< Ii Regum 10 >

1 erant autem Ahab septuaginta filii in Samaria scripsit ergo Hieu litteras et misit in Samariam ad optimates civitatis et ad maiores natu et ad nutricios Ahab dicens
အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။
2 statim ut acceperitis litteras has qui habetis filios domini vestri et currus et equos et civitates firmas et arma
မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
3 eligite meliorem et eum qui vobis placuerit de filiis domini vestri et ponite eum super solium patris sui et pugnate pro domo domini vestri
သင်တို့သခင်၏သားတို့တွင်သာ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင်၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း။
4 timuerunt illi vehementer et dixerunt ecce duo reges non potuerunt stare coram eo et quomodo nos valebimus resistere
ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
5 miserunt ergo praepositus domus et praefectus civitatis et maiores natu et nutricii ad Hieu dicentes servi tui sumus quaecumque iusseris faciemus nec constituemus regem quodcumque tibi placet fac
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
6 rescripsit autem eis litteras secundo dicens si mei estis et oboeditis mihi tollite capita filiorum domini vestri et venite ad me hac eadem hora cras in Hiezrahel porro filii regis septuaginta viri apud optimates civitatis nutriebantur
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရလေမြို့၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန်၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7 cumque venissent litterae ad eos tulerunt filios regis et occiderunt septuaginta viros et posuerunt capita eorum in cofinis et miserunt ad eum in Hiezrahel
ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။
8 venit autem nuntius et indicavit ei dicens adtulerunt capita filiorum regis qui respondit ponite ea duos acervos iuxta introitum portae usque mane
လုလင်တယောက်သည် လာ၍ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟု က၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
9 cumque diluxisset egressus est et stans dixit ad omnem populum iusti estis si ego coniuravi contra dominum meum et interfeci eum quis percussit omnes hos
နံနက်ရောက်မှယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင် တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း။
10 videte ergo nunc quoniam non cecidit de sermonibus Domini in terram quos locutus est Dominus super domum Ahab et Dominus fecit quod locutus est in manu servi sui Heliae
၁၀ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
11 percussit igitur Hieu omnes qui reliqui erant de domo Ahab in Hiezrahel et universos optimates eius et notos et sacerdotes donec non remanerent ex eo reliquiae
၁၁ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။
12 et surrexit et venit in Samariam cumque venisset ad Camaram pastorum in via
၁၂နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ၊
13 invenit fratres Ahaziae regis Iuda dixitque ad eos quinam estis vos at illi responderunt fratres Ahaziae sumus et descendimus ad salutandos filios regis et filios reginae
၁၃ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်တို့နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။
14 qui ait conprehendite eos vivos quos cum conprehendissent vivos iugulaverunt eos in cisterna iuxta Camaram quadraginta duos viros et non reliquit ex eis quemquam
၁၄ယေဟုကလည်း၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း၊ အရှင်ဘမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ၏။
15 cumque abisset inde invenit Ionadab filium Rechab in occursum sibi et benedixit ei et ait ad eum numquid est cor tuum rectum sicut cor meum cum corde tuo et ait Ionadab est si est inquit da manum tuam qui dedit manum suam at ille levavit eum ad se in curru
၁၅ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
16 dixitque ad eum veni mecum et vide zelum meum pro Domino et inpositum currui suo
၁၆ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
17 duxit in Samariam et percussit omnes qui reliqui fuerant de Ahab in Samaria usque ad unum iuxta verbum Domini quod locutus est per Heliam
၁၇ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
18 congregavit ergo Hieu omnem populum et dixit ad eos Ahab coluit Baal parum ego autem colam eum amplius
၁၈တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
19 nunc igitur omnes prophetas Baal et universos servos eius et cunctos sacerdotes ipsius vocate ad me nullus sit qui non veniat sacrificium enim grande est mihi Baal quicumque defuerit non vivet porro Hieu faciebat hoc insidiose ut disperderet cultores Baal
၁၉သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။
20 dixit sanctificate diem sollemnem Baal vocavitque
၂၀ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။
21 et misit in universos terminos Israhel et venerunt cuncti servi Baal non fuit residuus ne unus quidem qui non veniret et ingressi sunt templum Baal et repleta est domus Baal a summo usque ad summum
၂၁ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။
22 dixitque his qui erant super vestes proferte vestimenta universis servis Baal et protulerunt eis vestes
၂၂ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။
23 ingressusque Hieu et Ionadab filius Rechab templum Baal et ait cultoribus Baal perquirite et videte ne quis forte vobiscum sit de servis Domini sed ut sint soli servi Baal
၂၃တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။
24 ingressi sunt igitur ut facerent victimas et holocausta Hieu autem praeparaverat sibi foris octoginta viros et dixerat eis quicumque fugerit de hominibus his quos ego adduxero in manus vestras anima eius erit pro anima illius
၂၄မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊
25 factum est ergo cum conpletum esset holocaustum praecepit Hieu militibus et ducibus suis ingredimini et percutite eos nullus evadat percusseruntque eos ore gladii et proiecerunt milites et duces et ierunt in civitatem templi Baal
၂၅မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
26 et protulerunt statuam de fano Baal et conbuserunt
၂၆ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
27 et comminuerunt eam destruxerunt quoque aedem Baal et fecerunt pro ea latrinas usque ad diem hanc
၂၇ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။
28 delevit itaque Hieu Baal de Israhel
၂၈ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
29 verumtamen a peccatis Hieroboam filii Nabath qui peccare fecerat Israhel non recessit nec dereliquit vitulos aureos qui erant in Bethel et in Dan
၂၉သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
30 dixit autem Dominus ad Hieu quia studiose fecisti quod rectum erat et placebat in oculis meis et omnia quae erant in corde meo fecisti contra domum Ahab filii tui usque ad quartam generationem sedebunt super thronum Israhel
၃၀ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
31 porro Hieu non custodivit ut ambularet in lege Domini Dei Israhel in toto corde suo non enim recessit a peccatis Hieroboam qui peccare fecerat Israhel
၃၁ယေဟုသည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
32 in diebus illis coepit Dominus taedere super Israhel percussitque eos Azahel in universis finibus Israhel
၃၂ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။
33 a Iordane contra orientalem plagam omnem terram Galaad et Gad et Ruben et Manasse ab Aroer quae est super torrentem Arnon et Galaad et Basan
၃၃ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ် နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
34 reliqua autem verborum Hieu et universa quae fecit et fortitudo eius nonne haec scripta sunt in libro verborum dierum regum Israhel
၃၄ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
35 et dormivit Hieu cum patribus suis sepelieruntque eum in Samaria et regnavit Ioachaz filius eius pro eo
၃၅ယေဟုသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
36 dies autem quos regnavit Hieu super Israhel viginti et octo anni sunt in Samaria
၃၆

< Ii Regum 10 >