret eos a facie sua recessitque Sedecias a rege Babylonis
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။

< Ii Regum 24 >